BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နောက်ပြောင်လှည့်ဖျားထားတဲ့...
သတင်းအတု

နောက်ပြောင်လှည့်ဖျားထားတဲ့ ဘာသာရေးကိစ္စသတင်းအမှား

လူမှူကွန်ရက်ပေါ်မှာ ထိလွယ်ရှလွယ်ကိစ္စတွေကို အသုံးချပြီး နောက်ပြောင်ဖန်တီးလေ့ရှိတဲ့ သတင်းအမှားဖန်တီးဖြန့်ဝေမှုတွေထွက်ပေါ်လေ့ရှိပါတယ်။

By - Boom Live Myanmar |
Published -  28 Nov 2020 1:41 PM IST
  • နောက်ပြောင်လှည့်ဖျားထားတဲ့ ဘာသာရေးကိစ္စသတင်းအမှား

    လူမှူကွန်ရက်ပေါ်မှာ ထိလွယ်ရှလွယ်ကိစ္စတွေကို အသုံးချပြီး နောက်ပြောင်ဖန်တီးလေ့ရှိတဲ့ သတင်းအမှားဖန်တီးဖြန့်ဝေမှုတွေထွက်ပေါ်လေ့ရှိပါတယ်။

    ပြည်တွင်းမှာဘာသာရေးနဲ့ပတ်သက်လို့နောက်ပြောင်တဲ့ပို့စ်တွေဖန်တီးဝေမျှကြရမှာ ဘာသာတစ်စုဖြစ်စေ၊ ဆန့်ကျင်ဖက်ဘာသာတွေကိုဖြစ်စေလှုပ်ခတ်နိုင်မယ့်အကြောင်းအရာတွေကိုဖန်တီးနေကြတာတွေလည်းရှိပါတယ်။

    ဒီလိုအကြောင်းအရာတွေဟာ မူရင်းဖန်တီးသူတွေကနေတဆင့် ဆင့်ပွားကူးယူပြီးပျံ့နှံ့တာတွေလည်းရှိပါတယ်။ဒီရက်ပိုင်းမှာပဲ ဒီလိုနောက်ပြောင်ဖန်တီးထားတဲ့ပို့စ်တစ်ခုကို အမှန်တကယ်ယုံမှတ်ပြီး ဖြန့်ဝေမှုတွေနဲ့ အငြင်းပွားမှုတွေရှိနေတာကြောင့် Boom ကဒီအကြောင်းအရာကို ဖေါ်ပြပေးလိုက်ပါတယ်။

    အထက်ပါပုံနဲ့အတူ ရေးသားဖြန့်ဝေထားတဲ့ဖေ့စ်ဘွတ်ပို့စ်ကို ကို Chan Nyein Moe ဆိုတဲ့ အကောင့်ကနေ နိုဝင်ဘာလ ၂၇ ရက် ညနေ ၃ နာရီခွဲ နီးပါးခန့်မှာ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူတွေနဲ့ ကူးယူဖြန့်ဝေသူတွေလည်း ရှိနေပါတယ်။

    ရေးသားဖြန့်ဝေရာမှာ "Nld အစိုးရ လက်ထက်တွင် ရန်ကုန်၌ သင်္ဘောပေါ် ဗလီများ ဆောက်လုပ်ထားသည်ကို တွေ့ရ" ဆိုပြီး ရေးသား ဖြန့်ဝေခဲ့တာပါ။

    မူရင်းပိုစ့်နဲ့ထပ်ဆင့်ကူးယူပြီး ရေးသားဖြန့်ဝေနေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Chan Nyein Moe ဖေစ့်ဘွတ်အကောင့်က ပိုစ့်တင်ပြီး ၆ နာရီ အကြာမှာ သူတင်ခဲ့တဲ့ ပိုစ့်အောက်မှာ ဝင်ရောက် မှတ်ချက်ပေးသူတွေနဲ့ ပါတ်သတ်ပြီး နောက်ထပ်ပိုစ့်တစ်ခု တင်ခဲ့ပါတယ်။


