BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ချေးငွေဝန်ဆောင်မှုပေးတယ်ဆိုပြီး...
      သတင်းအတု

      ချေးငွေဝန်ဆောင်မှုပေးတယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေ

      ချေးငွေထုတ်ချေးတယ်ဆိုပြီး လာရောက်ဆက်သွယ်သူတွေဆီက ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းခံကာ လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေ ရှိနေပါတယ်။

      By - Boom Live Myanmar | 21 Sep 2022 2:14 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • ချေးငွေဝန်ဆောင်မှုပေးတယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေ

      ဒီဖေစ့်ဘွတ်ပေချ့်အတုတွေဟာ ပုံစံအမျိုးမျိုး၊ နာမည်အမျိုးမျိုးနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရှိနေတာဖြစ်ပြီး နာမည်ရ ဘဏ်တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဓါတ်ပုံတွေ၊ စာရွက်စာတမ်းတွေနဲ့ နာမည်တွေကို ရယူအသုံးပြုပြီး လိမ်လည်နေတာပါ။

      ဒီအယောင်ဆောင်ပေချ့် အတုတွေဟာ နာမည်အမျိုးမျိုးနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ လှုပ်ရှားနေတယ်ဆိုပေမယ့် သူတို့ တင်ထားတဲ့ ပိုစ့်တွေမှာ ရေးသားထားတဲ့ စာသားတွေနဲ့ လိမ်လည်ပုံ အများစုက တူနေပါတယ်။


      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီဖေစ့်ဘွတ်ပေချ့်အတုတွေဟာ နာမည်ရ ဘဏ်တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဓါတ်ပုံတွေကို ယူသုံးတဲ့ နေရာမှာ လက်ရှိမှာ 'ဇွဲထက် ချေးငွေလုပ်ငန်း' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ 'အောင်သမာဓိချေးငွေ' ဆိုတဲ့ ပေချ့်တွေဟာ 'Zwe Htet Gold & Jewellery Channel-1' နဲ့ 'အောင်သမာဓိ ရွှေဆိုင်' တို့ရဲ့ နာမည်တွေကို ယူသုံးထားတာသာ ဖြစ်ပါတယ်။

      ဒီပေချ့်အတုတွေမှာ တင်ထားတဲ့ ပရိုဖိုင်ပုံအပါအဝင် အချို့ပုံတွေဟာ 'Zwe Htet Gold & Jewellery Channel-1' ရွှေဆိုင်ပိုင်ရှင် အမျိုးသားနဲ့ အမျိုးသမီးပုံကို ယူသုံးထားတာ ဖြစ်ပါတယ်။ သူတို့ပုံ မူရင်းကို ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက 'Zwe Htet Gold & Jewellery Channel-1' ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေထားပါသေးတယ်။


      ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      ဒါ့အပြင် 'Zwe Htet Gold & Jewellery Channel-1' ပေချ့်ရဲ့ ကာဗာပုံမှာ ဇွဲထက် ရွှေဆိုင်အနေနဲ့ ချေးငွေလုပ်ငန်းတွေ၊ ငွေကြိုလွှဲခိုင်းတာတွေ၊ အွန်လိုင်းမှ ရတနာပစ္စည်းရောင်းချတာတွေ လုံးဝမပြုလုပ်ကြောင်း ရေးသားဖော်ပြထားပါတယ်။


      ဒါ့အပြင် အွန်လိုင်းချေးငွေ ဝန်ဆောင်မှုဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို BOOM က ဆက်သွယ်ကြည့်ရာမှာလည်း အများစုက ပိတ်ထားတာ တွေ့ရပါတယ်။ ပြန်လည်ဖြေကြားတဲ့ ဖုန်းအချို့ကလည်း သတင်းမီဒီယာက ဆက်သွယ်ကြောင်း သိရှိတာနဲ့ ဖုန်းချပစ်ခြင်းတွေပြုလုပ်ပြီး တချို့ကတော့ ဖုန်းကိုဘလော့သွားတာ တွေ့ရပါတယ်။

      လက်ရှိအွန်လိုင်းမှာ ချေးငွေဝန်ဆောင်မှုလုပ်ငန်းဆိုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့မှာ SME၊ ဇွဲထက်၊ မြစိမ်းရောင်၊ Kbz agent ချေးငွေ၊ ဦးမောင်မောင်၊ ကမ္ဘာရတနာ၊ ချေးငွေလုပ်ငန်း အမှန်အကန်၊ ရွှေမြန်မာ၊ အောင်ရတနာ၊ မိုင်မီတာ၊ အောင်သမာဓိ၊ မြရတနာ၊ အောင်ရတနာ၊ Kbz bank online ချေးငွေ၊ ပြည့်ဖြိုးစံ၊ စိန်သရဖူ၊ ထိုင်း မြန်မာ ချေးငွေ၊ ဦးသိန်းထွန်း၊ စိန်မိသားစုနဲ့ ဦးသိန်းထွန်း ဆိုတဲ့ ပေချ့်တွေ ဖြစ်ပါတယ်။

      Tags

      LoanOnline Loan ServiceFake facebook pageFake serviceငွေချေးလုပ်ငန်းအွန်လိုင်းငွေချေးလုပ်ငန်းFakenews
      Read Full Article
      Claim :   ချေးငွေထုတ်ချေးတယ်ဆိုပြီး လာရောက်ဆက်သွယ်သူတွေဆီက ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းခံကာ လိမ်လည်
      Claimed By :  Facebook, Website
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!