BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သတင်းမီဒီယာကောင်စီနာမည်နဲ့...
သတင်းအတု

သတင်းမီဒီယာကောင်စီနာမည်နဲ့ သတင်းအမှားတွေဖြန့်တဲ့ Page အတု

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ နာမည်နဲ့ Facebook Page တစ်ခု ထွက်ပေါ်နေပြီး အဆိုပါ Page မှာ သတင်းအမှားတွေ ဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar |
Published -  27 April 2020 8:03 PM IST
  • သတင်းမီဒီယာကောင်စီနာမည်နဲ့ သတင်းအမှားတွေဖြန့်တဲ့ Page အတု

    ဒီ Page ကို Aung Khant Zaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ၂၀၂၀ ခုနှစ် မတ်လ ၁၂ ရက်နေ့ မှာ စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး Facebook Page ရဲ့ နာမည်ကိုတော့ "မြန်မာပြည် သတင်းမီဒီယာ ကောင်စီ" လို့ ပေးထာကာ အဲ့ဒီ Page ကနေတရားဝင် သတင်းဌာနတွေက သတင်းတွေကို ကူးယူ ဖော်ပြနေသလို သတင်းအမှားတွေကိုလည်း တင်နေတာတွေ့ရပါတယ်။

    Page ကို Like များအောင် ဘယ်လိုလုပ်နေသလဲ

    ဒီ Page အတုဟာ ၎င်းရဲ့ page ကို Like တွေ follower တွေ များဖို့အတွက် ဧပြီလ ၂၄ ရက်နေ့ ည ၉ နာရီ ၁၂ မိနစ်မှာ ဖုန်းငွေဖြည့်ကဒ် ၅ သိန်းဖိုး မဲဖောက်ပေးမယ် ဆိုပြီး ရေးသားခဲ့ပါတယ်။ ဖုန်း bill လိုချင်သူများအနေနဲ့ Page ကို Like နဲ့ Follow လုပ်ထားပေးမှာ ဖြစ်ပြီး အဆိုပါ ပိုစ့်ကို လူများတဲ့ Group ထဲ Share ပေးရမယ်လို့ ရေးသားထားပါတယ်။ ဖုန်းဘေလ်ကံစမ်းမဲ ပေါက်သူတွေကို Messenger မှာ လူရွေးချယ်ပြီး လာပေးမယ်လို့ ရေးထားပါတယ်။

    ဒီနည်းလမ်းဟာ ခုနောက်ပိုင်း Page အတု ထောင်သူတွေ ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ Page မှာ Like တွေ Follower တွေ များလာတဲ့အခါ သတင်းအမှားတင်တဲ့ Website က သတင်းတွေကို အခကြေးငွေယူပြီး ထပ်ဆင့်မျှဝေပေးခြင်း သို့မဟုတ် Online Shopping ပြုလုပ်သူတွေကို တဆင့် ပြန်ရောင်းချခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။

    ဒီ Page အတုက ဧပြီလ ၂၄ ရက်နေ့မှာတင်ခဲ့တဲ့ ပိုစ့်ဟာ ထပ်ဆင့်မျှဝေသူ ၅၄၀၀ ကျော် ရှိနေပြီး ထပ်ဆင့် ဝေမျှနေကြဆဲပဲ ဖြစ်ပါတယ်။

    ဒါ့အပြင် အဲ့ဒီ့ပို့စ်ကိုပဲ တခြား Facebook Page ပေါင်းများစွာကလည်း ဒီစာသားအတိုင်း၊ ဒီဓါတ်ပုံတွေကို အသုံးပြုပြီး ဖုန်း ငွေဖြည့်ကဒ်တွေ ပေးမယ်ဆိုတဲ့လှည့်ဖျားမှူနဲ့ Page ကို Like နဲ့ follow လုပ်ထားဖို့ ပြန်တင်ထားကြပါတယ်။

