BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အမုန်းစကားနဲ့ သတင်းအမှားတွေ...
သတင်းအတု

အမုန်းစကားနဲ့ သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ MPT Myanmar Page အတု

ဆိုရှယ်မီဒီယာပေါ်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဖြစ်တဲ့ MPT နာမည်ကို အသုံးပြုထားတဲ့ ဖေ့စ်ဘွတ် ပေ့ချ်အတု တစ်ခု ထွက်ပေါ်နေပြီး အဆိုပါ Page ကနေ သတင်းအမှား ဖြန့်ဝေမှုတွေ၊ အမုန်းစကား ဖြန့်ဝေမှုတွေ ပြုလုပ်နေပါတယ်။ Page Like ငါးသောင်းကျော်ရှိနေတဲ့ ဒီပေ့ချ်အတုမှာ သတင်းအမှားပေါင်းမြောက်များစွာအပါအဝင် ဘာသာရေးလူမျိူးရေးဆိုင်ရာ လှူံ့ဆော်တဲ့ အကြောင်းအရာတွေတင်ဆက်နေတဲ့ Page အတုတစ်ခုဖြစ်တာကြောင့် Boom Myanmar က ဒီပေ့ချ်အတုအပေါ် ဆန်းစစ်ထားပါတယ်။

By - Boom Live Myanmar |
Published -  4 Jun 2020 9:22 AM IST
  • အမုန်းစကားနဲ့ သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ MPT Myanmar Page အတု

    MPT Myanmar လို့ နာမည်ပေးထားတဲ့ ၎င်း ဖေ့စ်ဘွတ်ပေ့ချ်အတုကို လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးကတည်းက စတင်ထားတာဖြစ်ပြီး ၂ အဲ့ဒီ ဖေ့စ်ဘွတ်ပေ့ချ် စတင်ပြုလုပ်စဉ် ကာလမှာ MPT Facebook Page က ကြော်ငြာတွေကို ကူးယူဖော်ပြီးပြီး ပုံမှားရိုက်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ဆက်သွယ်ရေး ကွန်ယက် MPT ရဲ့ တရားဝင် website ကိုပါ Page မှာ ဖော်ပြထားပြီး MPT ရဲ့ တရားဝင် Facebook Page နဲ့ ပုံစံတူ ပြုလုပ်ထားတာကို တွေ့ရပါတယ်။ အဲ့ဒီ facebook page ဟာ စတင်ပြုလုပ်ပြီး ၈ ရက်တိတိ MPT တရားဝင် Page မှာ တင်သမျှကိုသာ ကူးယူပြီး ပြန်လည် ဖော်ပြတာကို တွေ့ရပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီ Page ဟာ MPT ရဲ့ နာမည်ကို အသုံးချကာ ပုံမှားရိုက်ထားတာ ဖြစ်ပြီး MPT ရဲ့ တရားဝင် ဖေ့စ်ဘွတ်ပေ့ချ်ဟာ User Name မှာ @mptofficial လို့ ရေးထားပြီး Facebook က တရားဝင်အသိအမှတ်ပြုထားတဲ့ Blue Badge ရရှိထားပါတယ်။ Page အတုကတော့ Blue Badge မပါဝင်ပါဘူး။

    MPT Myanmar နာမည်နဲ့ Page အတု ဟာ စဖွင့်ဖွင့်ခြင်း ၈ ရက်ခန့်သာ ပုံမှန်ကြော်ငြာပိုစ့်တွေကို ကူးယူဖော်ပြခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ သကြားမင်းရုပ်ထုနဲ့ ပိုက်ဆံပုံတွေ တင်ထားပြီး "ဒီလထဲ ထီပေါက်၊ ငွေတွေများကြီး ဝင်ချင် ရှယ်ထားလိုက်။ ကိုယ့်စောင့်နတ် ၊ အိမ်စောင့်နတ် အိပ်မက်လာပေးလိမ့်မယ် ခုနစ်ရက်သားသမီးတွေကို ယုံကြည်စွာလုပ်ပါ" လို့ ရေးတင်ခဲ့ပါတယ်။ ဒီလိုရေးတင်တဲ့ နည်းလမ်းဟာ ၎င်းတို့ Page ကို Like တွေ Share တွေ များလာအောင် ကိုးကွယ် ယုံကြည်မှုကို အလွဲသုံးစား ပြုလုပ်ခြင်းသာ ဖြစ်ပါတယ်။ Page အသစ်မှာ တင်ထားတဲ့ အဲ့ဒီပိုစ့်ဟာ Like လုပ်ထားသူ ၁၀၀ နီးပါးနဲ့ ထပ်မံ ဝေမျှသူ ၈၅ ယောက် ရှိခဲ့ပါတယ်။

