BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နှာခေါင်း၀ ဂွမ်းစို့ထားရင်...
သတင်းအတု

နှာခေါင်း၀ ဂွမ်းစို့ထားရင် ကိုဗစ်မကူးဆက်နိုင်ဘူးဆိုတဲ့သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ ကိုဗစ်ထပ်ဆင့်ကာကွယ်နည်း မျှဝေခြင်း ဆိုပြီး နှာခေါင်းစည်းအောက် နှာခေါင်းပေါက်ဝတွင် ဂွမ်းစို့ပြီး သွားလာပါက COVID- 19 လုံးဝကူးစက်နိုင်ခြင်း မရှိကြောင်း ပြောဆိုနေတဲ့ ဗွီဒီယိုဖိုင်နဲ့ပတ်သတ်ပြီး BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။

By - Boom Live Myanmar |
Published -  12 Oct 2020 1:07 PM IST
  • နှာခေါင်း၀ ဂွမ်းစို့ထားရင် ကိုဗစ်မကူးဆက်နိုင်ဘူးဆိုတဲ့သတင်းအမှား

    ၆ မိနစ် နီးပါးကြာတဲ့ ဒီဗွီဒီယိုဖိုင်ကို Myanmar American News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလာ ၂၇ ရက်နေ့က ဖြန့်ဝေထားတာဖြစ်ပါတယ်။ "ကိုဗစ်ထပ်ဆင့်ကာကွယ်နည်း မျှဝေခြင်း" ဆိုပြီး ခေါင်းစဉ်တပ်ဖြန့်ဝေနေတဲ့ ဒီ ဗွီဒီယိုဖိုင်ထဲမှာ "ကိုဗစ်-၁၉ အလွယ်တကူမကူးအောင် ဂိုလ်ရှယ်လေး ဝေမျှသည်" ဆိုတဲ့ စာတန်းထိုးထားပြီး ပြောကြားချက်တွေကတော့ "ကျွန်တော်ဆိုရင် အမေရိကန်နိုင်ငံမှာလည်း သတင်းသွားလိုက်နေရတာတွေရှိတယ်။ ကိုဗစ်ဖြစ်နေတဲ့ အချိန်မှာပဲ နိုင်ငံတကာ သွားရတယ်။ သွားတဲ့အခါကျတော့ လူတွေအားလုံးသိရမှာက ကျွန်တော်တို့ အမေရိကားမှာ ရှိနေတဲ့ သတင်းထောက်တွေ ကိုဗစ်မကူးဘူး။ ကိုဗစ် positive မဖြစ်ဘူး။ ဘာဖြစ်လို့ မဖြစ်လဲ ဆိုတော့ ကျွန်တော်ပြောပြမယ်။

    ကျွန်တော်တို့က ဘဲဥပုံမျက်နှာဖုံးစွပ်ကို သုံးတာများပါတယ်။ အဲ့မျက်နှာဖုံးစွပ်ကို စွပ်ပေမယ့် ကူးတယ်။ ဒါပေမယ့် ကျွန်တော် မကူးဘူး။ ကျွန်တော်ကိုဗစ်ဖြစ်နေတဲ့အချိန် တခြားနိုင်ငံတွေကိုလည်း သတင်းသွားယူရတယ်။ အဲ့ဒီမကူးတဲ့ နည်းကို ကျွန်တော်ပြမယ်။ ဒီမျက်နှာဖုံးမစွပ်ခင် ဂွမ်းလုံးလေးကို ပွပွလေးလုပ်ပြီး နှာခေါင်းပေါက်နှစ်ပေါက်ကို စွပ်ပါ။ ဒီဂွမ်းက ဒီမျက်နှာဖုံး ၁၀ ခုစာ လုံခြုံတယ်။ လမ်းသွားရင် ဂွမ်းစွပ်ပြီးတော့သွား။ ကြိုက်သလောက် ကိုဗစ်ဖြစ်နေပလေ့စေ။ လုံးဝမကူးဘူး" စတာတွေ ပြောဆိုထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ယေဘူယျအားဖြင့်စဉ်းစားမယ်ဆိုရင်တောင် ဂွမ်းစတွေမှာပါတဲ့ အမှုန်အမွှားတွေ-ာ လူတွေအတွက် အသက်ရှုလမ်းကြောင်းဆိုင်ရာပြသနာတွေကြုံရနိုင်ပါတယ်။ ဂွမ်းစတွေဟာ အမှုအမွှားတွေရှိတတ်တာကြောင့် သူပြောသလို နှာခေါင်းဝမှာတေ့ထားမယ်ဆိုရင် နှာခေါင်းကနေတဆင့် အသက်ရှုလမ်းကြောင်းနဲ့ အဆုတ်ထဲကိုတိုက်ရိုက်ရောက်ရှိနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာပြသနာရှိသူတွေသာမက သာမာန်လူတွေအတွက်ကိုပင် အန္တရာယ်ရှိတဲ့ပြောဆိုမှုဖြစ်နေပါတယ်။ ဒီဂွမ်းစတွေကိုရှုမိပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာပြသနာတွေဖြစ်ပွားဖူးတဲ့ ကျန်းမာရေးဖြစ်စဉ်တွေအမြောက်အမြားရှိပါတယ်။

