BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ၀က်သားစားသုံးခြင်းနဲ့...
သတင်းအတု

၀က်သားစားသုံးခြင်းနဲ့ အချက်အလက်အမှားများ

"ဝက်အကြောင်း သိကောင်းစရာ ၁၂ ချက်" ဆိုပြီး ဝက်သားမစားသင့်ကြောင်း ရေးသားဖော်ပြချက်တစ်ခုပျံ့နှံ့နေပြီး ဒီအကြောင်းအရာမှာအချက်အလက်အမှားအယွင်းတွေများစွာပါဝင်နေပါတယ်။

By - Boom Live Myanmar |
Published -  17 Aug 2020 10:06 PM IST
  • ၀က်သားစားသုံးခြင်းနဲ့ အချက်အလက်အမှားများ

    ဒီအကြောင်းအရာကို မဆန်းစစ်ခင်မှာ ယခုရေးသားတဲ့ အကြောင်းအရာဟာ မည်သည့်ဘာသာရေးယုံကြည်ချက် တစုံတရာကိုမျှ ဝေဖန်နေခြင်းမဟုတ်ပဲ သိပ္ပံပညာတွေ့ရှိချက်များကိုသာ ရေးသားတင်ပြခြင်းဖြစ်ကြောင်းအသိပေးလိုပါတယ်။

    ရေးသားဖြန့်ဝေမှုတွေထဲမှာ "ဝက်တွေမှာ အလွန်ညစ်ညမ်းတဲ့ အစာအိမ်အူရှိပြီး ကျင်ငယ်၊ မစင်၊ အညစ်အကြေး၊ အသားအပုပ်သိုး၊ လောက်၊ အသီးအနှံအပုပ်အသိုးစသဖြင့် မစင်အားလုံးကို စားကြောင်း၊ ဝက်ရဲ့ အသားနဲ့ အဆီဟာ အဆိပ်အတောက်တွေကို ရေမြှုပ်တစ်ခုလို စုပ်ယူတတ်ကြောင်း၊ နွားသားနဲ့ သမင်သားတွေက အစာကြေဖို့ အချိန် ၈နာရီကနေ ၉နာရီထိ ကြာမြင့်တတ်ပြီး ဝက်သားကတော့ အစာကြေချိန်ဟာ ၄နာရီသာကြာမြင့်ကြောင်း၊ တခြားသော နို့တိုက်သတ္တဝါတွေနဲ့ မတူညီစွာပဲ ဝက်တွေဟာ ချွေးပြန်ခြင်းမရှိကြောင်း၊ Strychnine လို အဆိပ်နဲ့ တခြားအဆိပ်တွေတောင် ဝက်ကိုသတ်ဖို့ မလွယ်လောက်အောင် ဝက်ဟာ အဆိပ်ပြင်းတဲ့ သတ္တဝါတစ်ကောင်ဖြစ်ကြောင်း" စတဲ့ အချက်တွေပါဝင်ပါတယ်။

    ရေးသားဖြန့်ဝေမှုတွေကို လူပေါင်းသောင်းနဲ့ချီပြီး ထပ်ဆင့်ဖြန့်ဝေနေတာ တွေ့ရပြီး ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီရေးသားဖြန့်ဝေမှုတွေဟာ ဘာသာစကားအမျိုးမျိုးနဲ့ အွန်လိုင်းပေါ်ပျံ့နေတာဖြစ်ပြီး မြန်မာဖေစ့်ဘွတ်သုံးစွဲသူတချို့က ဒါကို ဘာသာပြန်ပြီး ထပ်ဆင့်ဖြန့်ဝေနေခြင်းဖြစ်မယ်လို့ ဖြန့်ဝေတဲ့ ရက်စွဲတွေကို ကြည့်ခြင်းအားဖြင့် မှန်းဆနိုင်ပါတယ်။ အောက်ပါပုံပါ အစိမ်းရောင်နဲ့ ပြသထားတဲ့ ရက်စွဲနေရာကို ကြည့်ပါ။


