BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာ့ရုပ်မြင်သံကြားက...
သတင်းအတု

မြန်မာ့ရုပ်မြင်သံကြားက သတင်းကိုအသံပြုပြင်ထားတဲ့ Video အတု

လူမှုကွန်ယက်ပေါ်မှာ မြန်မာရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ သတင်းရုပ်သံ ဗီဒီယိုဖိုင်ကို ပြုပြင်ပြီး စကားလုံးအသုံးအနှူန်းလွှဲပြောင်းထားတဲ့ ဗီဒီယိုဖိုင်တစ်ခုပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  25 May 2020 2:00 PM IST
  • မြန်မာ့ရုပ်မြင်သံကြားက သတင်းကိုအသံပြုပြင်ထားတဲ့ Video အတု

    ဒီ Video file ကို Aung Naing Htwe ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မေလ ၂၂ ရက်နေ့ မနက် ၈ နာရီ ၂၇ မိနစ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ၎င်း Video နဲ့အတူ "ဖေမြင့်တို့ကတော့ လုပ်ချလိုက်ပြီ။ တပ်မတော် အကြမ်းဖက်သောင်းကျန်းသူများတဲ့" လို့ရေးသားထားပြီး အောက်ဆုံး ရေးသားသူ အမည်နေရာမှာ ဂိုရှယ်လေး လို့ ရေးသားထားပါတယ်။

    ဒီ Video ဟာ ကြာမြင့်ချိန် ၂၄ စက္ကန့်ရှိပြီး Video ရဲ့ အတွင်းပိုင်းမှာတော့ "တပ်မတော် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အများပြည်သူ သွားလာလျှက်ရှိသည့် စစ်တွေ ရန်ကုန် ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ မင်းပြား ရာမောင်တံတားအနီးတစ်ဝိုက်ရှိ ပွိုင့် ၁၁၄ တောင်ကုန်း တွင်နေရာယူကာ လမ်းပမ်းဆက်သွယ်မှုအား ပြတ်တောက်စေရန် နှောင့်ယှက်တိုက်ခိုက်မှုများ စသည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ" ဆိုတဲ့အပိုင်းကို တစ်စိတ်တစ်ပိုင်း ဖော်ပြထားပါတယ်။

    အဆိုပါ Aung Naing Htwe ဖေ့စ်ဘွတ်အကောင့်က Video ကို ဝင်ရောက်ကြည့်ရှု့သူ ၇ သောင်းကျော်ရှိနေပြီး ထပ်ဆင့်ဝေမျှသူ ၂၅၀၀ ကျော် ရှိနေပါတယ်။

    ဒါ့အပြင် နောက်ထပ် Kyaw Naing ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုကလည်း မေလ ၂၂ ရက်နေ့ မနက် ၁၀ နာရီ ၁၃ မိနစ်မှာ "MRTV ကတော့ လုပ်ပြီ၊ တပ်မတော်အကြမ်းဖက် သောင်းကျန်းသူတဲ့" လို့ ရေးသားပြီး အဆိုပါ Video ကိုပဲ တင်ထားပါတယ်။ Kyaw Naing ဖေ့စ်ဘွတ်မှာတင်ထားတဲ့ Video ကို ဝင်ရောက်ကြည့်ရှု့သူ ၆၅၀၀ ကျော်ရှိနေပြီး ထပ်ဆင့်ဝေမျှသူ ၂၀၀ နီးပါး ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    Aung Naing Htwe ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ MRTV ရုပ်သံဌာန တံဆိပ်တပ်ထားတဲ့ Video မှာ ပြောထားတဲ့ တပ်မတော်အကြမ်းဖက် သောင်းကျန်းသူများဆိုတဲ့ ဆိုတဲ့ အကြောင်းအရာ Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ မြန်မာ့ရုပ်မြင်ကြားက ထုတ်လွှင့်တဲ့ သတင်း Video ကို ပြန်လည်တည်းဖြတ်ပြီး လုပ်ကြံဖန်တီးထားတာကို တွေ့ရပါတယ်။

    မူရင်း Video ဟာ မေလ ၉ ရက်နေ့က MRTV ရုပ်သံဌာနရဲ့ Video သတင်းတစ်ပုဒ်ဖြစ်ပြီး မူရင်းသတင်းရဲ့ ခေါင်းစဉ်ဟာ "ပွိုင့် - ၁၁၄ တောင်ကုန်း AA အကြမ်းဖက် သောင်းကျန်းသူများ၏ ခြေကုပ်စခန်းအား သိမ်းပိုက်ရရှိ" ဆိုတဲ့ သတင်း ခေါင်းစဉ်နဲ့ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ဒီ မူရင်း Video ရဲ့ အတွင်းမှာတော့ "AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် အများပြည်သူ အသုံးပြု သွားလာလျှက်ရှိသည့် စစ်တွေရန်ကုန် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မင်းပြားရာမောင်တံတား အနီးတစ်ဝိုက်ရှိ ပွိုင့်-၁၁၄ တောင်ကုန်းတွင် နေရာယူကာ လမ်းပန်းဆက်သွယ်မှုအား ပြတ်တောက်စေရန် နှောင့်ယှက် တိုက်ခိုက်မှုများ စသည့် အကြမ်းဖက် လုပ်ရပ်များကို ဆက်လက် ဆောင်ရွက်ခဲ့ရာ Covid-19 ရောဂါ စောင့်ကြည့်ခံရသူများ၏……" လို့ ပြောဆိုကြေငြာထားခဲ့တာဖြစ်ပါတယ်။

    Video အတု ဖန်တီးသူဟာ သတင်းထဲမှာပါဝင်တဲ့ "AA"ဆိုတဲ့ အသံနေရာမှာ "တပ်မတော်" ဆိုတဲ့ အသံကို အစားထိုးပြီး ၎င်း Video ကို Edit ပြုလုပ်ကာ သတင်းအတု ပြုလုပ်ထားခြင်းဖြစ်ပါတယ်။

    မူရင်း Video ကို ဒီမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    fake newsfake TV video
    Read Full Article
    Claim :   Aung Naing Htwe ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ MRTV ရုပ်သံဌာန တံဆိပ်တပ်ထားတဲ့ Video မှာ ပြောထားတဲ့ တပ်မတော်အကြမ်းဖက် သောင်းကျန်းသူများဆိုတဲ့ ဆိုတဲ့ အကြောင်းအရာ Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!