BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဖေ့စ်ဘွတ်သုံးစွဲသူတွေဆီက...
သတင်းအတု

ဖေ့စ်ဘွတ်သုံးစွဲသူတွေဆီက ပိုက်ဆံကောက်မယ်ဆိုတဲ့ သတင်းအတု

ဖေ့စ်ဘွတ်ပေါ်မှာ စာရေးရင် တစ်ထောင်ကျပ်၊ ပုံပါတင်ရင် နှစ်ထောင်ကျပ်နဲ့ ဖေ့စ်ဘွတ် အကောင့်သစ် ပြုလုပ်ပါက လေးဒေါ်လာ ဝန်ကျင်ကျသင်မယ့် ဖေ့စ်ဘွတ်ရဲ့ ပေါ်လစီအသစ်ကို မတ်ဇူကာဘတ်ချမှတ် ဆိုပြီး ဆိုရှယ်မီဒီယာတွေပေါ် ဖြန့်ဝေနေတာဟာ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  28 May 2020 1:52 AM IST
  • ဖေ့စ်ဘွတ်သုံးစွဲသူတွေဆီက ပိုက်ဆံကောက်မယ်ဆိုတဲ့ သတင်းအတု

    ဒီလိုပိုစ့်မျိုးဟာ သာမာန်ကြည့်ရုံနဲ့ သတင်းအတုလား အစစ်လားဆိုတာ ဆိုရှယ်မီဒီယာသုံးစွဲသူ အတော်များများက သိရှိနိုင်မှာဖြစ်ပေမဲ့ ထပ်ဆင့်ဖြန့်ဝေသူတွေအပြင် ဖေ့စ်ဘွတ်ပေချ့်တွေ၊ ဘလော့ဂ်တွေအထိ ပျံ့နှံ့ရောက်ရှိနေတာကို တွေ့ရပါတယ်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


    ဖြန့်ဝေနေမှုတွေကို မှတ်စုတိုများ ဆိုတဲ့ ဖေ့စ်ဘွတ်ပေချ့်နဲ့ Welcome to PEACE ဆိုတဲ့ ဖေ့စ်ဘွတ်ပေချ့် တွေက ကူးယူကာ ထပ်ဆင့်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

    ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီလိုရေးသားဖြန့်ဝေရာမှာ သုံးစွဲသူဦးရေ သန်း ၂၆၀၀ ကျော်လာချိန်မှာ မတ်ဇူကာဘတ်က လွယ်လွယ်နဲ့ အကောင့်တခု မပေးတော့ပဲ လေးဒေါ်လာဝန်းကျင် ကောက်ခံမည်ဖြစ်ကြောင်း၊ လူထုဟာ အလုပ်မရှိဘဲ home stay နေကြရင်း အွန်လိုင်း ( အထူးသဖြင့် fb ) ကို အသုံးချပြီး လူတိုင်းဈေးရောင်းလာကြတဲ့အတွက် သူ့ရဲ့ပေါ်လစီကို ပြောင်းလိုက်ဟန် ရှိကြောင်း၊ အကောင့်များ Page များနဲ့ group များအားလုံးကို ‌ကျသင့်ငွေ ကောက်ခံသွားတော့မှာ ဖြစ်ပြီး ပိုစ်တခုတင်တဲ့ အပေါ်မှာလည်း ငွေကောက်ခံမည်ဖြစ်ကြောင်း၊ ပိုစ့်တခုကို စာသားချည်းအတွက် မြန်မာငွေ ၁၀၀၀ ကျပ် နှင့် ပုံတင်ရင်တော့ ၂၀၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း ရေးသားဖြန့်ဝေခဲ့တာပါ။

    သတင်းဆန်းစစ်ချက်

    ဒီဖြန့်ဝေမှုတွေကို BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ရာမှာ ဒါက ဖေစ့်ဘွတ်သုံးစွဲသူ တစ်ဦးရဲ့ နောက်ြပောင် ဖြန့်ဝေမှုကို တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ပြန်လည်ပြင်ဆင်ကာ သတင်းမှားအဖြစ်ဖြန့်ဝေခဲ့တာကို တွေ့ရှိရပါတယ်။ ရေးသားဖြန့်ဝေတဲ့ ပိုစ့်တွေမှာ ခရက်ဒစ်ပေးထားတဲ့ Bran Sai ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ပိုင်ရှင်ကို ရှာဖွေခဲ့ရာ သူရဲ့နောက်ပြောင်ရေးသားမှုကို ပြင်ဆင်ပြီး ဖြန့်ဝေနေတယ်ဆိုတဲ့ ပိုစ့်တစ်ခုကို အဆိုပါ မူရင်းရေးသားသူကိုယ်တိုင် မေလ ၂၆ ရက်နေ့က ပြန်လည်တင်ထားတာကို တွေ့ရပါတယ်။ အောက်ပါပုံကို ကြည့်ပါ။