    ဒါနဲ့ပါတ်သတ်ပြီး အမေရိကန် ဇီဝနည်းပညာသတင်းအချက်အလက်ဆိုင်ရာအမျိုးသားစင်တာ (NCBI) က သုတေသန ပြုလုပ်ထားတာလည်း ရှိပါတယ်။ NCBI အနေနဲ့ ချည်မျှင်လုပ်ငန်းလုပ်ကိုင်သူများအကြား ဝါဂွမ်းဖုန်မှုန့်ထိတွေ့မှုနဲ့ အဆုတ်လုပ်ဆောင်မှုတို့အကြား တုံ့ပြန်ဆက်နွယ်မှုကို လေ့လာဘို့ ပါကစ္စတန်နိုင်ငံ ကရာချီမှာရှိတဲ့ စက်ရုံ ၅ခု က အလုပ်သမား ၃၀၃ ယောက်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ကနေ မတ်လအတွင်း စောင့်ကြည့် လေ့လာခဲ့တာ ဖြစ်ပါတယ်။ NCBI ရဲ့ သုတေသန စာတမ်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့အကြံပေးချက်မှာတော့ COVID -19 ဘယ်လိုကူးစက်နိုင်တယ်ဆိုတာနဲ့ ပါတ်သတ်ပြီး တစ်ဦးတစ်ယောက်ဆီက ချောင်းဆိုးလို့ဖြစ်စေ၊ နှာချေလို့ ဖြစ်စေ ဒါမှမဟုတ် စားပွဲခုံ၊ တံခါးလက်ကိုင်ဘု တွေကို ထိတွေ့ထားလို့ဖြစ်စေ ပေနေတဲ့ နေရာတွေကို အခြားတစ်ယောက်ကို ကိုင်မိပြီး သူ့ရဲ့ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေကို လက်မဆေးပဲ ပြန်လည်ကိုတွယ်မိရင် ကူးစက်နိုင်တယ်ဆိုပြီး ပြောထားတာပါ။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


    အဲ့ဒီအပြင်ဗွီဒီယိုမှာ သူပြောထားတဲ့ နှာခေါင်းထဲ ဂွမ်းစို့ထားရုံနဲ့ ကိုဗစ်မကူးနိုင်ဘူးဆိုတာ တိကျသေချာတဲ့ သုတေသနတွေကို ကိုးကားထားတဲ့ အချက်မဟုတ်သလို သာမာန်အရပ်သားတစ်ယောက်ရဲ့ထင်မြင်ယူဆချက်သက်သက်သာ ဖြစ်နေပါတယ်။မ WHO က သတိပေးကြေငြာထားတာကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ်မှားနေတဲ့အချက်တစ်ချက်လည်းရှိပါသေးတယ်။ အမေရိကားမှာ ရှိနေတဲ့ သတင်းထောက်တွေ ကိုဗစ်မကူးဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဇွန်လ ၂ ရက်နေ့က ဖော်ပြခဲ့တဲ့ Anadolu Agency သတင်းဌာနရဲ့ သတင်းမှာတင် သုံးလအတွင်း ကိုဗစ် -၁၉ ကြောင့် ကမ္ဘာအရပ်ရပ်က သတင်းထောက်ပေါင်း ၁၂၇ ယောက်သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီစာရင်းထဲမှာ အမေရိကားက သတင်းထောက် တွေလည်း ပါဝင်ပါတယ်။


    သတင်းဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဂိုရှယ်လေးဆိုတဲ့အကောင့်ဟာ များသောအားဖြင့် အချက်အလက်အကိုးအကားမပါတဲ့ ထင်မြင်ယူဆချက်တွေ၊ လူတွေအထိတ်တလန့်ဖြစ်စေမယ့် သတင်းအမှားတွေကို မကြာခဏဝေမျှနေတဲ့သူဖြစ်သလို သူကိုယ်တိုင်သတင်းထောက်လို့သုံးနှုံးနေပေမယ့် သူ့အကောင့်မှာတော့ သတင်းသမားတွေရဲ့ ကျင့်ဝတ်စံနှုန်းတွေနဲ့မညီတဲ့

    မှန်ကန်တိကျမှုမရှိတဲ့ အတင်းအဖျင်းသတင်းတွေ၊ အချက်အလက်မခိုင်မာတဲ့အကြောင်းအရာတွေကို တစိုက်မတ်မတ်ဖြန့်ဝေရေးသားနေသူတစ်ဦးသာဖြစ်ပါတယ်။

    Tags

    health fake newsfake newsCOVID-19Coronavirus facts#maskwearing a mask
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ကိုဗစ်ထပ်ဆင့်ကာကွယ်နည်း မျှဝေခြင်း ဆိုပြီး နှာခေါင်းစည်းအောက် နှာခေါင်းပေါက်ဝတွင် ဂွမ်းစို့ပြီး သွားလာပါက COVID- 19 လုံးဝကူးစက်နိုင်ခြင်း မရှိကြောင်း ပြောဆိုနေတဲ့ ဗွီဒီယိုဖိုင်နဲ့ပတ်သတ်ပြီး BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!