BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ငွေအတုရောင်းတဲ့ Page...
သတင်းအတု

ငွေအတုရောင်းတဲ့ Page တွေကိုမယုံပါနဲ့

ဖေ့စ်ဘွတ်အကောင့်တုအသုံးပြုပြီး ငွေအတုထုတ်လုပ်ရောင်းချသူအယောင်ဆောင်ကာ လူမှုကွန်ရက်မှာ လိမ်လည်နေသူနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  28 Oct 2020 3:14 PM IST
  • ငွေအတုရောင်းတဲ့ Page တွေကိုမယုံပါနဲ့

    ဒီရက်ထဲမှာပဲ စက်တင်ဘာလ ၂၄ ရက်မှာ အကောင့် စတင်ဖွင့်လှစ်ထားတဲ့ Aung Thu Phyo ဆိုတဲ့ အကောင့်ကနေ တစ်သောင်းတန်နဲ့ ငါးတောင်တန်တွေထုတ်လုပ်နေတဲ့ပုံတွေကို ဖြန့်ဝေထားပြီး အဲ့ဒီငွေအတုတွေကို ငွေအစစ်နဲ့ ဝယ်ယူနိုင်ကြောင်းနဲ့ ဝယ်ူလို့ရမယ့် ဖုန်းနံပတ်တွေကိုပါတင်ထားတာဖြစ်ပါတယ်။

    နောက်ဆုံးတင်ခဲ့တဲ့ ပိုစ့်မှာ အောက်တိုဘာလ ၂၅ ရက်နေ့ဖြစ်ပြီး ဖြန့်ဝေမှုထဲမှာ ပိုက်ဆံပုံတွေအပြင် တစ်ထောင်တန်၊ တစ်သောင်းတန်နဲ့ ငါးထောင်တန် ငွေစက္ကူတွေ ရိုက်နှိပ်နေတဲ့ ဗွီဒီယိုဖိုင်တစ်ခုလည်းပါဝင်တာ တွေ့ရပါတယ်။

    ငွေအရောင်းအဝယ်ပို့စ်တွေကို ဖြန့်ဝေရာမှာ ရေးသားထားတာက "ငွေတုဝယ်ယူချင်သောသူများ 1သိန်းဖိုးဝယ်ရင် ငွေတု10သိန်းလဲပေးပါတယ် (၁၀၀၀၀)တန် ဝယ်ယူမှာလိုသောသူများ video file ထဲတွင်ပြသထား သော 09761145166 ကိုဖုန်းဆက်ပြီးမှာယူနိုင်ပါသည်။ Viber +959761145166 မှတစ်ဆင့်မှာယူလို့လည်း ရပါတယ်" ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။

    ဖြန့်ဝေနေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဖြစ်ရပ်နဲ့ အလားတူ ငွေအတုသည် ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှ Onlineမှတစ်ဆင့် ငွေတုများရောင်းချသည်လို့ လိမ်လည်ပြောဆိုပြီး ငွေကြေးလိမ်လည်နေသူတွေကို

    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကဖန်းဆီးအရေးယူခဲ့ပါတယ်။


    ဖမ်းဆီးခံရသူများမှာ "ငွေအတုသည်"အကောင့်တွင် တစ်သောင်းတန်နှင့် ငါးထောင်ကျပ်တန်ငွေများပုံတင်ထားပြီး ငွေအတုအမှန်တကယ်ရှိသည်အထင်ဖြစ်ဝယ်ယူသူများကို Wave Money မှငွေလွှဲစေကာ လိမ်လည်နေသူများဖြစ်ကြောင်းရဲတပ်ဖွဲ့၏ထုတ်ပြန်ထားပါတယ်။

    ၎င်းတို့ရေးသားဖြန့်ဝေသည့်ပို့စ်တွင် "ငွေဝယ်ယူမည့်သူများဆက်သွယ်ရန်ဖော်ပြထားသည့် ဖုန်းနံပတ်များကို ရဲတပ်ဖွဲံကနောက်ယောင်ခံစုံစမ်းရာမှဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးရမိချိန်တွင် ငွေအတုထုတ်လုပ်ထားသည့် သက်သေခံ ဆက်စပ်ပစ္စည်းတစုံတရာမရှိပဲလိမ်လည်သူများဖြစ်ကြောင်းဖေါ်ထုတ်တွေ့ရှိခဲ့သည်။

    ရဲဇာနည်ကတင်ထားတဲ့မူရင်း သတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    Tags

    counterfeit moneyFake Pagefake imageပိုက်ဆံလိမ်
    Read Full Article
    Claim :   တရားဥပဒေအရ အရေးယူခံရနိုင်တဲ့ ငွေတုဝယ်ယူသုံးစွဲတာနဲ့ ပါတ်သတ်ပြီး လိမ်လည်လှည့်ဖျားနေတဲ့ ဖေစ့်ဘွတ်အကောင့်တွေ အကြောင်း BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!