BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မဲခိုးမယ့်...
သတင်းအတု

မဲခိုးမယ့် လက်သန်းတုတွေဆိုပြီးဖြန့်နေတဲ့သတင်းက တကယ်မှန်ရဲ့လား

မကြာမီကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သတင်းတု၊ သတင်းအမှား ဖြန့်ဝေမှုတွေထဲမှာ ဒီရက်ပိုင်းထဲပျံ့နှံ့ခဲ့တဲ့ သတင်းအတုကတော့ ထူးခြားပါတယ်။

By - Boom Live Myanmar |
Published -  17 Aug 2020 9:08 PM IST
  • မဲခိုးမယ့် လက်သန်းတုတွေဆိုပြီးဖြန့်နေတဲ့သတင်းက တကယ်မှန်ရဲ့လား

    ဒီသတင်းအတုက လက်ချောင်းပုံစံအတုတွေနဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး၊ ရွေးကောက်ပွဲကာလမှာ မဲပေးဖို့လက်အတုတွေပြုလုပ်နေတယ်ဆိုတဲ့ အကြောင်းအရာဖြစ်ပါတယ်။

    ဒီရေးသားဖြန့်ဝေမှုကို Ko Kan Aung ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ သြဂုတ်လ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး ဝင်းဇော် ဆိုတဲ့ နောက်ထပ်အကောင့်ကလည်း တစ်နာရီခန့်ခြားကာ ထပ်မံ ကူးယူဖြန့်ဝေခဲ့ပါတယ်။

    ဒီလိုဖြန့်ဝေတဲ့အကြောင်းအရာမှာ အခုလိုရေးသားထားပါတယ်။ "ကဲ သတိ !! လက်ကိုအတုလုပ်ပြီး ကလိမ်ကကျစ်နဲ့ မဲခိုးဖို့ ကြံစည်နေပါတယ် မဲပေးတဲ့အခါ သေချာ စစ်ဆေးခြင်း ပြုကြပါ... !" ဆိုပြီး ရေးသားထားပါတယ်။ အဲ့ဒီအကြောင်းအရာကိုထပ်ဆင့်ဖြန့်ဝေမှု တစ်ထောင့်ကိုးရာကျော်ရှိခဲ့ပါတယ်။

    ဒီရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တကယ်တော့ ဒီလက်သန်းပြတ်တွေရဲ့ပုံက ပြည်တွင်းကပုံတွေမဟုတ်သလိုရွေးကောက်ပွဲကာလအတွက် ပြင်ဆင်ထားတဲ့လက်သန်းတွေလည်းမဟုတ်ပါဘူး။တကယ်တော့ ဒီပုံတွေက နိုင်ငံခြားသတင်းတစ်ခုက ပုံတွေကိုအသုံးပြုပြီး ပုံဖျက်ထားတဲ့သတင်းအဖြစ်ဖန်တီးထားတာသာဖြစ်ပါတယ်။

    ဒီလို ပုံဟောင်းတွေသုံးပြီး သတင်းတုတွေ ရေးသားဖြန့်ဝနေတာဟာ ခုမှမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှာလုပ်တဲ့ ရွေးကောက်ပွဲကာလတုန်းကလည်း ဒီပုံတွေကိုသုံးပြီး သတင်းတုတွေ ဒီလိုပဲ ဖန်တီးဖြန့်ဝေ ခဲ့ကြပါသေးတယ်။ ရေးသားဖြန့်ဝေခဲ့မှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီသတင်းကို BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ခဲ့ပြီး အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ BOOM ဝက်ဘ်ဆိုက်မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ကလည်း ဖော်ပြခဲ့ပါသေးတယ်။ BOOM ရဲ့ရေးသားဖော်ပြမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


    တကယ်တော့ ဒီလက်သန်းအတုတွေရဲ့ပုံတွေဟာ ၂၀၁၃ ခုနှစ်ကတည်းက သတင်းဟောင်းတစ်ခုကိုအခြေခံပြီးပြန်လည်ဖြန့်ဝေထားကြတာဖြစ်ပါတယ်။ မူရင်းသတင်းက လက်သန်းဖြတ်ခံရတဲ့ ဂျပန်ယာကူဇာဂိုဏ်းသားတွေကို လက်သန်းအတုတွေဆက်ပြီးအကူအညီပေးတဲ့အကြောင်းအရာဖြစ်ပါတယ်။



    ABC News သတင်းဌာနရဲ့ ဖော်ပြမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    2019 polls2020 pollsMyanmarbogus voteselectionsfake fingerfake votesfeaturedfingersIndiaJapanesepollVotes
    Read Full Article
    Claim :   ဓါတ်ပုံဟောင်းတွေအသုံးပြုကာ လက်ချောင်းအတုလုပ်ပြီးမဲခိုးဖို့ကြံစည်နေတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေနေမှုတွေကို BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!