BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သတင်းမီဒီယာတွေရဲ့ သတင်းတွေကို...
သတင်းအတု

သတင်းမီဒီယာတွေရဲ့ သတင်းတွေကို ပြန်လည်ဆန်းစစ်တယ်ဆိုတဲ့ FACT CHECK ဖေစ့်ဘွတ်ပေချ့်အတု

သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို တိကျတဲ့ အထောက်အထားမရှိပဲ သတင်းအမှားတွေပါဆိုပြီး စွပ်စွဲပြောဆိုနေတဲ့ စစ်ကောင်စီလော်ဘီ ဖေစ်ဘွတ်ပေချ့် ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  23 Feb 2023 4:26 PM IST
  • သတင်းမီဒီယာတွေရဲ့ သတင်းတွေကို ပြန်လည်ဆန်းစစ်တယ်ဆိုတဲ့ FACT CHECK ဖေစ့်ဘွတ်ပေချ့်အတု

    သတင်းမီဒီယာတွေကို တိုက်ခိုက်ကာ စစ်ကောင်စီထောက်ခံရေးလုပ်နေတဲ့ Fact Check ဆိုတဲ့ဖေစ့်ဘွတ်ပေချ့်ကို Like လုပ်ထားသူ နဲ့ Follow လုပ်ထားသူ တစ်သောင်းနီးပါးရှိပြီး ဒီပေချ့်က ဖြန့်ဝေနေတဲ့ သတင်းအမှားတွေကို ထပ်ဆင့်ဖြန့်ဝေသူ အများအပြား ရှိနေပါတယ်။

    သတင်းအမှားဖြန့်ဝေရာမှာ Mizzima၊ မြေလတ်အသံ၊ Khit Thit Media၊ နဲ့ Ayeyarwaddy Times သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းအများစုကို သတင်းစိစစ်တယ်လို့ဆိုကာ သတင်းအမှားဖြစ်တယ်ဆိုပြီး ပြန်လည်ရေးသားဖြန့်ဝေနေတာပါ။

    သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ စစ်ကောင်စီတပ်သားတေွ တိုက်ပွဲကျတဲ့ သတင်းတွေနဲ့ စစ်ကောင်စီတပ်တွေက ပြည်သူတွေအပေါ် ကျူးလွန်တဲ့ မီးရှို့၊ လူသတ်တဲ့ကိစ္စတွေလိုမျိုး မတရားမှုတွေကို ဖော်ပြတဲ့ သတင်းတွေကို သတင်းအမှားတွေဆိုပြီး ပုံဖျက်ကာ သတင်းဌာနတွေက လုပ်ကြံရေးသားစွပ်စွဲနေတဲ့ ပုံစံနဲ့ ပြန်လည်ရေးသားဖော်ပြနေတာပါ။


    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီ FACT CHECK ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေနေတာတွေဟာ ယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ သတင်းတွေကို ပုံဖျက်ကာ စစ်ကောင်စီထောက်ခံရေးသားနေတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    သတင်းမီဒီယာတွေက သတင်းတွေကို စိစစ်တယ်ဆိုရာမှာလည်း တိကျတဲ့ အထောက်အထား တစ်ခုမှ မရှိပဲ ဒေသတွင်းအရင်းအမြစ်နဲ့ အတွင်းသတင်းအရ သိရတယ်ဆိုတဲ့ အချက်တွေနဲ့သာ ပြန်လည်စွပ်စွဲ ရေးသားနေတာ ဖြစ်ပါတယ်။

    ဒီဖြန့်ဝေနေတာတွေဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေ သက်သက်သာဖြစ်ပြီး မယုံကြည်ရတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။

    Tags

    FACT CHECKFake Facebook pageလော်ဘီFakenewsMilitary Coup
    Read Full Article
    Claim :   သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို တိကျတဲ့ အထောက်အထားမရှိပဲ သတင်းအမှားတွေပါဆိုပြီး စွပ်စွဲပြောဆိုနေတဲ့ စစ်ကောင်စီလော်ဘီ ဖေစ်ဘွတ်ပေချ့်
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!