    ဒါ့အပြင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ မြိုင်ကြီးငူ ဆရာတော်ရဲ့ ရုပ်ကလပ်ဓါတ်ပုံကို တင်ထားပြီး "ယခုPost ကိုမြင်တဲ့သူများ အရမ်းကံကောင်းပါတယ်။ အားလုံးပဲ ဖူးမျှော်ခွင့်ရအောင် Share ပေးကြပါဦး" လို့ ရေးတင်ထားပါတယ်။ အဲ့ဒီ ပိုစ့်ကို like လုပ်ထားသူ ၂၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ကျော် ရှိခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့မှာတော့ ငွေသား သိန်း ၃၀၀ ဆု သုံးဆု၊ Toyota ကား အစီး ၂၅ စီး ၊ i Phone 8 plus အလုံး ၃၀ နဲ့ ဖုန်းငွေဖြည့်ကဒ် ၁ သောင်းတန် ကဒ် ၁၀၀၀ ကို မဲဖောက်ပေးမယ်လို့ ရေးထားပြီး စည်းကမ်းချက်အနေနဲ့ အဲ့ဒီ Page ကို like နဲ့ Share ပြုလုပ်ပေးရမယ်လို့ ရေးထားတဲ့အပြင် See first ပါ လုပ်ပေးရမယ်လို့ ရေးထားပါတယ်။ အဲ့ဒီ ပိုစ့်ကို Like လုပ်ထားသူ ၄၀၀ ကျော်နဲ့ ထပ်မံဝေမျှသူ ၃၀၀ နီးပါး ရှိခဲ့ပါတယ်။

    ၂၀၂၀ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာတော့ ၂၀၁၉ ခုနှစ်က ကားတွေ၊ ဖုန်းတွေ ပိုက်ဆံတွေ၊ ငွေဖြည့်ကဒ်တွေ ကံစမ်းမဲ ဖောက်ပေးမယ်ဆိုတဲ့ ပိုစ့်ကို ပြန်တင်ထားပြီး ၎င်း Page ကို like နဲ့ Share လုပ်ပြီး See first လုပ်ထားဖို့ ထပ်တင်ထားပါတယ်။ အဲ့ဒီ ပိုစ့်ကို Like လုပ်ထားသူ တစ်သောင်းကျော်နဲ့ ထပ်မံဝေမျှထားသူ သုံးသောင်းကျော် ရှိနေပါတယ်။


    ဒီနည်းလမ်းဟာ Page အတုထောင်သူတွေ ပြုလုပ်နေကြပုံစံဖြစ်ပြီး Page like ၁ သိန်းကျော်ရရင် Online Shopping ပြုလုပ်သူတွေကို တဆင့်ပြန်လည်ရောင်းချတာတွေ၊ ရွေးကောက်ပွဲကာလမှာ နိုင်ငံရေးအမြတ်ထုတ်တဲ့ သတင်းတင်ခြင်းတွေ၊ သတင်းအမှားတင်တဲ့ Website က သတင်းတွေကို ပြန်လည် ဖော်ပြတာတွေ၊ ချဲထီ ဂဏာန်းပေးတဲ့ Page တွေအဖြစ် ပြောင်းလဲ လေ့ရှိပါတယ်။


    Page အတုဟာ Like များဖို့အတွက် ကားတွေ ဖုန်းတွေ ငွေဖြည့်ကဒ်တွေ ကံစမ်းမဲ ဖောက်ပေးမယ်ဆိုတဲ့ Post ကို မကြာခဏ တင်လေ့ရှိခဲ့ပြီး ခုနောက်ပိုင်းမှာ ဘာသာရေးနဲ့ ဆိုင်တဲ့ အမုန်းစကားဖြန့်ဝေမှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။



    Tags

    fake newsFake PageHate speech
    Read Full Article
    Claim :   မြန်မာ့ဆက်သွယ်ရေးကွန်ယက် ဖြစ်တဲ့ MPT ရဲ့ နာမည်သုံးပြီး ပြုလုပ်ထားတဲ့ MPT Myanmar ဆိုတဲ့ Facebook Page အတု အကြောင်းကို Boom Myanmar က အချက်အလက် စစ်ဆေး ပေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!