BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရေဘေးအလှူ ထမင်းသိုးထုပ်တွေ...
သတင်းအတု

ရေဘေးအလှူ ထမင်းသိုးထုပ်တွေ လွင့်ပစ်မှုအပေါ် ရေးသားဖြန့်ဝေနေကြတဲ့ သတင်းအမှား

ထမင်းထုပ်တွေ လွင့်ပစ်မှုအပေါ် ဟင်းမကောင်းလို့ လွင့်ပစ်တယ်လို့ ဖြန့်ထားတဲ့ ကောလဟာလ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  22 Sept 2024 9:15 PM IST
  • ရေဘေးအလှူ ထမင်းသိုးထုပ်တွေ လွင့်ပစ်မှုအပေါ် ရေးသားဖြန့်ဝေနေကြတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားဟာ လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ပြန့်နှံ့နေတာဖြစ်ပြီး မျက်ပင်တွေနားမှာ လွင့်ပစ်ထားတဲ့ ထမင်းထုပ် ၁၀၀ ကျော်ခန့်ရဲ့ ဓါတ်ပုံနဲ့ message ပို့ထားတဲ့ Screenshot တစ်ခုရဲ့ ပုံကို အသုံးပြုထားပြီး “သူဌေးရပ်ကွက်ဖြစ်မယ်။ ကြက်ဥကြော်နဲ့ ထမင်းထုပ်ကို မစားနိုင်လို့ လွင့်ပစ်ကြတာဆိုတော့” လို့ ရေးသားထားပါတယ်။ Screenshot အတွင်းမှာတော့ မြစ်သားမြို့ပေါ် ရေဝင်တဲ့ ရပ်ကွက်တွေက ကြက်ဥကြော်နဲ့ ထမင်းဘူးလှူကြတာကို ကြက်ဥကြော်နဲ့ ထမင်းမို့ မစားနိုင်လို့ လွင့်ပစ်ကြတာလို့ ရေးသားကာ အဆိုပါ Message ပို့သူက ၎င်းကိုယ်တွေ့ဖြစ်ကြောင်း ရေးသားထားပါတယ်။ စတင်ပြန့်နှံ့လာတဲ့ Screenshot အတွင်းမှာတော့ မည်သူက မည်သူ့ထံ ပို့ထားမှန်းဖော်ပြထားခြင်းမရှိသလို စတင်ဖြန့်ဝေတဲ့ Page တွေကလည်း Photo Credit လို့သာ ရေးသားဖြန့်ဝေထားတာ တွေ့ရပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    မြစ်သားမြို့ပေါ်က ရေဝင်တဲ့ ရပ်ကွက်တွေက အလှူရှင်တွေရဲ့ ကြက်ဥကြော်နဲ့ ထမင်းဖြူကို မစားနိုင် အကုန်လွင့်ပစ်ကြတယ်လို့ ဖြန့်ဝေနေကြတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ကောလဟာကနေတဆင့် ပြန့်နှံ့လာတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

    အဆိုပါ လွင့်ပစ်ထားတဲ့ ထမင်းထုပ်တွေဟာ ကြက်ဥကြော်နဲ့ ထမင်းဖြူမို့ လွင့်ပစ်တာ မဟုတ်ပါဘူး။ ရာသီဥတုဒဏ်ကြောင့် ထမင်းတွေ သိုးကုန်တဲ့အတွက် အစာအဆိပ်သင့်မှု ဝမ်းပျက်ဝမ်းလျှောမှု မဖြစ်ွှောင် ထမင်းသိုးထုပ်တွေကို လွင့်ပစ်ခြင်းသာ ဖြစ်ပါတယ်။ရဲ့ ဓါတ်ပုံထဲမှာ မြင်တွေ့ရတာဟာ ကြက်ဥကြော်နဲ့ ထမင်းဖြူတွေ မဟုတ်ပါဘူး။ ထမင်းဖြူနဲ့ ဟင်းတွေသာဖြစ်ပါတယ်။

    အဆိုပါ ပိုစ့်ရဲ့ အောက်မှာလည်း ရေနှစ်မြုပ်တဲ့ ဒေသခံတွေက ကြက်ဥကြော်မို့ လွင့်ပစ်တာမဟုတ်ကြောင်း၊ ရာသီဥတုဒဏ်ကြောင့် ထမင်းတွေ သိုးကုန်လို့ လွင့်ပစ်ရတာဖြစ်ကြောင်း၊ အလှူရှင်တွေ မလာတော့မှာစိုးလို့ ပိုစ့်ကိုပြန်ဖျက်ပေးဖို့ ပြောပေမယ့် ပြန်ဖျက်ပေးခြင်း မရှိပါဘူး။


    ဒီကောလဟာလ သတင်းအမှားကို စဖြန့်ထားတဲ့ Dhana - ဓန အမည်နဲ့ Page ဟာ အခုရက်ပိုင်း စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြုလုပ်ထားတဲ့ Page တစ်ခုဖြစ်တာကို တွေ့ရပါတယ်။



    Tags

    fake newsfloodrelieffood packagesthrown awayရေဘေးအလှူထမင်းသိုးထုပ်လွင့်ပစ်သတင်းအမှားကောလဟာလ
    Read Full Article
    Claim :   သူဌေးရပ်ကွက်ဖြစ်မယ်။ ကြက်ဥကြော်နဲ့ ထမင်းထုပ်ကို မစားနိုင်လို့ လွင့်ပစ်ကြတာဆိုတော့
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!