    ပိုစ့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    BOOM က ဒီသတင်းကို သတင်းဆန်းစစ်ရာမှာ အချို့သော အချက်တွေကိုသာ ရွေးချယ် ဆန်းစစ်သွားမှာဖြစ်ပါတယ်။

    နံပါတ် (၂) အချက်ဖြစ်တဲ့ ဝက်ရဲ့ အသားနဲ့ အဆီဟာ အဆိပ်အတောက်တွေကို ရေမြှုပ်တစ်ခုလို စုပ်ယူတတ်ပါတယ်။ ဝက်ရဲ့ အသားဟာ နွားသား၊ သမင်သားတွေ အဆိပ်ကို အဆ ၃၀ ပိုမိုစုပ်ယူနိုင်ပါတယ် ဆိုတာမှာ နို့တိုက်သတ္တဝါအားလုံးရဲ့ ဇီဝကမ္မဗေဒေတွေ ဆင်တူကြပါတယ်။ သူတို့ရဲ့ အာဟာရနဲ့ ဓါတုဒြပ်တွေကို အစားအစာနဲ့ ရေကနေ စုပ်ယူပြီး အားလုံးဟာ အဆိပ်အတောက်အဆင့်တခုခုမှာ ရှိနေပါတယ်။ ဝက် တွေက ထူးခြားပြီး တခြားနို့တိုက်သတ္တဝါတွေထက် အဆိပ်တွေ ပိုမိုစုပ်ယူနေနိုင်တာ မဟုတ်ပါဘူး။ ဒါနဲ့ ပါတ်သတ်ပြီး ၂၀၀၆ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့က ABC သတင်းဌာနမှာ ဖော်ပြထားတဲ့ အဆိပ်ရှိသောဆိုဒ်တွေကို စမ်းသပ်ဘို့ သိပ္ပံပညာရှင်တွေက ဝက်တွေကိုသုံးတယ် ဆိုတဲ့ သတင်းမှာ မစ်ဆူရီ တိရစ္ဆာန်ကုသရေးဆေးတက္ကသိုလ် တွဲဖ က်ပါမောက္ခ Stan Casteel က ဝက်တွေဟာ လူတွေနဲ့ အလွန်ဆင်တူပြီး အဆိပ်တွေဟာ ကျွန်တော်တို့ သွေးထဲ့ကို ဝင်သလို သူတို့ဆီလည်း ဝင်နိုင်တယ်လို့ ပြောဆိုထားပါတယ်။ ABC သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    နံပါတ် (၄) အချက်ဖြစ်တဲ့ တခြားသော နို့တိုက်သတ္တဝါတွေနဲ့ မတူညီစွာပဲ ဝက်တွေဟာ ချွေးမပြန်ပါဘူး။ ချွေးပြန်ခြင်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ နည်းလမ်းထဲကတစ်ခုပါ။ ဝက်တွေကချွေးမပြန်တော့ ချွေးထွက်ရင်းနဲ့ ထွက်သွားသင့်တဲ့ အဆိပ်အတောက်တွေက ဝက်ရဲ့ ခန္ဓာကိုယ်တွင်း (အသားတွင်း)မှာပဲ ကိန်းအောင်းနေပါတော့တယ်။

    ဒီအချက်နဲ့ ပါတ်သတ်ပြီး အမေရိကန်နိုင်ငံ အစားအစာနှင့်စိုက်ပျိုးရေး အမျိုးသားအင်စတီကျု့ရဲ့ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာသစ်တွေ ဖော်ဆောင်နေတဲ့ Extension ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာကို အောက်ပါပုံတွင် ကြည့်ရှု့ပေးပါ။


