BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဆမ်ဆောင်ဖုန်း လက်ဆောင်ပေးမယ်ဆိုပြီး...
သတင်းအတု

ဆမ်ဆောင်ဖုန်း လက်ဆောင်ပေးမယ်ဆိုပြီး ဖော်လိုဝါရှာနေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု

ဆမ်ဆောင်ဖုန်း လက်ဆောင်ပေးမယ်ဆိုပြီး ဆွဲဆောင်ကာ ပိုစ့်အောက်မှာ မှတ်ချက်တွေ ရေးခိုင်းပြီး ဖော်လိုဝါရှာနေတဲ့ ဖေစ့်ဘွတ်အတုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  14 Feb 2024 9:19 PM IST
  • ဆမ်ဆောင်ဖုန်း လက်ဆောင်ပေးမယ်ဆိုပြီး ဖော်လိုဝါရှာနေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု

    𝑺 𝑨 𝑴 𝑺 𝑼 𝑵 𝑮 𝑭 𝑨 𝑵 𝑺 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကမှ စတင်တည်ထောင်ထားတာ ဖြစ်ပေမယ့် ၅ လအတွင်းမှာ like လုပ်ထားသူ တစ်သောင်းခြောက်ထောင်ကျော်နဲ့ follower နှစ်သောင်းလေးထောင်ကျော်ရှိနေပါတယ်။

    ဒါပေမယ့် ဒီပေချ့်မှာ တင်ထားတဲ့ ပိုစ့်ပေါင်း ၆ ခု သာ ရှိပါတယ်။

    ပိုစ့်တွေမှာ ဆမ်ဆောင်းဖုန်းတွေ အခမဲ့ ပေးသွားမယ့် ပုံစံရေးသားထားပြီး အောက်မှာ နံပါတ်တွေ၊ အရောင်တွေ မှတ်ချက်ပေးခိုင်းထားတာ ဖြစ်ပါတယ်။

    ‘ဖုန်းအလုံးရေ 450 ကို ဆုများအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ အိတ်ပေါ်တွင် ခြစ်ရာအနည်းငယ်ရှိ၍ မရောင်းနိုင်ပါက ကျပန်းပေးဆောင်ပါမည်။ သင်လိုချင်သောအရောင်ကိုထည့်ပါ’ (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားကာ ဖုန်းလက်ဆောင်ပေးမယ်ဆိုပြီး ရေးသားထားပါတယ်။

    အချို့ပိုစ့်တွေမှာ ‘{43} မှလွဲ၍ အခြားနံပါတ်တစ်ခုကို ရှာတွေ့ပါက SAMSUNG မှ အံ့သြဖွယ်လက်ဆောင်တစ်ခု ရရှိမည်ဖြစ်သည်။ မှတ်ချက်- ဤဝန်ဆောင်မှုသည် ကျွန်ုပ်တို့ထံမှ လက်ဆောင်မရရှိဖူးသူများအတွက် ရည်ရွယ်ပါသည်။ ကံကောင်းပါစေ’ လို့ ရေးသားဖြန့်ဝေထားတာပါ။

    မူရင်းရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အဆိုပါ ကံစမ်းမဲ ပေးမယ်ဆိုတဲ့ ပိုစ့်တွေကို လူပေါင်း ထောင်ကျော်က ထပ်ဆင့်ဖြန့်ဝေနေကြတာဖြစ်ပြီး အချို့ပိုစ့်တွေရဲ့ အောက်မှာ မှတ်ချက်ပေးမှုပေါင်း တစ်သောင်းနီးပါးထိ ရှိကာ ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း သောင်းကျော်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် နဲ့ ဖြန့်ဝေမှုတွေ များအောင် တမင်လိမ်ညာရေးသားထားပဲ ဖြစ်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ Samsung ‌ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်မဟုတ်သလို Samsung ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာလည်း ဒီလိုကံစမ်းမဲပေးမယ်ဆိုတဲ့ အကြောင်း ကြေညာထားတာ မရှိပါဘူး။


    ပိုစ့်အောက်က မှတ်ချက်ပေးသူတွေကို အလိုအလျောက်ပြန်လည် ဖြေကြားတဲ့ မှတ်ချက်မှာလည်း ‘မင်္ဂလာပါ။ သင့်မက်ဆေ့ခ်ျကို အခုပဲ စစ်ကြည့်လိုက်ပါ ဆုလက်ဆောင်တွေက စောင့်မျှော်နေပါတယ်’ လို့ ပြန်လည်ဖြေဆိုတာကလွဲပြီး အခြားဘာမှ ပြန်ပြောထားပါဘူး။

    ဒါဟာ ဆိုရှယ်မီဒီယာတွေပေါ်က လိမ်နည်း တမျိုးဖြစ်ပြီး ပေချ့် follower များလာ ချိန်မှာ တခြားစီးပွားရေး တခုခုပြုလုပ်ခြင်း (သို့) တခြားသူတစ်ဦးကို ပြန်လည်ရောင်းချခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။

    Samsung ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကလည်း အခုလိုဖြစ်စဉ်နဲ့ ပုံစံတူ ကိုကာကိုလာ ကုမ္ပဏီက ကားကံစမ်းမဲ့ ဖောက်ပေးမယ်ဆိုပြီး လိမ်လည်တာတွေ ရှိခဲ့တဲ့အတွက် BOOM က သတင်းဆန်းစစ်ထားပါသေးတယ်။ ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အခုဖြန့်ဝေနေတာ ဖေစ့်ဘွတ်ပေချ့် like များအောင်နဲ့ follower တိုးအောင် လိမ်ညာနေတဲ့ ဖေစ့်ဘွတ်ပေချ့်သာ ဖြစ်ပါတယ်။

    Tags

    Fake newsFake PagedonateSamsungဆမ်ဆောင်းဖုန်းFake donationကံစမ်းမဲအတုfake lucky draw
    Read Full Article
    Claim :   ဆမ်ဆောင်ဖုန်း အလုံးရေ ၄၅၀ လက်ဆောင်ပေးမယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!