BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ငွေပေးမည်ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုတွေကို...
သတင်းအတု

ငွေပေးမည်ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုတွေကို မယုံပါနဲ့၊ အလိမ်ခံရနိုင်ပါတယ်

ကိုရိုနာကပ်ဘေး ကာလမှာ ဆိုရှယ်မီဒီယာပေါ် သတင်းအမှားတွေ၊သတင်းအတုတွေ ဖြန့်ဝေပြီး နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး အမြတ်ထုတ်မှုတွေရှိရာမှာ ပေချ့်အတုတွေ ထောင်ပြီး လူတွေဆီက ပိုက်ဆံလိမ်လည်တောင်းခံတဲ့ ကိစ္စတွေဟာ လည်း တခုအပါအဝင်ပါ။

By - Boom Live Myanmar |
Published -  26 Sept 2020 7:26 PM IST
  • ငွေပေးမည်ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုတွေကို မယုံပါနဲ့၊ အလိမ်ခံရနိုင်ပါတယ်

    ဒီလိုလိမ်ညာမှုတွေထဲမှ Facebook Group တွေထောင်ပြီး ငွေကြေးထောက်ပံ့မယ်ဆိုတဲ့ အဖွဲ့တွေ၊ ချဲဂဏာန်း ပေးခြင်းတွေကို သတင်းအမှားတင်တဲ့ website တွေ Facebook Page တွေကနေ ပြုလုပ်နေပါတယ်။

    ဒီရက်ထဲမှာ မြန်မာနိုင်ငံသားတိုင်း၅သိန်းရရှိပါမယ် ဆိုပြီး လူတွေဆီက ငွေတောင်းခံတဲ့ Facebook Group တစ်ခု ပေါ်လာတာ တွေ့ရပါတယ်။

    စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ပြုလုပ်ခဲ့တဲ့ ဒီဂရုထဲမှာ လူပေါင်း ရှစ်သောင်းနှစ်ထောင်ကျော် ရှိနေပြီး ငါးရက်အတွင်း တင်ခဲ့တဲ့ ပိုစ့်တွေမှာ ထပ်ဆင့်ဖြန့်ဝေသူ ခြောက်ထောင်ကျော်က နေ အနည်းဆုံး ကိုးရာကျော်အထိ ရှိနေပါတယ်။


    ဒီဖေစ့်ဘွတ်ဂရုမှာ လိမ်ညာ ဖြန့်ဝေနေတဲ့ ပိုစ့်တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တကယ်တော့ မြန်မာနိုင်ငံသားတိုင်း၅သိန်းရရှိပါမည် ဆိုတဲ့ အကြောင်းအရာဟာ တကယ်မဟုတ်ပါဘူး။ ဒီဂရုထဲမှာ သတင်းအမှား ဖြန့်ဝေနေတဲ့ အကောင့်တွေဟာ အကောင့်တုတွေ ဖြစ်ပြီး ဒီဖေ့စ်ဘွတ် Group ဟာလည်း လွန်ခဲ့တဲ့ တစ်ပတ်လောက်က ပြုလုပ်ထားတဲ့ Group ဖြစ်တာတွေ့ရပါတယ်။

    ဒီဂရုမှာ ဖြန့်ဝေနေတဲ့ ပိုစ့်အောက်က မှတ်ချက်တွေကို လိုက်ဖတ်ကြည့်ရင် သူတို့ ပြောထားသလို အမှန်တကယ် ပိုက်ဆံလွှဲပေးထားခြင်း မရှိပဲ လိမ်ညာပိုက်ဆံတောင်းထားတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။


    မှတ်ချက်ပေးသူတွေ ပြောစကားအရ ပေးထားတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ရာမှာ ပိုက်ဆံလွဲပေးရန် ဝန်ဆောင်မှုအဖြစ် ငွေတစ်သောင်းငါးထောင်ကို Wave Money က လွှဲပေးရန် ပြောဆိုခဲ့ပြီး ပြောတဲ့အတိုင်း ငွေလွှဲပြီးပါက ဖုန်းပိတ်သွားကြောင်း ပြောဆိုနေပါတယ်။

    အဆိုပါ ဖေစ့်ဘွတ်ဂရုတွေဟာ လိမ်ညာတဲ့ ပိုစ့်တွေ မကြာခဏ တင်လေ့ရှိပြီး ဖုန်းနံပါတ်များ ရေးသားခိုင်းကာ ငွေတောင်းခံမှုတွေပြုလုပ်လေ့ ရှိတဲ့အတွက် မယုံကြဘို့ လိုပါတယ်။

    Tags

    Fake facebook GroupFake facebook accountdonation moneydonation money from Wave MoneyGive away money
    Read Full Article
    Claim :   မြန်မာနိုင်ငံသားတိုင်း၅သိန်းရရှိပါမည် ဆိုပြီး လူတွေဆီက ငွေတောင်းခံတဲ့ Facebook Group တွေနဲ့ ပါတ်သတ်ပြီး BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!