BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကောင်းကင်မှာမြင်းတွေပျံနေတဲ့...
သတင်းအတု

ကောင်းကင်မှာမြင်းတွေပျံနေတဲ့ ဗီဒီယို ဘယ်ကလာသလဲ

ဆိုရှယ်မီဒီယာပေါ်မှာ နောက်ပြောင်ကြည်စယ်ဖို့ Graphic Animation နဲ့ ပြုလုပ်ထားတဲ့ Video အတုတွေ မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ဒီလိုဖန်တီးထားတဲ့ Video တွေကို အဟုတ်အမှန်ထင်ပြီး ထပ်ဆင့်မျှဝေနေမှုတွေ ရှိပါတယ်။

By - Boom Live Myanmar |
Published -  20 May 2020 1:01 PM IST
  • ကောင်းကင်မှာမြင်းတွေပျံနေတဲ့ ဗီဒီယို ဘယ်ကလာသလဲ

    ပြည်တွင်းက social media အသုံးပြုသူတွေကြားထဲမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဒီလို Video တစ်ခုပျံ့နှံ့ခဲ့ပါသေးတယ်။ Mai love ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ မတ်လ ၃၀ ရက်နေ့ ၁ နာရီ ၅၁ မိနစ်မှာ Animation နဲ့ ပြုလုပ် ထားတဲ့ Video တစ်ပုဒ်ကို တင်ထားပါတယ်။ ဒီ Video အနဲ့အတူ "မြင်လိုက်ရလား... မြင်သူတိုင်းမျှဝေပေးပါ ကံကောင်းစေရမည်" ဆိုတဲ့စာသားကို ရေးတင်ထားပါတယ်။ Video ရဲ့အတွင်းပိုင်းမှာတော့ Animation နဲ့ ပြုလုပ်ထားတဲ့ မြင်းသုံးကောင် ကောင်းကင်ပေါ်က ဖြတ်သွားတာကို ပြသထားတာဖြစ်ပါတယ်။

    ဒီ Video ကို ဝင်ရောက်ကြည့်ရှု့သူ ၁ သိန်း ၃ သောင်းကျော် ရှိနေပြီး၊ ထပ်ဆင့်ဝေမျှသူ ၁၆ဝဝဝ နီးပါး ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    Mai Love ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ ကောင်းကင်မှာ မြင်းတွေ ပျံနေတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဒီဗီဒီယိုဟာ နည်းပညာအသုံးပြုပြီး ပြုပြင်ဖန်တီးထားတဲ့ Video ဖြစ်ကြောင်းတွေ့ရှိရပါတယ်။ ဒီ Video ဟာ Graphic animation နည်းပညာနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ပြုလုပ်ပြီးသား မြင်းစီးနေတဲ့ အရုပ်တစ်ခုကို Clone tool နဲ့ ထပ်ဆင့် Copy ကူးယူပြီး နောက်ထပ် မြင်း ၂ ကောင် ဖန်တီးထားတာဖြစ်ပါတယ်။ မူရင်း Video ကို ဘရာဇီးနိုင်ငံသား ဂရပ်ဖစ် ဒီဇိုင်း ပညာရှင် Jessen Carlos က ပြုထားတာဖြစ်ပြီး အဆိုပါ Video ကို သူ့ရဲ့ Instagram နဲ့ Youtube အကောင့်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။


    ဒါ့အပြင် အခြား Graphic Animator တွေကလည်း အခုလို Graphic Animation နဲ့ ပြုလုပ်ထားတဲ့ Video တွေ ဖန်တီးပြီး Facebook ၊ Youtube ၊ Twitter နဲ့ Tik Tok စတဲ့ လူမှုကွန်ယက်ပေါ်တင်ကာ ထူးခြားဆန်းကြယ်မှုတွေအဖြစ် ပုံဖော်ပြီး လူအများကို နောက်ပြောင်ကြည်စယ်လေ့ ရှိကြပါတယ်။

    ဒီလို Video တွေကို Tik Tok ပေါ်မှာ follower ၅ သိန်းကျော်ရှိတဲ့ user348975136668269 ဆိုတဲ့ အကောင့်တစ်ခုမှာလည်း တင်လေ့ရှိပါတယ်။ အလားတူ ပြုလုပ်ထားတဲ့ Video တွေကိုလည်း ဒီမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အခုလို အပျော်တမ်း ဖန်တီးထားတဲ့ Video တွေဟာ နောက်ပြောင်ကျီစယ် ဖို့ သက်သက်သာဖြစ်ပြီး ထူးခြားဆန်းကျယ်တဲ့ဖြစ်ရပ်မဟုတ်ပဲ လူတွေကို လှည့်ဖျားတဲ့ Video တွေသာဖြစ်ပါတယ်။



    Tags

    fake newsFake Graphic VideoFake funny video
    Read Full Article
    Claim :   Graphic Animation နည်းပညာနဲ့ ပြုလုပ်ထားတဲ့ ကောင်းကင်မှာ မြင်းတွေပျံနေတဲ့ Video အကြောင်းကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  Facebook, Youtube, Tik Tok, Twitter, Instagram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!