BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ကချင်ကထွက်ခွာကြဖို့...
      သတင်းအတု

      ကချင်ကထွက်ခွာကြဖို့ လိမ်လည်ဖြန့်ဝေတဲ့ ကြေငြာချက်အတု

      ကချင်ပြည်နယ်မှာ စစ်မှုမထမ်းမနေရ သတ်မှတ်ကာ ဒေသရင်းကမဟုတ်တဲ့ပြောင်းရွှေ့လာသူတွေကို နေရပ်ပြန်ဖို့ KIO သတိပေးတယ်ဆိုတဲ့ ကြေငြာချက်အတုတစ်စောင်ပြန့်နှံ့လျက်ရှိပါတယ်။

      By - Boom Live Myanmar |
      Published -  12 May 2021 2:59 PM IST
    • ကချင်ကထွက်ခွာကြဖို့ လိမ်လည်ဖြန့်ဝေတဲ့ ကြေငြာချက်အတု

      ဒီကြေငြာချက်ကို အကောင့်အတုတွေနဲ့ page တွေကနေ တချိန်တည်းဖြန့်ဝေနေတာဖြစ်ပြီး ကချင်ပြည်နယ်တွင်းနေထိုင်သူတွေကြား စိတ်ဝမ်းကွဲစေနိုင်တဲ့ အကြောင်းအချက်တွေကို ထည့်သွင်းရေးသားပြီးဖြန့်ဝေထားတာဖြစ်ပါတယ်။

      ရေးသားဖြန်ွှဝေနေကြတဲ့ Facebook ပို့စ်တွေမှာ "ကချင်ပြည်နယ်ရဲ့အချုပ်အခြာကိုထိပါးနှောက်ယှက်လာတဲ့ဘေးကနေကာကွယ်ဖို့ ပြည်နယ်သူ/သားတွေအနေနဲ့ ကချင်ပြည်နယ်ရဲ့ တစ်ခုတည်းသော KIA (ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) သို့ ၃ နှစ်စစ်မှု မထမ်းမနေရသတ်မှတ်ကြောင်း၊ ကချင်ပြည်နယ်မှာ ၁၉၆၀ မတိုင်မီကတည်းကနေထိုင်တဲ့ တိုင်းရင်းသားတွေလူမျိုးအားလုံး (ဗမာ အပါအဝင်)နှင့် အိန္ဒိယ/ နီပေါနွယ်ဖွား၊ တရုတ်လူမျိုးများ အားလုံးကို ကချင်ပြည်နယ် သူ/သား အဖြစ် KIO/ KIA ကနေ သတ်မှတ်ကြောင်း၊ ၁၉၆၀ နောက်ပိုင်းမှ ကချင်ပြည်နယ်ကိုရောက်ရှိလာတဲ့ ဘယ်လူမျိုးမဆိုကို ဧည့်ပြည်နယ်သားတွေအဖြစ်ပဲ သတ်မှတ်ကြောင်းနဲ့ (၆) လအတွင်း မိမိပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့အတူ မူရင်းအရပ်ဒေသကို အပြီးပြောင်းရွှေ့ကြဖို့ကို သတိပေးတယ်" ဆိုတဲ့ အချက်အပါအဝင် အချက်ငါးချက်ပါထုတ်ပြန်ချက်အတုကို ဖြန့်ဝေနေတာဖြစ်ပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီဖြန့်ဝေနေမှုတွေမှာ ပါတဲ့ KIA ရဲ့ သတိပေးစာ ဆိုတဲ့ စာမှာ အတုသာဖြစ်ပြီး ကချင်ပြည်နယ်အတွင်းနေထိုင်သော လူမျိုးများကြား သွေးခွဲသပ်လျှိုမှုများ ရှိလာနိုင်တာကြောင့် သတိထားကြဖို့ KIA တပ်တွေကို အသိပေးအကြောင်းကြားထားတယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

      ခုဖြန့်ဝေနေတဲ့ KIA ရဲ့ သတိပေးစာအတုနဲ့ပတ်သက်လို့ ကချင်ပြည်နယ်သတင်းတွေအများဆုံး ဖော်ပြပေးနေတဲ့ Kachinwaves သတင်းဌာနရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကိုဆက်သွယ်မေးမြန်းပြီးသတင်းဖေါ်ပြထားပါတယ်။


      Kachinwaves သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      ဒါ့အပြင် Khit Thit Media သတင်းဌာနမှာလည်း ခုဖြန့်နေတဲ့ စာဟာ အတုသာဖြစ်တဲ့အပြင် ယခုတိုက်ပွဲသည် နောက်ဆုံးတိုက်ပွဲဖြစ်လို့ ကချင်ပြည်နယ်အတွင်းနေထိုင်သော လူမျိုးများကြား သွေးခွဲသပ်လျှိုမှုများ ရှိလာနိုင်တဲ့အတွက် သတိထားကြဖို့ KIA တပ်မဟာ အသီးသီးသို့ KIO ဗဟိုမှ စာပို့ထားကြောင်း ဖော်ပြထားပါတယ်။


      Khit Thit Media မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      Tags

      FakenewsFake statementKIA statementစစ်မှုမထမ်းမနေရ အမိန့်Ethnic armed groups
      Read Full Article
      Claim :   ကချင်ပြည်နယ်မှာ စစ်မှုမထမ်းမနေရ သတ်မှတ်ကာ ပြောင်းရွှေ့လာသူတွေကို နေရပ်ပြန်ဖို့ KIA သတိပေးတယ်ဆိုပြီး သတိပေးစာတစ်ခု အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!