BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ထိုင်းမှာ ဖမ်းဆီးခံရသူတွေကို AA က...
      သတင်းအတု

      ထိုင်းမှာ ဖမ်းဆီးခံရသူတွေကို AA က လူသစ်စုဆောင်းလို့ ထွက်ပြေးလာသူတွေလို့ သတင်းအမှားဖြန့်

      ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ ရခိုင်လူငယ်တွေကို AA က လူသစ်စုဆောင်းလို့ ထွက်ပြေးလာသူတွေလို့ ဖြန့်ထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  13 Dec 2024 8:52 PM IST
    • ထိုင်းမှာ ဖမ်းဆီးခံရသူတွေကို AA က လူသစ်စုဆောင်းလို့ ထွက်ပြေးလာသူတွေလို့ သတင်းအမှားဖြန့်

      အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ ရခိုင်လူငယ်တွေ ဖမ်းဆီးခံရတဲ့ သတင်းတွေကို ဖော်ပြထားပြီး “AA အကြမ်းဖက် အဖွဲ့၏ အတင်းအဓမ္မ လူသစ်စုဆောင်းပြီး အသေခံတိုက်ပွဲဝင်ခိုင်းနေသောကြောင့် ထွက်ပြေးကြသောရခိုင်လူငယ်များ ထိုင်းတွင်အဖမ်းခံရ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တွေကပါ ကူးယူဖော်ပြထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ ရခိုင်လူငယ်တွေကို AA က လူသစ်စုဆောင်းလို့ ထွက်ပြေးလာသူတွေလို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာလာတဲ့ လူငယ် (၈၄) ယောက်ဟာ ထိုင်းနိုင်ငံ ကန်ချနပူရီမှာ ဒီဇင်ဘာ ၁၁ ရက် နံနက်အစောကြီး ည ၁ နာရီခန့်မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းတွေ ဖော်ပြထားပါတယ်။

      ဒီလူငယ်တွေဟာ ရခိုင်ပြည်နယ်ကနေ မလေးရှားမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက် ပွဲစားကို ထိုင်းဘတ်ငွေ ၇၅၀၀၀ ပေးပြီး ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက် လာကြသူတွေဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလို အလုပ်သွားရောက် လုပ်ကိုင်ဖို့ ပွဲစားနဲ့ ထွက်ခွာလာတဲ့ လူငယ်တွေကို AA က လူသစ်စုဆောင်းလို့ ထွက်ပြေးလာသူတွေကို စစ်ကောင်စီ လော်ဘီတွေက ဖြန့်ထားတာ ဖြစ်ပါတယ်။

      ထိုင်း သတင်းတွေမှာ ဖော်ပြထားတဲ့ လူငယ်တွေ ဖမ်းဆီးခံရတဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

      Read Full Article
      Claim :   AA အဖွဲ့၏ အတင်းအဓမ္မ လူသစ်စုဆောင်းပြီး အသေခံတိုက်ပွဲဝင်ခိုင်းနေသောကြောင့် ထွက်ပြေးကြသောရခိုင်လူငယ်များ ထိုင်းတွင်အဖမ်းခံရ။
      Claimed By :  Telegarm, Facebook,
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!