BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လူသောင်းနဲ့ချီပြီး ဖြန့်ဝေနေတဲ့...
သတင်းအတု

လူသောင်းနဲ့ချီပြီး ဖြန့်ဝေနေတဲ့ နဂါးဗီဒီယို

နဂါးတစ်ကောင် သွားလာလှုပ်ရှားနေပုံ ကွန်ပျူတာပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖြန့်ဝေရင် ငွေဝင်မယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  4 March 2024 9:03 PM IST
  • လူသောင်းနဲ့ချီပြီး ဖြန့်ဝေနေတဲ့ နဂါးဗီဒီယို

    ဒီဗီဒီယိုကို ပြီးခဲ့တဲ့ နှစ်စပိုင်းမှာကတည်းက ဖြန့်ဝေမှုတွေ ရှိခဲ့ပေမယ့် We Love Laukkaing ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၂၉ ရက်နေ့က ထပ်မံဖြန့်ဝေခဲ့ရာမှာ ထပ်ဆင့်ဖြန့်ဝေမှု လေးသောင်းကျော် ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ မြစ်ထဲမှာ လှုပ်ရှားသွားလာနေတဲ့ နဂါးတစ်ကောင်ပါဝင်တဲ့ ဗီဒီယိုတစ်ခုနဲ့အတူ 'နဂါးအစစ်ပါ မြင်တာနဲ့ရှယ်ပါ ငွေဝင်ကြမ်းပါလိမ့်မယ်' လို့ ရေးသားထားပါတယ်။

    အချို့ဖြန့်ဝေမှုတွေမှာတော့ 'ဧရာဝတီ မြစ်ထဲ ကသောင်ပြင်တစ်ခုဘေးမှာ ချဲဂဏန်း ပေးတယ့် နဂါးကြီး' လို့ ရေးသားထားတာ တွေလည်း ရှိပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် တမင်လုပ်ကြံရေးသားထားတာ တွေ့ရပါတယ်။

    ဒီဖြန့်ဝေမှုဟာ နောက်ပြောင်ဖြန့်ဝေမှု အဖြစ်သာ အများစုက မြင်ကြတယ်ဆိုပေမယ့် အချို့အင်တာနက် အသုံးပြုသူတွေကြားမှာတော့ ဒီဗီဒီယိုကို ဖြန့်ဝေပါ‌က လာဘ်လာဘ ကောင်းစေတယ်၊ ကံကောင်းစေတယ်ဆိုပြီး ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    တကယ်တော့ ဒီဗီဒီယိုဖိုင်ဟာ King of Naga ဆိုတဲ့ Youtube ချန်နယ်တစ်ခုက ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ကို ကူးယူဖြန့်ဝေ ထားတာ ဖြစ်ပါတယ်။

    ဒီဗီဒီယိုဖိုင်ကို King of Naga ချန်နယ်မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၄ ရက်မှာ တင်ထားခဲ့တာဖြစ်ပြီး အောက်မှာ ထိုင်းဘာသာစကားနဲ့ ဒီဗီဒီယိုကလစ်ဟာ နာဂါးတွေရဲ့ လှုပ်ရှားမှုတွေကို အတုယူပြီး ကွန်ပျူတာ အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတာ ဖြစ်ကြောင်း၊ နဂါးတွေကို ကိုးကွယ်ဖို့ ရည်ရွယ်ဖန်တီးထားတာ မဟုတ်ကြောင်းနဲ့ ဒီဖန်တီးမှုက ကြည့်ရှု့သူတွေကို တစ်စုံတစ်ခု ထိခိုက်စေပါက တောင်းပန်ပါကြောင်း ရေးသားထားပါတယ်။


    မူရင်း ဗီဒီယိုဖိုင်မှာ ပါဝင်တဲ့ King of Naga ဆိုတဲ့ စာသားတွေကို ပြန်လည်ကူးယူဖြန့်ဝေသူတွေက ဖျက်ထားတာကို ဂရုစိုက်ကြည့်ရင် တွေ့နိုင်ပါတယ်။

    မူရင်း ဗီဒီယိုဖိုင်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    နေ့စဉ်နဲ့အမျှ သတင်းတုတွေ ဝေမျှနေကြတဲ့ကြားထဲမှာ လူတွေရဲ့ရိုးရာအလေ့အထဆိုင်ရာ ယုံကြည်မှူတွေကို အသုံးချပြီး ဝေမျှတဲ့ အကြောင်းအရာတွေလည်း မြောက်များစွာရှိနေပါတယ်။

    အခုဖြန့်ဝေနေတာ ဖေစ့်ဘွတ်ပေချ့် like များအောင်နဲ့ follower တိုးအောင် လိမ်ညာထားတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်ပါတယ်။

    Tags

    NagaDragonfake newsနဂါးထိုင်းရုပ်ရှင်Thai MovieKing of NagaFake videoTraditional beliefsငွေဝင်နည်း
    Read Full Article
    Claim :   နဂါးဗီဒီယို ဖြန့်ပါက ငွေဝင်မယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!