BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဆယ်တန်းတွေကို အကုန်အောင်ပေးတော့မယ်...
သတင်းအတု

ဆယ်တန်းတွေကို အကုန်အောင်ပေးတော့မယ် ဆိုတဲ့ သတင်းအတု

ကိုရိုနာကပ်ဘေးကာလမှာ စာသင်ကျောင်းတွေ ပြန်ဖွင့်မယ့် ကိစ္စနဲ့ ပက်သက်တဲ့သတင်းအမှားတွေ၊ အောင်စာရင်းနဲ့ ပက်သက်တဲ့သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  31 May 2020 10:41 AM IST
  • ဆယ်တန်းတွေကို  အကုန်အောင်ပေးတော့မယ် ဆိုတဲ့ သတင်းအတု

    သတင်းအမှားတွေဖန်တီးပြီး ဖြန့်ဝေလေ့ရှိတဲ့ Myanmar Ghost Audio Book ဆိုတဲ့ YouTube အကောင့်ဟာ မေလ ၁၃ ရက်နေ့မှာ တက္ကသိုလ်ဝင်တန်းနဲ့ပတ်သက်တဲ့သတင်းအမှားတစ်ပုဒ်ဖြန့်ခဲ့ပါတယ်။ ဒီ Video ထဲမှာ"ဆယ်တန်းတွေ အမှတ်မစစ်ပဲ အကုန်ပေးအောင်တော့မည်" (စာလုံးပေါင်း သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားတဲ့ Video တစ်ပုဒ်ကို ၎င်းရဲ့ YouTube အကောင့်မှာ တင်ထားပါတယ်။ ဒီ Video ရဲ့ အတွင်းပိုင်းမှာတော့ ကျောင်းသား၊ ကျောင်းသူတွေပါဝင်တဲ့ ဓါတ်ပုံတစ်ပုံအပေါ်မှာ Photoshop နဲ့ "ဆယ်တန်းဖြေဆိုသူ အားလုံးကို အမှတ်မစစ်တော့ပဲ အကုန်ပေးအောင်တော့မည်" ဆိုတဲ့ စာကို ရေးသားထားပြီး မြန်မာနိုင်ငံ ပညာရေးသုတေသီ တစ်ဦးဖြစ်တဲ့ Thinking Classroom Foundation ရဲ့ ဥက္ကဌ ဒေါက်တာသိန်းလွင် ရဲ့ အသံကို ပေါင်းတည်းထားပြီး Video တစ်ပုဒ် ပြုလုပ်ထားပါတယ်။

    ဒီ Video ကို YouTube မှာဝင်ရောက်ကြည့်ရှု့သူ ၁၈၀၀ လောက်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    Myanmar Ghost Audio Book ဆိုတဲ့ YouTube အကောင့်မှာတင်ထားတဲ့ ဆယ်တန်းတွေ အမှတ်မစစ်ဘဲ အကုန်ပေးအောင်တော့မယ် ဆိုတဲ့သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ မေလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ DVB Debate မှာ ဒေါက်တာသိန်းလွင် ပြောကြားခဲ့တဲ့စကားကို အခြေခံပြီး သတင်းအမှား ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

    အဆိုပါ DVB Debate မှာ ဒေါက်တာသိန်းလွင် က ကိုရိုနာကာလမှာ တက္ကသိုလ်ကျောင်းတွေနဲ့ ပက်သက်ပြီး အီတလီ နိုင်ငံ က ဆောင်ရွက်ပုံကို နမူနာထားကာ "ကျွန်တော်ဒီနေရာမှာ အကြံပေးချင်တာကတော့ ဒီ တက္ကသိုလ်တွေက ၁ နှစ် လုံး စာသင်ပြီးသွားပြီ။ တစ်ဘာသာ ၊ နှစ်ဘာသာလည်း ဖြေပြီးလို့ ကျောင်းပိတ်လိုက်တော့ ကျတော်က စာမေးပွဲ မစစ်စေချင်တော့ဘူး။ စာမေးပွဲ မစစ်ဘဲနဲ့ ကျောင်းသားအားလုံးကို အောင်ပေးလိုက်စေချင်တယ်။ အလားတူ ဥပမာရှိတယ်။ အီတလီမှာ အခု ကျောင်းသားအားလုံးကို စာမေးပွဲ ဖြေစရာ မလိုဘဲနဲ့ အောင်ပေးလိုက်တယ်။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားတွေလည်း အလားတူပဲ စာမေးပွဲ ထပ်စစ်မနေတော့ဘဲနဲ့ အောင်ပေးလိုက်စေချင်တယ်" လို့ ပြောကြားခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒါဟာအခု သတင်းမှာဖြန့်ဝေထားသလို လုံးဝအအောင်ပေးမယ်ဆိုပြီးပြောဆိုထားတာမဟုတ်ပါဘူး။ ဒီအချက်ကို အခြေခံပြီး ဆယ်တန်းတွေကို အမှတ် မစစ်ဘဲ အကုန်အောင်ပေးတော့မယ်လို့ သတင်းအမှား ဖြန့်ခဲ့ခြင်းသာ ဖြစ်ပါတယ်။

    မေလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ DVB Debate မှာ ဒေါက်တာသိန်းလွင် ပြောထားတာကို ဒီ Video ရဲ့ ၅၅ မိနစ်မှာ ကြည့်နိုင်ပါတယ်

    Myanmar Ghost Audio Book ဆိုတဲ့ YouTube အကောင့်ဟာ ဒီလို သတင်းအမှား Video တွေ မကြာခဏတင်လေ့ရှိပြီး အခု Video မှာလူတွေသတင်းအမှားကိုယုံကြည်ပြီးဖြန့်ဝေဖို့ရည်ရွယ်ချက်နဲ့ဖြန့်ဝေထားတာဖြစ်သလိုသတင်းမှာထည့်သွင်းတဲ့ ဓါတ်ပုံဟာလည်း Duwun မီဒီယာမှာ ၂၁၀၈ ခုနှစ်လောက်က ဖော်ပြခဲ့တဲ့ ဓါတ်ပုံကို ခိုးယူသုံးစွဲထားတာဖြစ်ပါတယ်။

    Tags

    သတင်းအတုဆယ်တန်းအောင်စာရင်းကိုရိုနာမြန်မာ
    Read Full Article
    Claim :   Myanmar Ghost Audio Book ဆိုတဲ့ YouTube အကောင့်မှာတင်ထားတဲ့ ဆယ်တန်းတွေ အမှတ်မစစ်ဘဲ အကုန်ပေးအောင်တော့မယ် ဆိုတဲ့သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!