BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သတင်းတု သတင်းမှားတွေ...
သတင်းအတု

သတင်းတု သတင်းမှားတွေ အကြိမ်ကြိမ်ဖြန့်ဝေတဲ့ စာရေးဆရာမ ဂျူးအမည်ခံ ပေ့ချ်အတုတွေ

စာရေးဆရာမ ဂျူးနာမည် အသုံးပြုဖွင့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့နဲ့ အကောင့်တွေမှာ နိုင်ငံရေးကိစ္စတွေ အပါအဝင် သူမရေးသားထားခြင်းမရှိတဲ့ အကြောင်းအရာတွေကို ဖြန့်ဝေနေတာတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  24 Aug 2022 8:19 PM IST
  • သတင်းတု သတင်းမှားတွေ အကြိမ်ကြိမ်ဖြန့်ဝေတဲ့ စာရေးဆရာမ ဂျူးအမည်ခံ ပေ့ချ်အတုတွေ

    ဒီလိုဖြန့်ဝေရာမှာ 'လက်ပံတောင်း ကြေးနီစီမံကိန်းအနီးမှာ ဖက်ဆစ်တပ် ထောင်ထားတဲ့ မိုင်း (၇၈)လုံး တွေ့ရှိ' ဆိုတဲ့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ မျိုးတွေအပြင် ဗေဒင်၊ ကျန်းမာရေး၊ လိင်မှုကိစ္စတွေနဲ့ နှစ်လုံးထီ ချဲဂဏန်းပေးတဲ့ အကြောင်းအရာတွေပါ ဖြန့်ဝေနေတာပါ။

    ဆရာမ ဂျူး အမည်ခံ ဖေစ့်ဘွတ်ပေချ့်တွေ ဂရုတွေဟာ follower သိန်းကျော်အထိရှိတတ်ပြီး ဂရုတွေမှာလည်း အဖွဲ့ဝင်ပေါင်း သိန်းကျော်ရှိနေပါတယ်။

    အချို့ဖြန့်ဝေမှုတွေဟာ အခြားဝက်ဆိုက်တွေ၊ ဘလော့စာမျက်နှာတွေက သတင်းတွေကို ပြန်လည် ဖြန့်ဝေထားတာဖြစ်ပြီး အချို့ပိုစ့်တွေမှာတော့ ဆရာမဂျူး ရေးသားထားသယောင် လုပ်ကြံရေးသားဖြန့်ဝေထားတာတွေ ရှိနေပါတယ်။


    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    Juu-ဂျူး အမည်ခံ ဖေစ့်ဘွတ်ပေချ့်အတုတွေနဲ့ ပတ်သတ်ပြီး စာရေးဆရာမ ဂျူးက Tin Tin Win ဆိုတဲ့ သူမရဲ့ တရားဝင် ဖေစ့်ဘွတ်အကောင့်မှာ ဩဂုတ်လ ၂၀ ရက်နေ့က ပြန်လည်ဖြေရှင်းထားပါတယ်။ ဆရာမဂျူးရဲ့ ဖြေရှင်းထားချက်ကို အောက်မှာ ဖတ်ရှု့နိုင်ပါတယ်။


    ဆရာမဂျူးရဲ့ ဖြေရှင်းထားချက်မူရင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဆရာမဂျူး အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကလည်း သူမနာမည်သုံး ဖွင့်လှစ်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ လိင်မှုကိစ္စနဲ့ ပတ်သတ်တဲ့ အငြင်းပွားဖွယ်ရာ စာတွေရေးသားဖြန့်ဝေနေတဲ့အတွက် သူမရေးသားထားတာ မဟုတ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ရပါသေးတယ်။


    အထက်ပါ အကြောင်းအရာနဲ့ ပတ်သတ်ပြီး BOOM က သတင်းဆန်းစစ်ထားခဲ့တာကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

    Tags

    Fake facebook pageFake facebook accountစာရေးဆရာမ ဂျူးwriter Juuspreading political contentpolitical fake news
    Read Full Article
    Claim :   စာရေးဆရာမ ဂျူးနာမည် အသုံးပြုဖွင့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့နဲ့ အကောင့်တွေမှာ နိုင်ငံရေးကိစ္စတွေ အပါအဝင် သူမရေးသားထားခြင်းမရှိတဲ့ အကြောင်းအရာတွေဖြန့်ဝေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!