BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဘာသာနှစ်ခုအကြား...
သတင်းအတု

ဘာသာနှစ်ခုအကြား အမြင်လွဲမှားစေရန်ဖြန့်ဝေတဲ့ သတင်းအမှား

By - Boom Live Myanmar |
Published -  11 July 2020 11:30 AM IST
  • ဘာသာနှစ်ခုအကြား အမြင်လွဲမှားစေရန်ဖြန့်ဝေတဲ့ သတင်းအမှား

    ဗမာ့သူရဲကောင်း ဆိုတဲ့ ဖေစ့်ဘွတ်အကောင်မှ ဇွန်လ ၂၇ ရက်နေ့မှာ ဘာသာရေးဆိုင်ရာ အမြင်လွဲမှားမှုတွေဖြစ်စေဖို့ရည်ရွယ်ချက်နဲ့ဖြန့်ချိတဲ့သတင်းအမှားတစ်ခုကို လူမှူကွန်ရက်မှာဝေမျှခဲ့ပါတယ်။

    ဒီလိုရေးသားဖြန့်ဝေရာမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က အွန်လိုင်းပေါ်မှ ပျံ့နှံ့ခဲ့တဲ့ ဗလီတစ်ခုထဲမှ ဘုန်းကြီးနှစ်ပါးရဲ့ ပုံကို အသုံးပြုကာ ဘာသာရေးတိုက်ခိုက်တဲ့ စကားလုံးတွေအသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

    သူရဲ့ရေးသားမှုမှာတော့ "ဘာသာသာသနာနှင့်တိုင်းပြည်အတွက် အရေးကြီးချိန်ရောက်နေပြီ ဗုဒ္ဓဘာသာသာသနာကိုဖျက်ဆီးစေခြင်းအလို့ငှာ....မွတ်စလင်ဘာသာဝင်များက....အယောင်ဆောင်သက်န်းအရေခြုံ၍...ဘုန်းကြီးအယောင်ဆောင်ပြီး.ဗုဒ္ဓဘာသာ..သာသနာအားဖျက်ဆီးရန်ကြိုးပမ်းဆောင်ရွက်နေကြသည်ဖြစ်သဖြင့် သတိ ဝီရီယဖြင့် စောင့်ကြည့် သာသနာအားစောင့်ရှောက်သင့်ပါကြောင်း အရေးကြီးပြီ အမျိုးတို့ .သွေးစည်းကြမည်." ဆိုပြီး ရေးသားထားပါတယ်။

    ဒါ့အပြင် ဖြန့်ဝေမှုမှာပါတဲ့ ပုံပေါ်မှာလည်း "ထိုင်းနိုင်ငံတွင် ဗုဒ္ဓဘာသာ ရဟန်းတော်များအား ဖျက်ဆီးရန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ယောင်ဆောင်ထားသော မွတ်စလင်နှစ်ဦး သောကြာနေ့တိုင်း သို့ ဗလီသို့ လျှို့ဝှက်စွာ လာရောက်ဝတ်ပြုသည့် ပုံများ အွန်လိုင်းတွင် ပျံ့နှံ့။ မြန်မာနိုင်ငံတွင်လည်း ဦးဇင်းဂျောင်းဂျောင်း အလင်္ကာကြယ် ဦးသောမ အစရှိ မွတ်စလင်များ ဗုဒ္ဓဘာသာအတွင်း စိမ့်ဝင်အယောင်ဆောင်ကာ ရဟန်းတော်များအား သင်းကွဲပျက်စီးအောင် လုပ်ဆောင်နေသည်မှာ ထင်ရှားစွာမြင်တွေ့နိုင်သဖြင့် ပြည်သူအများအသိတရား ဝင်သင့်ကြပါပြီ" ဆိုပြီး ရေးသားဖြန့်ဝေခဲ့တာပါ။ မူရင်းဖြန့်ဝေမှုကို ဒီနေရာ မှာကြည့်ရှု့နိုင်ပါတယ်။

    အဆိုပါအကောင့်ပိုင်ရှင်ရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာလည်း အလားတူ ဘာသာရေး၊ နိုင်ငံရေးနဲ့ပါတ်သတ်ပြီး အစွန်းရောက်တဲ့ ရေးသားဖြန့်ဝေမှုအများအပြားတွေ့ရပြီး အများစုမှာ NLD အစိုးရအပေါ်တိုက်ခိုက်ရေးသားဖြန့်ဝေမှုတွေ တွေ့ရပါတယ်။

