BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကြည့်ရှု့သူ ၃ သန်းခွဲကျော်ခဲ့တဲ့...
သတင်းအတု

ကြည့်ရှု့သူ ၃ သန်းခွဲကျော်ခဲ့တဲ့ Live Video အတု

လူမှုကွန်ယက်ပေါ်မှာ အမေရိကန်နိုင်ငံက မီးလောင်မှု အကြီးအကျယ် ဖြစ်ပွားနေတဲ့ မြင်ကွင်းလို့ ပြောပြီး တိုက်ရိုက်ပြသနေတဲ့ Video အတု တစ်ပုဒ် ပြန့်နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  5 Jun 2020 10:15 AM IST
  • ကြည့်ရှု့သူ ၃ သန်းခွဲကျော်ခဲ့တဲ့ Live Video အတု

    အဲ့ဒီ Video ကို USA News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၃ ရက်နေ့ နေ့ခင်း ၂ နာရီမှာ တင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ကို တင်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က "USA Today" ဆိုတဲ့ စာကို ၎င်း live Video နဲ့ အတူ တင်ထားပါတယ်။ ဒီ Video ထဲမှာ ကားလမ်းမဘေးမှာ ရှိတဲ့ အဆောက်အဦးတွေ မီးလောင်နေတာကို မြင်တွေ့ရပြီး မီးသတ်ကားတွေ ကားတွေ သွားလာနေတဲ့ မြင်ကွင်းကိုလည်း မြင်တွေ့နေရပါတယ်။

    အဆိုပါ Live Video ကို ဝင်ရောက်ကြည့်ရှု့သူ ၃.၆ သန်းကျော် ရှိနေပြီး ၊ like လုပ်ထားသူ ၃ သောင်းရှစ်ထောင်၊ Comment ပေါင်း ၃၆၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၄၄၀၀၀ ကျော် ရှိနေပါတယ်။

    ဒါ့အပြင့် ဇွန်လ ၃ ရက်နေ့မှာ L&H Shop ဆိုတဲ့ ထိုင်းနိုင်ငံက facebook page တစ်ခုက ဒီ Video ကို Live ပြန်လွင့်ထားပါတယ်။ အဲ့ဒီ Video ကို ဝင်ရောက်ကြည့်ရှု့သူ ၁၆၀၀၀ ကျော်ရှိနေပြီး ၃၀၀ ကျော်က ထပ်ဆင့်မျှဝေထားပါတယ်။


    သတင်းဆန်းစစ်ချက်

    အမေရိကန်မှာ မီးလောင်မှု ဖြစ်ပွားနေတယ်ဆိုပြီး Live လွှင့်ထားတဲ့ Video file ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Video အဟောင်းတစ်ပုဒ်ကို Live Streaming Software အသုံးပြုပြီး အခု ဖြစ်ပွားနေသယောင် ပြန်တင်ထားတာ ကို တွေ့ရပါတယ်။

    အမေရိကန်မှာ George Floyd သေဆုံးခဲ့တာနဲ့ ပက်သက်ပြီး နိုင်ငံအနှံ့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတဲ့အချိန် တခြားနိုင်ငံက Video အဟောင်း တစ်ပုဒ်ကို ပြန်တင်ထားတာ ဖြစ်ပါတယ်။

    ဒီ Video ကို လွန်ခဲ့တဲ့ ၃ လ ခန့်ကလည်း ACHIYA BRO ဆိုတဲ့ YouTube အကောင့်တစ်ခုမှာ တင်ထားဖူးပါတယ်။ အဲ့ဒီ YouTube အကောင့်မှာတော့ သီရိလင်္ကာနိုင်ငံသုံး ဘာသာစကားဖြစ်တဲ့ Sinhala ဆိုတဲ့ ဘာသာစကားနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ရုတ်တရက် လောင်ကျွမ်းခဲ့တဲ့မီးလို့ ရေးသားထားပါတယ်။


    ဒီ Live Video တင်ခဲ့တဲ့ Page ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဒီ Page ဟာ ဇွန်လ ၂ ရက်နေ့ကမှ စတင်ပြုလုပ်ထားတာ တွေ့ရပါတယ်။ ဒီ သတင်းကို ရေးသားနေချိန် ဇွန်လ ၄ ရက်နေ့ အထိ ဒီ Page ကို Like လုပ်ထားသူ ၃၆၀၀၀ ကျော်နဲ့ Follow လုပ်ထားသူ ၁ သိန်းကျော် ရှိနေပါတယ်။ အချိန် ၃ ရက်အတွင်းမှာ Like နဲ့ follow လုပ်ထားသူ များစွာရရှိခဲ့ပါတယ်။


    ဒီ Page မှာ မီလောင်ကျွမ်းနေတဲ့ Video အဟောင်းကို Live Streaming Software အသုံးပြုပြီး တင်ခဲ့သလို ဒီ Page က Video အများစုဟာ အဆိုပါ Software သုံးပြီး ပြန်တင်ထားတဲ့ Video တွေဖြစ်နေတဲ့အပြင် VOA သတင်းဌာနရဲ့ အမှတ်တံဆိပ်ပါ Video တစ်ပုဒ်ကိုပါ Live လွှင့်ပြီး ပြန်တင်ထားပါတယ်။





    Tags

    Fake NewsFake live videofire burning
    Read Full Article
    Claim :   အမေရိကန်မှာ မီးလောင်မှု ဖြစ်ပွားနေတယ်ဆိုပြီး Live လွှင့်ထားတဲ့ Video အဟောင်း တစ်ပုဒ်အကြောင်းကို Boom Myanmar က အချက်အလက် စစ်ဆေး ပေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!