    အထက်ပါပုံမှာ မြင်ရတဲ့အတိုင်း ထပ်တင်တဲ့ ပိုစ့်မှာတော့ သူရေးသားထားပို့စ်နဲ့ပတ်သက်လို့ အမှန်တကယ်ထင်မှတ်သူတွေကို တုံ့ပြန်ရေးသားထားတာဖြစ်ပါတယ်။

    မူရင်းရေးသားထားတဲ့ သင်္ဘောပေါ်မှာ ဗလီတွေဆောက်တယ်ဆိုတဲ့အကြောင်းအရာဟာ သတင်းတွေနဲ့နီးစပ်သူတွေ၊ ယုတ္တိကျကျစဉ်းစားနိုင်သူတွေအတွက် သတင်းအစစ်မဟုတ်ကြောင်းချက်ချင်းသိနိုင်ပေမယ့် သတင်းအမှားတွေကို ခွဲခြားလေ့လာလေ့မရှိတဲ့သူတွေကြားထဲမှာတော့ တကယ့်သတင်းအဖြစ်နဲ့ယုံမှားကြတာရှိပါတယ်။

    ပို့စ်ဖန်တီးသူဟာ ဒီအခြေအနေကိုအသုံးချပြီးဖန်တီးထားခြင်းဖြစ်ပါတယ်။ သို့ပေမယ့် မူရင်းအရေးအသားမှာပါတဲ့ ဗလီဆောက်တယ်ဆိုတဲ့ အသုံးအနှုန်းဟာ ယခင်အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေရေးသားဖြန့်ဝေလေ့ရှိတဲ့အသုံးအနှုန်းတွေကို အသုံးချထည့်သွင်းရေးသားထားတာကြောင့် ဒီပို့စ်နဲ့ပတ်သက်ပြီး ယခင်သတင်းအမှားတွေလို ယုံမှားသံသယ အမြင်တွေနဲ့တုံ့ပြန်ကြတာတွေ့ရပါတယ်။

    ဖြန့်ဝေမှုထဲမှာပါတဲ့ ပုံဟာ ရန်ကုန်ဆိပ်ကမ်းမှာ ငါးနှစ်တာ ဆိုက်ကပ်ပြီး သီလဝါနဲ့ သာကေတကို တစ်နှစ်ကို မဂ္ဂါဝပ် ၇၅၀ ထုတ်လုပ်ပေးမယ့် တန်ချိန်တစ်သိန်းကျော်ရှိတဲ့ သဘာဝဓာတ်ငွေ့ရည်တင်သင်္ဘောကြီး သီလဝါဆိပ်ကမ်းကို ရောက်ရှိလာတဲ့ ပုံဖြစ်ပါတယ်။

    ဒီသင်္ဘောကြီး ဆိုက်ကပ်တယ်ဆိုတဲ့ သတင်းတွေကို မီဒီယာအများအပြားမှာ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဖော်ပြခဲ့ကြပါတယ်။


    အထက်ပါပုံကတော့ Eleven သတင်းဌာနမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းဖြစ်ပါတယ်။ သက်တမ်းတစ်လျှောက် ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တဲ့ သင်္ဘောကြီးတွေထဲမှာ တန်ချိန် တစ်သန်းကျော်ရှိတဲ့ ပထမဆုံးသင်္ဘောကြီးဖြစ်ပြီး CNTIC V-POWER ENERGY (MOTHER VESSEL) အမည်ရှိ ဒီသင်္ဘောကြီးဟာ နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန် သီလဝါဆိပ်ကမ်း Dolphin ဆိပ်ကို ဆိုက်ကပ်ခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ရေးထားပါသေးတယ်။

    သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    Tags

    Mosques built on a shipNLD PartyNLD Governmentတန်ချိန် တစ်သန်းကျော်သင်္ဘောFakenews
    Read Full Article
    Claim :   ပင်လယ်ကူးသင်္ဘောပုံတစ်ပုံကို အသုံးပြုကာ သဘောၤပေါ် ဗလီဆောက်လုပ်ထားတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် နောက်ပြောင်ရေးသားဖြန့်ဝေတဲ့ ပိုစ့်တွေကို BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!