    သတင်းဆန်းစစ်ချက်

    BOOM အနေ့နဲ့ ဖြန့်ဝေမှုမှာပါတဲ့ ပုံကို တိုက်ဆိုင်ကြည့်ရှု့ရာမှာတော့ ဒီပုံဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတည်းက အွန်လိုင်းပေါ်မှာ ဖြန့်ဝေမှုအများအပြားရှိနေပြီး မလေးရှား၊ ထိုင်းနဲ့ ရုရှားဘလော့တွေမှာ အများဆုံးတွေ့ရပါတယ်။ ဒါပေမယ့် ဒီပုံကို ထိုင်းနိုင်ငံတောင်ပိုင်းက ဗလီတစ်ခုမှာ ရိုက်ခဲ့တာလို့ပြောနေတာတွေ ရှိသလို မလေးရှားနိုင်ငံက ဗလီမှာ ရိုက်ယူခဲ့တယ်လို့ လည်းပြောနေကြပါတယ်။


    အထက်ဖေါ်ပြပါပုံမှာတွေ့ရတဲ့ အတိုင်း ဘယ်ဘက်ခြမ်းက ပုံဟာ ၂၀၁၁ ခုနှစ် ဇန်နဝါရီလအတွင်းက ဖြန့်ဝေခဲ့တာဖြစ်ပြီး ညာဘက်ကပုံကတော့ ၂၀၁၆ ခုနှစ် သြဂုတ်လ မှာဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာတွေမှာ ကြည့်နိုင်ပါတယ်။

    BOOM အနေနဲ့ ဒီပုံနဲ့ ပါတ်သတ်ပြီး ရှာဖွေရာမှာ အွန်လိုင်းပေါ်မှာ အစောဆုံးတွေ့ရှိမှုက ၂၀၀၉ ခုနှစ် ဧပြီ ၁၄ ရက်နေ့က ဖြန့်ဝေထားမှုတစ်ခုဖြစ်ပြီး ရေးသားထားသူအနေနဲ့လည်း တိကျတဲ့ အချက်အလက်များမရှိပဲ အဆိုပါပုံကို အီမေးလ်ကသာ ရရှိခဲ့တာဖြစ်ကြောင်းနဲ့ မလေးရှားမှာရိုက်ယူထားတာဖြစ်နိုင်ကြောင်း ရေးသားထားပါတယ်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


    မူရင်းဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။

    ဆယ်စုနှစ်တစ်ခုစာလောက် အွန်လိုင်းပေါ်မှာ အခါခါဖြန့်ဝေနေတဲ့ ဒီပုံတွေကို ကြည့်ခြင်းအားဖြင့် ဗမာ့သူရဲကောင်း ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဖြန့်ဝေရေးသားထားသလို ဗုဒ္ဓဘာသာဘုန်းတော်ကြီးယောင်ဆောင်ထားတဲ့ မွတ်စလင်နှစ်ဦး သောကြာနေ့တိုင်း သို့ ဗလီသို့ လျှို့ဝှက်စွာ လာရောက်ဝတ်ပြုနေတယ်ဆိုတဲ့အချက်ဟာ လှည့်ဖျားရေးသားထားခြင်းဖြစ်ပါတယ်။ အလားတူဒီအကြောင်းအရာကိုချိတ်ဆက်ပြီး ပြည်တွင်းက အခြား သံဃာတော်တွေကို အမြင်လွဲမှားအောင် တိုက်ခိုက်တဲ့ရေးသားမှူတစ်ခုသာဖြစ်ပါတယ်။

    Tags

    Buddhist monksMosqueSiamMalaysiaThailandFake News
    Read Full Article
    Claim :   အွန်လိုင်းပေါ်မှာ ပြန့်နှံ့ခဲ့တဲ့ ဗလီတစ်ခုထဲမှ ဘုန်းကြီးနှစ်ပါးရဲ့ ပုံကို အသုံးပြုကာ ဘာသာရေးတိုက်ခိုက်တဲ့ စကားလုံးတွေအသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေတဲ့အတွက် BOOM Myanmar က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!