    ပုံပါ ရေးသားထားမှုကို အတိုချုံ့ပြောဆိုပါက "ဝက်တွေက ချွေးမထွက်ပေမဲ့ သူတို့ ခန္ဓာကိုယ်အတွက် အရေပြားနဲ့ အသက်ရှုခြင်းတွေလို အခြားနည်းတွေနဲ့ အပူးဖယ်ရှားတာတွေ လုပ်တယ်။ ဘာလို့လဲဆိုတော့ တိရိစ္ဆာန်တစ်ကောင်ကောင်ဟာ ချွေးမထွက်တာနဲ့ပဲ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ ဖြစ်လာတယ်လို့ မဆိုနိုင်ပါဘူး။ ဝက်တွေရဲ့ ခန္ဓာကိုယ်ထဲ အဆိပ်တွေဖြစ်လာတယ် ဆိုရင်တောင် လူ့ခန္ဓာကိုယ် အလုပ်လုပ်သလိုပဲ ဖြစ်မှာပါ။ လူတွေ ချွေးထွက်တဲ့အခါတိုင်း ဒါဟာ ကိုယ်ခန္ဓာထဲက အဆိပ်တွေကို ထုတ်ပေးနေတာလို့ မမှတ်ယူကြပါဘူး။ ဝက်တွေရဲ့ ဇီဝဖြစ်ပျက်မှုကလည်း လူတွေနဲ့အလွန်တူနေတာဖြစ်လို့ သူ့အလိုလို အဆိပ်အတောက်တွေ ဖယ်ရှားနိုင်ပါတဲ့အတွက် ဝက်သားစားဘို့ စိုးရိမ်မနေပါနဲ့" ဆိုပြီးပြောထားတာပါ။"

    Extension ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    နံပါတ် (၅) အချက်ဖြစ်တဲ ကြွက်သေဆေးမှာပါတဲ့ Strychnine လို အဆိပ်နဲ့ တခြားအဆိပ်တွေတောင် ဝက်ကိုသတ်ဖို့ မလွယ်လောက်အောင် ဝက်ဟာ အဆိပ်ပြင်းတဲ့ သတ္တဝါတစ်ကောင်ဆိုတဲ့အချက်နဲ့ ပါတ်သတ်ပြီး ရိုက်တာသတင်းဌာနရဲ့ ဝက်ဘ်စာမျက်နှာမှာ သြဂုတ်လ ၅ ရက်က သတင်းမှားတစ်ခုသာဖြစ်ကြောင်းဖော်ပြထားပါတယ်။ ရိုက်တာသတင်းဌာနရဲ့ ရေးသားဖော်ပြမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    ပိုးသတ်ဆေးတွေမှာ တွေ့ရှိရတတ်တဲ့ Strychnine ဟာ ဝက်အပါအဝင် တိရစ္ဆာန် အတော်များများကို အဆိပ်သင့်စေပြီး ခွေး၊ နွား၊ မြင်းနဲ့ ဝက်တွေအတွက ပျမ်းမျှသေစေနိုင်တဲ့ ပမာဏက တစ်ကီလိုဂရမ်မှာ ဝ.၅ မှ ၁-၁ မီလီဂရမ်လောက်ဖြစ်တယ်လို့ ရေးထားပါတယ်။ အဆိုပါ အဆိပ်နဲ့ ပါတ်သတ်ပြီး ထုတ်ပြန်ထားချက်များကို Merck Veterinary Manual နဲ့ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (CDC) မှ ထုတ်ပြန်းထားမှုများကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    နံပါတ် (၈) အချက်မှာတော့ ဝက်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ Parasite လို့ ခေါ်တဲ့ ကပ်ပါးကောင် (တုပ်ပြားကောင်၊ သံကောင်) အစရှိတဲ့ သံကောင်အမျိုးအစား ဒါဇင်ပေါင်း များစွာနေထိုင်ပြီး သူတို့ရဲ့ ဥတွေ၊ အိတ်တွေ အကုန်သေအောင် ချက်ပြုတ်ဖို့အတွက် လုံလောက်တဲ့ အပူချိန်တစ်ခု မသတ်မှတ်နိုင်သေးပါဘူးလို့ ရေးသားထားပါတယ်။