    သူရဲ့ပိုစ့်ကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    အထက်ပါပုံကို ကြည့်ရင် Nayarthit ဆိုတဲ့ ဝဘ်ဆိုက်က သူတင်ခဲ့တဲ့ ပိုစ့်ကိုပြန်လည်ဖြန့်ဝေခဲ့ပေမယ့် သတင်းဆန်းစစ်သူ တစ်ယောက်ယောက်က ပို့စ်ပျက်စေရန် ပြန်လည်ဖြုတ် လိုက်တာကို တွေ့နိုင်ပါတယ်။ သူရဲ့ရေးသားမှုမှာလည်း "ကျနော်က ဂျင်းမှန်းသိအောင် အောက်ဆုံးမှာ ဟာသလေးနဲ့ ဖြေထားတယ်။ သူရို့က ဂျင်းလို့မထင်အောင် အောက်ဆုံးစာကြောင်း ဖြုတ်တင်တယ်ဗျ။" ဆိုပြီး ရေးသားထားတာကို တွေ့ရမှာပါ။

    အောက်မှာဖော်ပြပေးထားတဲ့ သူ့ပိုစ့်အောက်က သုံးသပ်မှုတချို့ကိုလည်း လေ့လာကြည့်ပါအုံး။


    ဒီလိုရေးသားဖြန့်ဝေမှုတွေက ခုမှ ဖြစ်တာမဟုတ်ပဲ ပြီးခဲ့တဲ့နှစ်တွေကလည်း ဖေစ့်ဘွတ်သုံးရင် ပိုက်ဆံပေးရတော့မယ် ဆိုတဲ့ ဖြန့်ဝေမှုတွေအများအပြား ရှိခဲ့ပါတယ်။ အောက်ဖော်ပြပါပုံမှာ ပြီးခဲ့တဲ့ ဖေစ့်ဘွတ်သုံးစွဲသူတစ်ဦးက သူ့ဆီရောက်လာတဲ့ စာတစ်စောင်အကြောင်း ဖေစ့်ဘွတ်အဖွဲ့အစည်းကို မေးထားတာဖြစ်ပါတယ်။ စာထဲမှာပါတာက ဖေ့စ်ဘွတ်အသုံးပြုမှုတွေ အတွက် ပိုက်ဆံပေးဆောင်ရတော့မှာဖြစ်ပေမဲ့ ခုရောက်လာတဲ့ စာကို သူငယ်ချင်း ၁၈ ယောက်ထံ ဖြန့်ဝေပေးရင်တော့ Blue mark ရရှိမှာဖြစ်ပြီး အလကား သုံးစွဲနိုင်ကြောင်း၊ ခုစာကို မယုံကြည်ပါက ဖေစ့်ဘွတ်က အကောင့်ကိုပိတ်ပင်သွားမှာဖြစ်ပြီး ပြန်လည်ရရှိလိုပါက ပိုက်ဆံပေးဆောင်ရမည်ဖြစ်ကြောင်း စတဲ့ လိမ်လည်လှည့်ဖျားတဲ့ စာတွေရေးထားတာဖြစ်ပါတယ်။


    အထက်ပါမေးမြန်းမှုကို ဖေ့ဘွတ်က ပြန်လည်ဖြေကြားထားတာကို အောက်ဖော်ပြပါပုံမှာ ကြည့်ရှု့နိုင်ပါတယ်။


    ဖေစ့်ဘွတ်က ပြန်လည်ဖြေကြားထားရာမှာ ဒီစာက လိမ်လည်ထားတဲ့စာဖြစ်နိုင်ကြောင်း၊ ဒီလိုလိမ်လည်မှုတွေဟာ သူတို့ကိုယ်သူတို့ ဖေစ့်ဘွတ်အဖွဲ့အစည်းကိုလို ဟန်ဆောင်လိမ်လည်နေတာဖြစ်ကြောင်း၊ သူတို့ပေးထားတဲ့ လင့်တွေ ပူးတွဲပါဖိုင်တွေကို ဖွင့်မကြည့်မိစေဘို့နဲ့ ဒီလိုစာတွေရရှိတဲ့အခါ ပေးထားတဲ့ ဖေစ့်ဘွတ်လိပ်စာကို ပေးပို့စေလိုကြောင်း ရေးသားထားတာဖြစ်ပါတယ်။

    Tags

    FacebookFacebook SecuritycoronavirusMark Zuckerberg
    Read Full Article
    Claim :   ဖေ့စ်ဘွတ်သုံးစွဲသူတွေဆီက ပိုက်ဆံကောက်မယ်ဆိုပြီး နောက်ပြောင်ထားတဲ့ ပိုစ့်ကို သတင်းအဖြစ် ပြန်လည်ပြင်ဆင်ပြီးဖြန့်ဝေနေတဲ့ အတွက် BOOM က ဆန်းစစ် တင်ပြထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!