BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စမတ်နာရီ လိမ်ရောင်းနေတဲ့...
သတင်းအတု

စမတ်နာရီ လိမ်ရောင်းနေတဲ့ အွန်လိုင်းရှော့ပင်းပေချ့်အတု

ကုမ္ပဏီနာမည်ပင် တိတိကျကျ ပြောဆိုထားခြင်းမရှိတဲ့ စမတ်နာရီကို ဖေစ့်ဘွတ်ပေချ့်အတုအသုံးပြုကာ အွန်လိုင်းပေါ်က ရောင်းချပြီး ပိုက်ဆံလိမ်လည်နေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  12 Aug 2023 12:49 PM IST
  • စမတ်နာရီ လိမ်ရောင်းနေတဲ့ အွန်လိုင်းရှော့ပင်းပေချ့်အတု

    ဒီအကြောင်းအရာကို May Myint Mo ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ်လ ၂ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ စမတ်နာရီပုံတွေ၊ အရောင်းချထားပုံအချို့နဲ့အတူ အောက်ပါစာသားတွေကိုရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။ စာသားတွေဟာ မူရင်းဖြန့်ဝေမှုအတိုင်း ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။

    ‘အိုး ဘုရား. ဒီ Appie series 8 စမတ်နာရီကို 99,000 MMK နဲ့ ဝယ်လိုက်ပေမယ့် အခု ကုမ္ပဏီက 24,500MMK (၁ ထည် အခမဲ့ ၁ စောင် ၄၉,၀၀၀ ကျပ်) နဲ့ ဝယ်လိုက်ပါပြီ။ US မှာ အလုပ်ကိစ္စနဲ့ ခရီးထွက်ရင်း မနှစ်အစောပိုင်းက ကုမ္ပဏီကနေ series7 ကို ဝယ်ခဲ့ပြီး အခုထိ အဆင်ပြေနေတုန်းပါပဲ။ ပြီးခဲ့တဲ့အပတ်က ကုမ္ပဏီက Ultra Pro Limited 2023 ဗားရှင်းကို မိတ်ဆက်လိုက်တယ်လို့ ကြားသိရတဲ့အခါ၊ အဲဒါကို ဝယ်ဖို့ US ကိုသွားတယ်။ သို့သော် ယနေ့တွင် ကုမ္ပဏီသည် အကြီးဆုံးစျေးဝယ်စင်တာ Yaggon Mid Valley Megamall တွင် စတိုးဆိုင်ဖွင့်သည့်အခါ ကြီးမားသော ပရိုမိုးရှင်းတစ်ခု ကြေညာခဲ့သည်။ နာမည်ကျော် အမေရိကန် နည်းပညာမြင့် နာရီကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ၎င်း၏ ပထမဆုံး ရုံးခွဲကို ယမန်နေ့က ဖွင့်လှစ်ခဲ့ပြီး နောက်ဆုံးထွက် Series8 pro စီးရီးများကို မိတ်ဆက်ခဲ့ သောကြောင့် လာရောက်ဝယ်ယူသူတိုင်း 50% လျှော့စျေး လည်း ရရှိနိုင်သည်’ စတဲ့ မြန်မာစာ အရေးအသား မပြေပြစ်တဲ့ စာသားတွေနဲ့ ဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်မှာယူသူတွေဆီက လိမ်ညာပြီး ငွေကြေးလိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု ဖြစ်နေပါတယ်။

    May Myint Mo ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ်လအတွင်း တင်ထားတဲ့ ပိုစ့် သုံးခုသာ ရှိပြီး profile ပုံချိန်းတဲ့ပိုစ့် ၂ ခုနဲ့ စမတ်နာရီရောင်း ပိုစ့်တစ်ခုသာ တင်ထားတာ ဖြစ်ပါတယ်။

    ဖြန့်ဝေမှုမှာ ပါဝင်တဲ့ ဓာတ်ပုံတွေကို Boom က ရှာဖွေ စစ်ဆေးကြည့်ရာမှာ တခြားနိုင်ငံက အွန်လိုင်းစျေးရောင်းချသူတွေ အသုံးပြုထားတဲ့ ဓာတ်ပုံတွေကို ကူးယူပြီး ပြန်လည်ဖြန့်ဝေ ထားတာသာ ဖြစ်ပါတယ်။


    နောက်တစ်ချက်အနေနဲ့ ဒီပေချ့်က ပေးထားတဲ့ နာရီဝယ်ယူရန် လင့်ထဲမှာ ဒီနာရီရောင်းတဲ့ ကုမ္ပဏီနာမည် (သို့) လုပ်ငန်းလိပ်စာ၊ ကုန်ပစ္စည်း အကြောင်းအရာတွေ ရေးသားမထားတဲ့အပြင် ပိုစ့်အောက်က ဒီနာရီအကြောင်း မှတ်ချက်ရေးသူတွေရဲ့ မြန်မာစာ အရေးအသားတွေဟာ မပြေပြစ်တဲ့ အရေးအသားတွေ ဖြစ်နေတာ တွေ့ရပါတယ်။


    အပေါ်မှာ ပြထားတဲ့ ပုံထဲက အရေးအသားတွေဟာ တခြားဘာသာစကား တစ်ခုခုကနေ Google translate အသုံးပြုပြီး မြန်မာဘာသာကို တိုက်ရိုက်ပြောင်းလဲ ထားတဲ့ ပုံစံတွေ ဖြစ်နေပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်က ပစ္စည်းတွေ မှာယူသုံးစွဲရာမှာ သတိထားဘို့ လိုအပ်ပြီး အကောင့်အတု ပေချ့်အတုတွေ အသုံးပြုပြီး လိမ်ညာမှုတွေ အများအပြား ရှိနေပါတယ်။

    အခုလို ပုံစံနဲ့ အရေပြားရောဂါပျော်ဆေး လိမ်လည်ရောင်းချတဲ့ ဖေစ့်ဘွတ်ပေချ့်အတု အကြောင်းကိုလည်း BOOM က ပြီးခဲ့တဲ့ လအတွင်းမှာ သတင်းစိစစ်ဖော်ပြထားပါတယ်။

    ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ဂျပန်နာရီSmart watchfake Facebook pagefake imageScamfake onling shop
    Read Full Article
    Claim :   စျေးသက်သာတဲ့ စမတ်နာရီတွေ အွန်လိုင်းပေါ်က အလွယ်တကူဝယ်ယူနိုင်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!