BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပေါ်ပြူလာသတင်းဌာနအမည်နဲ့...
သတင်းအတု

ပေါ်ပြူလာသတင်းဌာနအမည်နဲ့ သတင်းအမှားတွေ ဖြန့်နေတဲ့ Page အတု

သတင်းဌာနအမည်နဲ့ ပုံစံတူ ပြုလုပ်ထားတဲ့ Facebook Page အတုတွေဟာ လူမှုကွန်ယက်ပေါ် မကြာခဏ ပေါ်လာလေ့ရှိပါတယ်။

By - Boom Live Myanmar |
Published -  3 Feb 2021 7:30 PM IST
  • ပေါ်ပြူလာသတင်းဌာနအမည်နဲ့ သတင်းအမှားတွေ ဖြန့်နေတဲ့ Page အတု

    ပေါ်ပြူလာ သတင်းဌာန နာမည်နဲ့ ပြုလုပ်ထားတဲ့ Page အတုတစ်ခုဟာ ဒီရက်ပိုင်းအတွင်း သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေပါတယ်။

    ဖေဖော်ဝါရီလ မနက် ၇ နာရီ ၃ မိနစ်မှာ အဆိုပါ Page က "ရန်ကုန်ဆေးရုံကြီးမှCo19.ကာကွယ်ဆေးများအားလုံးကိုစစ်တပ်မှမတရားလုယူသွားပြီးဟုသိရပါတယ်" လို့ ရေးတင်ထားပြီး အဲ့ဒီ Facebook ပိုစ့်ကို Like လုပ်ထားသူ ၇၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၅၀ နီးပါးရှိပါတယ်။

    အဲ့ဒီနေ့ နေ့ခင်း ၁၂ နာရီ ၃၂ မိနစ်မှာလည်း "အမေရိကန် President ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆို ပြန်မလွှတ်ပါကစစ်ကြေညာမည်ဟုဆို" ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထပ်ဖြန့်ထားပြီး ၎င်းပိုစ့်ကို Like လုပ်ထားသူ ၃၀၀ ကျော် ရှိနေပါတယ်။

    ၁၂ နာရီ ၄၈ မိနစ်မှာတော့ "တပ်မတော်ကို စော်ကားတဲ့ အကောင့်ပိုင်ရှင်များအား ဥပဒေအရ ထိရောက်စွာ အရေးယူတော့မည်ဟု သိရှိရ" လို့ ထပ်မံဖြန့်ဝေခဲ့ပါသေးတယ်။ အဲ့ဒီပိုစ့်ကို Like လုပ်ထားသူ ၆၀၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၈၀၀ ကျော် ရှိနေပါတယ်။

    မူရင်းဖြန့်ဝေမှုတွေကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    ပေါ်ပြူလာသတင်းဌာန နာမည်နဲ့ ပြုလုပ်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဖြန့်ဝေထားတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းဌာနအမည်ခံပြီး သတင်းတုသတင်းမှားတွေဖြန့်ဝေနေတာတွေ့ရပါတယ်။

    ရန်ကုန်ဆေးရုံကြီးက Covid-19 ကာကွယ်ဆေးတွေ စစ်တပ်က လုယူသွားပြီဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက သတင်းအမှားဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

    ရန်ကုန်ဆေးရုံကြီးက ထုတ်ပြန်ထားတဲ့အကြောင်းကို ဒီမှာ ကြည့်ပါ။


    ဒါ့အပြင် ၎င်းတို့ ပေ့ချ်ဟာလည်း ပေါ်ပြူလာ သတင်းဌာန အမည်ကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ Page အတု ဖြစ်ပါတယ်။ ပေါ်ပြူလာ သတင်းဌာနရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဟာ Blue Mark ရရှိထားတဲ့ ပေချ့်ဖြစ်ပြီး ပေ့ချ်ရဲ့နာမည်ကို "Popular News Journal" လို့ ရေးထားတာ ဖြစ်ပါတယ်။ ပေ့ချ်အတုကတော့ Blue Mark မပါရှိဘဲ မြန်မာလို "ပေါ်ပြူလာ" လို့သာ ရေးထားပါတယ်။





    Tags

    Fake NewsFake pageMyanmar military coupCovid 19 vaccineသတင်းအမှာ
    Read Full Article
    Claim :   ပေါ်ပြူလာသတင်းဌာန နာမည်နဲ့ ပြုလုပ်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဖြန့်ဝေထားတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!