BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • မရိုးနိုင်တဲ့ KBZPay အကောင့်...
      သတင်းအတု

      မရိုးနိုင်တဲ့ KBZPay အကောင့် အသုံးပြု ငွေလိမ်လည်တဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေ

      ကမ္ဘောဇဘဏ်ရဲ့ ငွေကြေးဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ KBZPay ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်ပုံစံပြုလုပ်ကာ KBZPay သုံးစွဲသူတွေရဲ့ အကောင့်တွေကို အဆင့်မြှင့်တင်ပေးမယ်ဆိုပြီး ငွေကြေးလိမ်လည် ထုတ်ယူနေတာတွေ ရှိနေပါတယ်။

      By - Boom Live Myanmar |
      Published -  26 Oct 2023 8:53 PM IST
    • မရိုးနိုင်တဲ့ KBZPay အကောင့် အသုံးပြု ငွေလိမ်လည်တဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေ

      လက်ရှိမှာ K Pay Myanmar နဲ့ KBZ Pay Myanmar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့် အတုတွေကနေ အကောင့်အဆင့်မြှင့်တင်ပေးမယ်လို့ ပြောဆိုကာ လာရောက် ဆက်သွယ်သူတွေဆီက ငွေကြေးလိမ်လည်ထုတ်ယူမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

      ဒီဖေစ့်ဘွတ်ပေချ့်တွေက တင်ထားတဲ့ ပိုစ့်တွေမှာ ‘KBZ Pay သုံးစွဲသူ မိဘပြည်သူများ အနေနဲ့ မိမိသုံးစွဲနေတဲ့ K Pay Acc လုံခြုံမှု ရှိစေရန် Special K Pay Acc ပြောင်းပေးပါတယ်ရှင့်။ Page ရဲ့ CB မှာ အသေးစိတ် မေးမြန်းနိုင်ပါတယ် ရှင့်’ ရေးသားဖြန့်ဝေကာ လိမ်လည်နေတာ ဖြစ်ပါတယ်။

      ဒါ့အပြင် အချို့ပိုစ့်တွေမှာ သူတို့ရဲ့ ဖေစ်ဘွတ်ပေချ့် အတုတွေကို တရားဝင်ပေချ့်လို့ ယုံကြည်စေအောင် သုံးစွဲသူတွေအတွက် သတိပေးစာ သဘောရေးသားဖြန့်ဝေတာမျိုးလည်း ရှိပါတယ်။ အောက်ပါ ပုံမှာ ကြည့်ရှု့ပါ။


      အထက်ပါပုံက သုံးစွဲသူတွေအတွက် သတိပေးစာရေးသားထားတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ ကမ္ဘောဇဘဏ်ရဲ့ တရားဝင် KBZPay ဖေစ့်ဘွတ်ပေချ့်က ရေးသားထားတဲ့ စာတွေကို ပြန်လည်ကူးယူရေးသားထားတာ ဖြစ်ပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      K Pay Myanmar နဲ့ KBZ Pay Myanmar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဖြန့်ဝေနေတာတွေဟာ Kpay အကောင့်တွေထဲက ငွေတွေကို လိမ်လည်ခိုးယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

      အခုဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေဟာ အတုတွေဖြစ်တဲ့အကြောင်းနဲ့ အွန်လိုင်းငွေလိမ်လည်မှုတွေအကြောင်းကို ကမ္ဘောဇဘဏ်ရဲ့ KBZPay ဆိုတဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့် မှာ အကြိမ်ကြိမ် ရေးသားဖြေရှင်းနေတာကို တွေ့ရပါတယ်။

      KBZ ဝန်ထမ်းတွေ အနေနဲ့ လူမှုမီဒီယာတွေပေါ်က တဆင့် ဝန်ဆောင်မှုပေးနေတာ မရှိတဲ့အပြင် Kpay အကောင့်တွေရဲ့ လျှို့ဝှက် PIN နဲ့ SMS ကုဒ် (တစ်ခါသုံး OTP ကုဒ်) တွေကိုလည်း လာရောက်တောင်းဆိုမှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။


      မသမာသူတွေ အနေနဲ့ SMS (စာတို) ထဲမှာ ဝက်ဆိုက်လင့် ပေးပို့ပြီး KBZPay OTP၊ PIN နံပါတ်နဲ့ မှတ်ပုံတင်နံပါတ် တွေကို တောင်းခံလေ့ရှိကြောင်း၊ ပေးပို့လာတဲ့ SMS (စာတို) ထဲမှာ ပါရှိတဲ့ လင့်တွေကို ဝင်ရောက်ခြင်း မပြုသင့်ကြောင်း၊ ဝင်ရောက် မိပါကလည်း ကိုယ်ပိုင်အချက်အလက်တွေကို ဖြည့်သွင်းတာတွေ မပြုလုပ်ဖို့လိုကြောင်းနဲ့ ကမ္ဘောဇဝန်ထမ်းတွေဟာ OTP နှင့် PIN များ လုံး၀ တောင်းခံခြင်းမရှိကြောင်း ရေးသားထားပါတယ်။

      ဒါ့အပြင် မသမာသူတွေဟာ အီးမေလ်းမှတဆင့် Website အတုများကို ပေးပို့ပြီးလည်း လိမ်နေကြောင်းနဲ့ "@kbzpay.com" နှင့် အဆုံးသတ်တဲ့ email Domain ဟုတ်မဟုတ်စစ်ဆေး ကြည့်ရှု့နိုင်ကြောင်း ရေးသားဖော်ပြထားပါတယ်။

      KBZPay ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့် မှာ ဖော်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      Tags

      scamming moneyKBZPay အကောင့်Fake facebook pagesငွေလိမ်လည်Fraud AwarenessfraudulentKBZpayအကောင့်တုပေချ့်အတု.
      Read Full Article
      Claim :   KBZPay အကောင့် အသုံးပြု ငွေလိမ်လည်တဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေ
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!