BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို...
      သတင်းအတု

      ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို ကြိုးမိန့် စီရင်ပြီးပြီ ဆိုတဲ့ သတင်းအမှား

      စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို သေဒဏ် စီရင်ပြီးပြီဆိုတဲ့ သတင်းအမှားတွေ ဒီရက်ပိုင်းထဲမှာ အကောင့်တချို့ကနေပျံ့နှံ့လာခဲ့ပါတယ်။

      By - Boom Live Myanmar | 11 Jun 2022 4:55 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို ကြိုးမိန့် စီရင်ပြီးပြီ ဆိုတဲ့ သတင်းအမှား

      ဒီသတင်းအမှားဟာ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ၎င်းတို့ကို သေဒဏ်ချမှတ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုပြီးတဲ့နောက် လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ လှုပ်ခတ်ခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ တစ်ချို့ဖြန့်ဝေမှုတွေမှာ သေဒဏ်ချမှတ်ခံထားရခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံမှာ သေဒဏ်ကို စီရင်မှု မရှိတော့ကြောင်း ရေးသားနေကြသလို စစ်ကောင်စီလော်ဘီ ဟန်ငြိမ်းဦးဆိုသူရဲ့ Telegram မှာတော့ သေဒဏ်စီရင်ပြီးတာ အတည်ဖြစ်ကြောင်း ကြိုးပေးကွပ်မျက်ခဲ့တာ ဖြစ်ကြောင်း ရေးသားဖြန့်ဝေထားကြပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ရော Telegram Channel တွေမှာပါ ဖြန့်ဝေနေကြပါတယ်။

      သတင်းဆန်းစစ်ချက်

      ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ဟာ ဖမ်းဆီးခံရပြီးထဲက မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်ကာ မည်သည့်နေရာမှာ ထိန်းသိမ်းထားမှန်း မသိတဲ့အပြင် ကျန်းမာရေးအခြေအနေလည်း မသိရဘူးလို့ မနီလာသိန်းက RFA သတင်းဌာနကို ဖြေကြားထားပါတယ်။

      အကျဉ်းဦးစီးဌာနက ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်ရွှေက ကြိုးပေးပြီးပြီဆိုတဲ့ သတင်းတွေဟာ မှန်ကန်မှုမရှိတဲ့အပြင်၊ သိပ်မကြာခင် နာရီပိုင်းအတွင်း ကြိုးပေးတော့မယ် ဆိုတဲ့ သတင်းတွေ မှန်ကန်မှု မရှိဘူးလို့ RFA သတင်းဌာနကို ပြောကြားထားပါတယ်။

      ဦးခင်ရွှေက ကိုဂျင်မီ အပါအဝင် သေဒဏ်ကျခံထားရသူ ၄ ဦးကို သေဒဏ်ကျတဲ့အခါ ဝတ်ဆင်ရတဲ့ လိမ္မော်ရောင်ဝတ်စုံ ဝတ်ဆင်ထားရကာ သေဒဏ်ကျသူတွေထားတဲ့ အဆောင်ကို ပြောင်းရွေ့ထားကြောင်း၊ လက်ရှိမှာ ၄ ဦးစလုံးရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း၊ အထက်ကလည်း ညွှန်ကြားထားမှု တစ်စုံတစ်ရာ မရှိသေးကြောင်း ဇွန်လ ၁၀ ရက်နေ့မှာ RFA သတင်းဌာနကို ဖြေကြားထားပါတယ်။

      ကိုဂျင်မီတို့နဲ့ ပတ်သက်ပြီ ထွက်ပေါ်နေတဲ့ သတင်းတွေအပါ် မနီလာသိန်းနဲ့ အကျဉ်းဦးစီးက ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေ ဖြေကြားထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဖတ်ပါ။

      Tags

      Fake newshangedsentenced to deathPDFMilitaryသတင်းအတုသေဒဏ်
      Read Full Article
      Claim :   ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို ကြိုးမိန့် စီရင်ပြီးပြီ
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!