    ဒီအချက်နဲ့ပါတ်သတ်ပြီး အမေရိကန်စိုက်ပျိုးရေးဌာန (USDA) က ဝက်သားနဲ့ ဝက်သားထွက်ပစ္စည်းတွေကို အန္တရယ်ကင်းစွာ ချက်ပြုတ်စားသောက်ဘို့ ကြေငြာချက် ထုတ်ပြန်ထားတာမှာ အသားတွေချက်ပြုတ်ရာမှာ မီးအပူမှ မချမီ အစားအစာတိုင်းတဲ့ သာမိုမီတာနဲ့ တိုင်းတာရာမှာ အနိမ့်ဆုံးအပူချိန် ၁၄၅ ဒီဂရီဖာရင်ဟိုက် (၆၂.၈ ဒီဂရီစင်တီဂရိတ်) ရှိနေမှာဖြစ်ကြောင်း၊ ဝက်သားချက်ရာမှာ အနည်းဆုံး ၁၆၀ ဒီဂရီဖာရင်ဟိုက် (၇၁.၁ ဒီဂရီစင်တီဂရိတ်) ရှိမှာဖြစ်ပြီး ဒီထက်အပူချိန်တင်ပြီးလည်း ချက်နိုင်တယ်လို့ ပြောဆိုထားပါတယ်။ USDA ရဲ့ ကြေငြာချက်ကို ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။

    နံပါတ် (၁၁) အချက်ဖြစ်တဲ့ ဝက်တစ်ကောင်မှာ လူတွေကို အလွယ်တကူကူးစက်နိုင်တဲ့ရောဂါပေါင်း ၃၀ ပါဝင်ပါတယ်။ Trichinae လို့ ခေါ်တဲ့ ဝက်တွေမှာရှိတဲ့ သံကောင်ဟာ မိုက်ခရိုစကုပ်နဲ့ ကြည့်လိုက်ရင် သေးငယ်ပါတယ်။ ဒါပေမယ့် စားလိုက်ပြီဆိုတာနဲ့ အစာအိမ်၊ ကြွက်သားတို့အပြင် ကျောရိုးအာရုံကြောမကြီးနဲ့ ဦးနှောက်ထဲ အထိအောင် ပေါက်ဖွားနိုင်ပါတယ် လို့ ရေးသားထားတဲ့ အချက်အတွက် ပြောရမယ်ဆိုရင် သံကောင်၊ ကပ်ပါးကောင်တွေ ကူးမှာကြောက်ရင် ဝက်သားတင်မက ကျန်တဲ့ အသားအားလုံးကို ရှောင်ဘို့လိုတယ်လို့ ပြောပါရစေ။


    ဒီသံကောင်တွေရန်က ကာကွယ်ဘို့ အသားရှောင်စရာမလိုပါဘူး။ အသားတွေကို သေချာချက်ပြုတ်၊ အသားစိမ်းငါးစိမ်းစားတာရှောင် ရင်ကို ရနေပါပြီ။ အစားအစာတွေ ဘေးကင်းဘို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြံပေးချက် ငါးချက်ကတော့ အစားအသောက်တွေကို သန့်ရှင်းအောင်ထားပါ။ အစိမ်းအကျက်ခွဲထားပါ။ အမဲသား နဲ့ ဝက်သားတွေကို အနည်းဆုံး အပူချိန် ၇၀ ဒီဂရီဆဲဆီယက် ထက်မနည်းပဲ ချက်ပြုတ်ပါ။ အစားအစာတွေကို လုံခြုံတဲ့ အပူချိန်မှာ ထားပါ။ သန့်ရှင်းတဲ့ ရေနဲ့ ကုန်ကြမ်းတွေကိုသုံးပါ။ ဒါတွေအပြင် သန်ကောင်တွေရန်က ကာကွယ်ဘို့ အစားမစားခင်နဲ့ အိမ်သာက ထွက်လာတိုင်း လက်ကိုစင်ကြယ်အောင် ဆေးပါဆိုပြီး အကြံပေးချက် ထုတ်ပြန်ထားပါတယ်။ ကြေငြာချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Eating PorkPigPorkpig does not sweatcomplex digestive system30 diseasesThe trichinae worm#Cashdisease trichinosisDisease
    Read Full Article
    Claim :   “ဝက်အကြောင်း သိကောင်းစရာ ၁၂ ချက်” ဆိုပြီး ဝက်သားမစားသင့်ကြောင်း ရေးသားဖော်ပြချက်တစ်ခုပျံ့နှံ့နေတဲ့အတွက် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!