BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Oppo ဖုန်း ပေးမယ်ဆိုပြီး...
သတင်းအတု

Oppo ဖုန်း ပေးမယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေ

ဂဏန်းနံပါတ်တွေ ခန့်မှန်းခိုင်းပြီး မှန်ကန်စွာ ဖြေဆိုနိုင်သူတွေကို နောက်ဆုံးပေါ် Oppo ဖုန်းပေးမယ်ဆိုကာ ပိုစ့်တွေ၊ ပေချ့်တွေကို like နဲ့ share ပြုလုပ်ခိုင်းပြီး လိမ်လည်နေမှုတွေ မကြာခန ဖြစ်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  23 Oct 2024 10:44 AM IST
  • Oppo ဖုန်း ပေးမယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေ

    ဒီလိမ်လည်နေတဲ့ ပိုစ့်တွေကို အောက်တိုဘာလ ဒုတိယအပတ်လောက်က စပြီး 𝐎𝐏𝐏𝐎 𝐅𝐀𝐍𝐒 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေ ကနေ ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ နံပါတ်အချို့ ရေးထားတဲ့ နောက်ဆုံးပေါ် Oppo ဖုန်း ပုံ နဲ့အတူ 'Oppo ဖုန်းနောက်ဆုံးထွက်ဗားရှင်းကို ရယူရန် (98) မှလွဲ၍ အခြားနံပါတ်များကို ရှာဖွေပါ။ မှတ်ချက်- ယခုဖြေဆိုရန် ကိုယ်စားလှယ်လောင်း ၁၇၀ သာ ကျန်ရှိတော့သည်' လို့ ရေးသားထားပါတယ်။

    အချို့ပိုစ့်တွေမှာတော့ Oppo ဖုန်း ပုံ နဲ့အတူ 'ယခုအချိန်အထိ ပုံနံပါတ်ကို မှန်ကန်စွာဖြေဆိုနိုင်ခြင်းမရှိသေးပါ။ ယနေ့ကျွန်ုပ်တို့သည်မှန်ကန်စွာဖြေဆိုသူတိုင်းအတွက်စျေးဝယ်ကူပွန်များကိုပေးပါသည်။ မှတ်ချက်- ကံထူးရှင်များကို Messenger မှတဆင့် တိုက်ရိုက်အကြောင်းကြားပါမည်' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူ များအောင် နဲ့ ဖြန့်ဝေမှုတွေ များအောင် တမင်လိမ်ညာရေးသားထားတဲ့အကြောင်းအရာတွေဖြစ်တာတွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ Oppo ‌ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်မဟုတ်သလို Oppo ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာလည်း ဒီလိုကံစမ်းမဲပေးမယ်ဆိုတဲ့ အကြောင်း ကြေညာထားတာ မရှိပါဘူး။ဒါဟာ ဆိုရှယ်မီဒီယာတွေပေါ်က လိမ်နည်း တမျိုးဖြစ်ပြီး ပေချ့် follower များလာ ချိန်မှာ ဒီပေချ့်ကို တခြားစီးပွားရေး တခုခု ပြုလုပ်ခြင်း (သို့) တခြားသူ တစ်ဦးကို ပြန်လည်ရောင်းချခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။

    Oppo ကုမ္ပဏီရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်နဲ့ ဝက်ဘ်ဆိုက်ကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းတုန်းကလည်း အခုလိုဖြစ်စဉ်နဲ့ ပုံစံတူ ဆမ်ဆောင်းဖုန်းပေးမယ်ဆိုတဲ့ လိမ်လည်မှုတွေ၊ ကိုကာကိုလာ ကုမ္ပဏီက ကားကံစမ်းမဲ့ ဖောက်ပေးမယ်ဆိုပြီး လိမ်လည်တာတွေ ရှိခဲ့တဲ့အတွက် BOOM က သတင်းဆန်းစစ်ထားပါသေးတယ်။

    ဒီနေရာ နဲ့ ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အခုဖြန့်ဝေနေတာ ဖေစ့်ဘွတ်ပေချ့် like များအောင်နဲ့ follower တိုးအောင် လိမ်ညာနေတဲ့ ဖေစ့်ဘွတ်ပေချ့်သာ ဖြစ်ပါ တယ်။ဒီဖေစ့်ဘွတ်ပေချ့်တွေဟာ ဖုန်း လက်ဆောင်ပေးမယ်၊ ငွေပေးမယ်၊ ကားပေးမယ်ဆိုပြီး ဆွဲဆောင်ကာ ပိုစ့်အောက်မှာ မှတ်ချက်တွေ ရေးခိုင်းပြီး ဖော်လိုဝါရှာနေတဲ့ ဖေစ့်ဘွတ်အတုတွေပဲ ဖြစ်ပါတယ်။

    အချို့လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ အွန်လိုင်းအသုံးပြုသူတွေရဲ့ အချက်အလက်တွေ လိမ်ညာတောင်းခံမှုတွေ လည်း ရှိနေပါတယ်။

    Tags

    Fake lotteriesFake facebook pagesဖေစ့်ဘွတ်ပေချ့်အတုFake donationကံစမ်းမဲအတုfake lucky drawကံစမ်းမဲLottery
    Read Full Article
    Claim :   နံပါတ် မှန်ကန်စွာ ဖြေဆိုနိုင်သူတွေကို နောက်ဆုံးပေါ် Oppo ဖုန်းပေးမယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!