BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သတင်းအမှားတွေ ဖြန့်ဝေပြီး...
သတင်းအတု

သတင်းအမှားတွေ ဖြန့်ဝေပြီး ဝင်ငွေရှာနေတဲ့ ဖေစ့်ဘွတ်ပေချ့်

အဆိုတော် မေဆွိနာမည်နဲ့ ဖေစ့်ဘွတ်ပေချ့်အတုပြုလုပ်ပြီး သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေပြီး Clickbaits နဲ့ ပိုက်ဆံရှာနေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတစ်ခု လူမှုကွန်ရက်ပေါ်မှာ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  26 July 2023 9:53 AM IST
  • သတင်းအမှားတွေ ဖြန့်ဝေပြီး ဝင်ငွေရှာနေတဲ့ ဖေစ့်ဘွတ်ပေချ့်

    အဆိုတော် မေဆွိရဲ့ နာမည်နဲ့ ပုံတွေ အသုံးပြုထားတဲ့ ဒီဖေစ့်ဘွတ်ပေချ့်အတုကို ၂၀၁၈ ခုနှစ် နှစ်စကတည်းက ဖွင့်ထားတာဖြစ်ပြီး လက်ရှိမှာ Follower အရေအတွက် ကိုးသိန်းသုံးသောင်းကျော် ရှိနေပါတယ်။ဒီဖေစ့်ဘွတ်ပေချ့် အတုကနေ နေ့စဉ် သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ သတင်းအမှားဖြန့်ထားတဲ့ ပိုစ့်အောက်မှာ ‘ကြည့်ရန်နှိပ်ပါ’ ဆိုပြီး ဝက်ဆိုက်လင့်တစ်ခုပေးထားပါတယ်။ အဆိုပါ လင့်ကို နှိပ်လိုက်ပါက ဖြန့်ဝေထားတဲ့ သတင်းနဲ့ မသက်ဆိုင်တဲ့ ကြော်ငြာတွေ တင်ထားတဲ့ ဝက်ဆိုက်တစ်ခုကို ရောက်သွားပြီး အသုံးပြုနေတဲ့ ဖုန်း (သို့) ကွန်ပျူတာ ဆက်လက်အသုံးပြုလို့ မရတော့ပဲ ဖွင့်ထားသမျှပိတ်ပြစ်ရလောက်တဲ့အထိ လေးလံလာမှာ ဖြစ်ပါတယ်။


    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ သတင်းတွေအောက်က ပေးထားတဲ့ ဝက်ဆိုက်လင့်တွေကို ဝင်ရောက်ကြည့်ရှု့ပါက အထက်မှာ ပြောခဲ့သလို သတင်းနဲ့ မသက်ဆိုင်တဲ့ ကြော်ငြာတွေ တင်ထားတဲ့ ဝက်ဆိုက်တစ်ခုကို ရောက်သွားပြီး အသုံးပြုနေတဲ့ ဖုန်း (သို့) ကွန်ပျူတာ ဆက်လက် အသုံးပြုလို့ မရတော့ပဲ ဖွင့်ထားသမျှပိတ်ပြစ်ရလောက်တဲ့အထိ လေးလံလာမှာ ဖြစ်ပါတယ်။

    ဒီဖေစ့်ဘွတ်ပေချ့်ကနေ ၂၄ နာရီအတွင်း ဖြန့်ဝေနေတဲ့ သတင်းအတုတွေကို အောက်ကပုံမှာ ပြထားပါတယ်။


    အပေါ်ကပုံမှာပါတဲ့ အကြောင်းအရာတွေကို ယုံကြည်စိတ်ချရတဲ့ မည်သည့်သတင်းဌာနတွေမှာမှ ဖော်ပြထားတာ မရှိသလို လက်ရှိဖြစ်ပျက်နေမှုနဲ့လည်း ကျိုးကြောင်းဆီလျှော်မှု မရှိတာကို တွေ့ရပါတယ်။

    ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေဟာ အများပြည်သူ အထင်အမြင်လွဲအောင် တမင်လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake Facebook pagefamous singermisinformationFakenewsClickbaits
    Read Full Article
    Claim :   အဆိုတော် မေဆွိနာမည်နဲ့ ဖေစ့်ဘွတ်ပေချ့်အတုပြုလုပ်ပြီး သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!