    ဒီလိုပြန်တင်ခဲ့တဲ့ Page အားလုံးဟာ အခုထိ ဖုန်းငွေဖြည့်ကဒ် မဲဖောက်ပေးခြင်း မရှိပါဘူး။ ဒီနည်းလမ်းဟာ Page တွေကို အချိန်တိုအတွင်း Like များအောင် လိမ်ညာရေးသားတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။



    မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရဲ့ တရားဝင် Facebook Page ဟာ English လို Myanmar Press Council ဆိုပြီး ရေးထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ တရားဝင် Page ကို ဒီမှာ ကြည့်နိုင်ပါတယ်။

    မီဒီယာကောင်စီနာမည်နဲ့ တုပပြုလုပ်ထားတဲ့အဆိုပါ ဖေ့စ်ဘွတ်အကောင့် ပိုင်ရှင်မှာ Love&Sad ဆိုတဲ့ Facebook Page တစ်ခုအပြင်တခြားနာမည်နဲ့ ထောင်ထားတဲ့ Facebook Group ၂ ခု ရှိပါသေးတယ်။

    Page အတုမှာ ဘာတွေတင်လဲ

    ဒီ Page အတု မှာ တရားဝင် သတင်းဌာနတွေက သတင်းတွေ ပြန်ကူးယူပြီး တင်သလို သတင်းအဟောင်းတွေ သတင်းအမှားတွေလည်း တင်နေပါတယ်။ ဧပြီလ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၂ မိနစ်အချိန်မှာ ဒီ Page က "ယနေ့. နံနက် ( 7: 00. ) နာရီ နေပြည်တော်ကောင်စီ နယ်မြေတွင် မန္တလာမင်း နှင့် လမ်းအလုပ်သမားများ တင်ဆောင်လာသော Faw. Car. တို့တိုက် သတင်းထောက်ကျော်ခန့်ဇော်ပါ" ဆိုတဲ့ သတင်းအမှား တစ်ပုဒ်တင်ခဲ့ပြီး ယာဉ်မတော်တဆ ဖြစ်ထားတဲ့ ဓါတ်ပုံတွေနဲ့ ယှဉ်တွဲ ဖော်ပြထားပါတယ်။ တကယ်တော့ ဒီသတင်းဟာ ၂၀၁၇ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ က ယာဉ်မတော်တဆ ဖြစ်ခဲ့တဲ့ သတင်းအဟောင်းပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က သတင်းအဟောင်းကို ဒီမှာ ကြည့်ရှု့နိုင်ပါတယ်။


    ဒါ့အပြင် ဒီ Page မှာ ဖုန်း Bill မဲဖောက်ပေးမယ်ဆိုတဲ့ ပိုစ့်ကို ၂ ကြိမ်တိတိ ပြန်တင်ထားပါတယ်။ ဖုန်း Bill မဲဖောက်ပေးမယ်ဆိုတဲ့ ပိုစ့် ဟာ လက်ရှိမှာ ထပ်ဆင့်ဝေမျှသူ ၅၄၀၀ ကျော် ရှိနေပြီး ထပ်ဆင့် ဝေမျှနေကြဆဲ ဖြစ်ပါတယ်။

    ဒီ page ဟာ သတင်းမီဒီယာ ကောင်စီနာမည်ကို အလွဲသုံးစား ပြုလုပ်ထားပြီး သတင်းအမှားတွေ တင်နေတဲ့အတွက် ဝင်ရောက် မဖတ်သင့်တဲ့ Page အတုပဲ ဖြစ်ပါတယ်။




    Tags

    Fake facebook pagefake newsMyanmar Press Council
    Read Full Article
    Claim :   သတင်းမီဒီယာကောင်စီနာမည်နဲ့ သတင်းအမှားတွေဖြန့်တဲ့ Facebook Page အတု အကြောင်းကို Boom Myanmar က အချက်အလက် စုစည်းပေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!