BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တရုတ်မှာ အစုလိုက်အပြုံလိုက်...
သတင်းအတု

တရုတ်မှာ အစုလိုက်အပြုံလိုက် ကိုဗစ်ပြန်ဖြစ်နေတယ်ဆိုတဲ့ သတင်းအမှားတွေ

တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုမှာ COVID-19 ရောဂါဖြစ်ပွားမှုနှုန်း ပြန်လည်ကျဆင်းကာ ငြိမ်သက်စပြုချိန်မှာ သတင်းမှားဖြန့်ဝေသူအချို့က ကပ်ရောဂါနောက်ထပ်တစ်ကြိမ် ထပ်မံအရှိန်အဟုန်မြှင့် ဖြစ်ပွားသယောင် ရေးသားဖြန့်ဝေနေမှုတွေ တွေ့လာရပါတယ်။

By - Boom Live Myanmar |
Published -  28 May 2020 12:23 PM IST
  • တရုတ်မှာ အစုလိုက်အပြုံလိုက် ကိုဗစ်ပြန်ဖြစ်နေတယ်ဆိုတဲ့ သတင်းအမှားတွေ

    ဒီလိုရေးသားဖြန့်ဝေရာမှာ သတင်းမှား သတင်းတုများ မကြာခနဖော်ပြလေ့ရှိတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Daily Mail သတင်းဌာက သတင်းကို ကိုးကားပြီး တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသမြို့ကြီးတွေမှာ ကိုရိုနာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက်ပြန်လည် ဖြစ်ပွားနေကြောင်းနဲ့ တရုတ်အစိုးရက မြို့ကြီးများကို ပိတ်ဆို့ခြင်းအစီအမံများ တင်းတင်းကျပ်ကျပ် ပြုလုပ်နေကြောင်း ဆိုရှယ်မီဒီယာတွေပေါ်မှာ ဘာသာစကားအမျိုးမျိုးနဲ့ ဖြန့်ဝေနေကြတာပါ။

    မြန်မာဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာတော့ Sawsein Tun ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ပိုင်ရှင်က မေလ ၁၈ ရက်နေ့က ရေးသားဖြန့်ဝေခဲ့ရမှာ "Covid-19 ကို အောင်နိုင်ပြီလို့ စောစီးစွာ အောင်ပွဲခံမိတဲ့ တရုတ်နိုင်ငံမှာ Covid-19 ဒုတိယလှိုင်း ပြန်ဖြစ်နေပြီ။ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းဒေသမြို့ကြီးတွေမှာ ကိုရိုနာဗိုင်းရပ်ကူးစက်မှု အစုလိုက် အပြုံလိုက် ပြန်ဖြစ်ပွားနေပါတယ်တဲ့။ ကိုဗစ်ကတော့ သင်ခန်းစာအသစ်တွေ ပေးနေတုံးပါ" လို့ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။


    ဖြန့်ဝေရာမှာ ပါဝင်တဲ့ Daily Mail က သတင်းကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီသတင်းကို Daily Mail သတင်းဌာနက ဖော်ပြရာမှာလည်း တရုတ်နိုင်ငံအရှေ့မြောက်ဒေသ မြို့ကြီးများက လူသန်းတစ်ရာကျော် lockdown ပြုလုပ်ခံရလို့ ရေးထားပြီး အတွင်းသတင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ် ဒုတိယအကြီမ်ပြန်လည်ဖြစ်ပွားတဲ့အတွက် မေလလယ် လောက်ကစပြီး မြို့ကြီးတွေကို Lockdown ပြုလုပ်တဲ့ အကြောင်း အသေးစိတ်ရေးထားတာ တွေ့ရပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းကို ဆန်းစစ်ချက်ပြုလုပ်ဘို့ BOOM အနေနဲ့ COVID-19 ရောဂါဆိုင်ရာ သတင်းတွေဖော်ပြနေတဲ့ တရုတ်အစိုးရက လွှင့်တင်ထားတဲ့ တရားဝင် ဝဘ်ဆိုက်တွေမှာ ရှာဖွေကြည့်ရာမှာ lockdown လုပ်ထားတဲ့ အကြောင်း ရှာဖွေတွေ့ရှိခြင်း မရှိပါဘူး။ THE STATE COUNCIL ဝဘ်ဆိုက် မှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် မေလ ၂၅ ရက်နေ့က အထက်ပါ တရုတ်အစိုးရဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဆင်ဟွာသတင်းဌာနရဲ့ သတင်းအရ တရုတ်ပြည်မကြီးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှု အသစ်မတွေ့ရှိကြောင်း ရေးသားထားပါတယ်။


    ဆင်ဟွာရဲ့သတင်းပါ မေလ ၂၄ ရက်နေ့ စစ်ဆေးချက်အရ တရုတ်ပြည်မကြီးမှာ COVID-19 ရောဂါကူးစက်မှုဖြစ်စဉ် အသစ် မတွေ့ရှိဘူးလို့ တရုတ်ကျန်းမာရေးဌာနက ပြောကြားထားကြောင်း ရေးသားထားပါတယ်။ သတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် ဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့ ဝူဟန်မြို့ကို ဇန်နဝါရီ ၂၃ ရက်နေ့က Lockdown ချခဲ့တာဖြစ်ပြီး ဧပြီလ အစောပိုင်းက ပြန်လည်ရုတ်သိမ်းပြီး ဖြစ်ပါတယ်။

    Tags

    ChinaChinalockdownLockdownSecond Wavecoronavirus
    Read Full Article
    Claim :   တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသမြို့ကြီးတွေမှာ ကိုရိုနာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက်ပြန်လည် ဖြစ်ပွားနေကြောင်းနဲ့ တရုတ်အစိုးရက မြို့ကြီးများကို ပိတ်ဆို့ခြင်းအစီအမံများ တင်းတင်းကျပ်ကျပ် ပြုလုပ်နေကြောင်း ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖြန့်ဝေနေမှုကို BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!