BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အထိတ်တလန့်ခေါင်းစဉ်တွေဖန်တီးပြီး...
သတင်းအတု

အထိတ်တလန့်ခေါင်းစဉ်တွေဖန်တီးပြီး သတင်းတု၊ သတင်းမှားတွေဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေ

သတင်းဇာနတွေနဲ့ မူရင်းသတင်းတင်သူတွေရဲ့ဗီဒီယိုတွေကို အသုံးပြုပြီး အထိတ်တလန့်ခေါင်းစဉ်တွေနဲ့၊ သတင်းခေါင်းစဉ်အတုတွေဖန်တီးကာ သတင်းတုသတင်းအမှားဖြန့်ဝေနေတဲ့ပေ့ချ်တွေအမြောက်အများလူမှုကွန်ရက်ပေါ်မှာဆက်တိုက်ဆိုသလိုပျံ့နှံလာနေပါတယ်။

By - Boom Live Myanmar |
Published -  22 Dec 2023 7:31 PM IST
  • အထိတ်တလန့်ခေါင်းစဉ်တွေဖန်တီးပြီး သတင်းတု၊ သတင်းမှားတွေဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေ

    ဒီဖေစ့်ဘွတ်ပေချ့်တွေမှာ နေ့စဉ်သတင်းမှားပေါင်းများစွာ ဖြန့်ဝေနေတာဖြစ်ပြီး ပိုစ့်မှာ သတင်းအကြောင်းအရာ မရေးသားတော့ပဲ ဖြန့်ဝေတဲ့ ဗီဒီယိုတွေရဲ့ ကာဗာပေါ်မှာသာ လူအများ စိတ်ဝင်စားစေမယ့် ခေါင်းစဉ်စာသားတွေ ရေးသားပြီး ဖြန့်ဝေလာတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို အများဆုံး လုပ်ကြံဖြန့်ဝေနေတာပါ။

    လူတွေစိတ်ဝင်စားစေမယ့် အကြောင်းအရာတွေအဖြစ် ‘တပ်ချုပ်စိုးဝင်း ဒေါသပေါက်ကွဲ။ တပ်အရာရှိများ စုပြီး ကန့်ကွက်။ မင်းအောင်လှိုင်ကို ရာထူးဖြုတ်ဖို့လုပ်ဆောင် ၊ ‘နေပြည်တော်က ဗိုလ်ချုပ်တွေ ထွက်ပြေးပြီ’ ၊ ‘အာဏာရူး မင်းအောင်လှိုင် အာဏာပြန်အပ်ဖို့ သဘောတူပြီ။ တရုတ်နားချပြီး အာမခံပြီ။ အောင်ပြီ’ စတဲ့ လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာတွေကို ဗီဒီယိုဖိုင်အဖြစ် ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ ကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုတွေဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေနေတဲ့ သတင်းတုအများစုဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေတဲ့ သတင်းတွေကို ကိုးကားပြီး အမှားအမှန် ရောထွေး နေတဲ့ အကြောင်းအရာတွေ၊ ဗီဒီယိုကာဗာပေါ်မှာ ရေးထားတဲ့ အကြောင်းအရာနဲ့ ဗီဒီယိုအတွင်းက အကြောင်းအရာ လွဲနေတာတွေနဲ့ ခေါင်းစဉ်မတူတဲ့ တခြားသတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတဲ့ အကြောင်းအရာတွေ အများဆုံးဖြစ်ပါတယ်။

    ဒီလိုသတင်းအတုတွေ ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေဟာ သတင်းဌာန မီဒီယာ အမည်ခံ နာမည်တွေပေးထားကြတာဖြစ်ပြီး News-for-today၊ Myanmar Daily News၊ CB TV News၊ Tun Tun News၊ MM TOP DAILY နဲ့ မရေမတွက်နိုင်အောင် များပြားတဲ့ အခြား ပေချ့်အတုတွေ ရှိနေပါတယ်။

    သတင်းဌာန အမည်ခံ ဖေစ့်ဘွတ်ပေချ့်တွေဟာ သတင်းစိစစ်သူတွေ ရှာရမလွယ်ကူအောင် ပိုစ့်တွေမှာ သတင်းအကြောင်းအရာ မရေးသားတော့ပဲ ဖြန့်ဝေတဲ့ ဗီဒီယိုတွေရဲ့ ကာဗာပေါ်မှာသာ လူအများ စိတ်ဝင်စားစေမယ့် ခေါင်းစဉ်စာသားတွေ ရေးသားပြီး ဖြန့်ဝေလာတာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

    Tags

    Fake facebook pagesmisinformationClickbaitswar newsစစ်သတင်းသတင်းအမှားဖြန့်Fakenews
    Read Full Article
    Claim :   ဓာတ်ပုံအသုံးပြု သတင်းအမှားဖြန့်နေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!