BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လူအများထိတ်လန့်စေဖို့...
သတင်းအတု

လူအများထိတ်လန့်စေဖို့ ရည်ရွယ်ဖြန့်ဝေတဲ့ ကိုဗစ်သတင်းအမှား

နောက် ၂ ပတ်ကြာရင် မြန်မာနိုင်ငံမှာ Covid 19 ကူးစက်ခံထားရသူ လူနာတွေ များလာတော့မယ့် အကြောင်းရင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ လူတွေထိတ်လန့်စေဖို့ဖန်တီးရေးသားတဲ့သတင်းတွေဟာဒီရက်ပိုင်းထဲပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  9 May 2020 8:39 PM IST
  • လူအများထိတ်လန့်စေဖို့ ရည်ရွယ်ဖြန့်ဝေတဲ့ ကိုဗစ်သတင်းအမှား

    တကယ်တော့ ဒီသတင်းအတုဟာ Covid လူနာတွေကို ကုသတဲ့အခါ အသက်ရှုစက် Ventilators တွေအစား အဆုပ်ထဲ လေမှုတ်ထည့်ပေးတဲ့ CPAP (စီပက်) ဆိုတဲ့ စက်တွေကို အသုံးပြုဖို့ တိုက်တွန်းထားတဲ့ ဆေးပညာ ဆောင်းပါးတစ်ပုဒ်ကို ခေါင်းစဉ်ပြောင်းပစ်ပြီး ပြန်လည်ဖော်ပြထားတဲ့ သတင်းအတုသာ ဖြစ်ပါတယ်။ ဒီသတင်းအတုကို Pyawsayar ဆိုတဲ့ ဝက်(ဘ်)ဆိုဒ်တစ်ခုက မေလ ၅ ရက်နေ့မှာ ရေးတင်ခဲ့ပြီး ၎င်းရဲ့ ဟာသကမ္ဘာဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ် မှာ ပြန်တင်ထားခဲ့တာဖြစ်ပါတယ်။

    ဒီသတင်းအတု ထဲမှာ မူရင်းဆောင်းပါးရဲ့ ခေါင်းစဉ်ဖြစ်တဲ့ "ကိုဗစ် ၁၉ လူနာများအတွက် လျှို့ဝှက်လက်နတ် (သို့မဟုတ်) CPAP Machines များ" ဆိုတဲ့ ခေါင်းစဉ်ကို "နောက် ၂ပတ်ကြာရင် မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ များလာတော့မယ့် အကြောင်းအရင်း" လို့ ပြောင်းလဲ ရေးသားထားပါတယ်။ သတင်းရဲ့ အတွင်းပိုင်းမှာတော့ မူရင်း ဆောင်းပါးကိုသာ ဖော်ပြထားပါတယ်။

    လက်ရှိမှာ ဒီ သတင်းအတုကို တဆင့်ပြန်လည်ဝေမျှသူ တစ်သောင်းလေးထောင် ကျော်ရှိနေပြီး တဆင့်ပြန်လည် ဝေမျှနေဆဲပဲ ဖြစ်ပါတယ်။ဒီပမာဏဟာ အကောင့်ပေါင်းသောင်းချီကနေ လူပောင်းသိန်းဂဏန်းအထိကို အဲ့ဒီသတင်းအမှားပျံ့နှံ့နေနိုင်တာဖြစ်ပါတယ်။


    သတင်းဆန်းစစ်ချက်

    ဒီသတင်းနဲ့ပတ်သက်နဲ့ပတ်သက်လို့ Boom Myanmar က အချက်အလက်တွေ စစ်ဆေးကြည့်တဲ့အခါ အင်္ဂလန်နိုင်ငံက University Hospital of Wales ဆေးရုံက အကြီးတန်းဆရာဝန် ဒေါက်တာချမ်းသာစိုးရဲ့ ဆေးပညာဆိုင်ရာ ဆောင်းပါးကို ခေါင်းစဉ်ပြောင်းတပ်ပြီး ပုံဖျက်ရေးသားထားတဲ့ သတင်းအတု ဖြစ်ကြောင်းတွေ့ရပါတယ်။

    မူရင်းဆောင်းပါးဟာ ကိုဗစ် ၁၉ လူနာတွေကို ကုသတဲ့အခါ အသက်ရှုပိုက်ထည့်စရာ မလိုဘဲ အသက်ကယ်နည်းကို ရေးသားထားတာ ဖြစ်ပါတယ်။ ကိုဗစ် ၁၉ ကူးစက်ခံထားရပြီး ရောဂါ ပြင်းထန်သူ လူနာများကို အသက်ရှုပိုက်ထည့်ပြီး ကုသမယ်ဆို မေ့ဆေးဆရာဝန်တွေ အသက်ရှုစက် Ventilators တွေ လိုအပ်လာမှာ ဖြစ်တဲ့အပြင် အထူးကြပ်မတ်ဆောင်တွေ နေရာတွေ အခက်အခဲရှိလာနိုင်တဲ့အတွက် အဆုတ်ထဲကို လေမှုထည့်ပေးတဲ့ Continuous Positive Airway Pressure (CPAP) လို့ ခေါ်တဲ့ စက်တွေ အသုံးပြု အကြံပြုထားတဲ့ ဆောင်းပါးပဲ ဖြစ်ပါတယ်။

    မူရင်းဆောင်းပါးကို ဒီမှာ ဖတ်နိုင်ပါတယ်။

    Pyawsayar ဆိုတဲ့ ဝက်(ဘ်)ဆိုဒ်ဟာ မူရင်းဆောင်းပါးနဲ့ မသက်ဆိုင်တဲ့ ခေါင်းစဉ်ကို တပ်ထားပြီး သတင်းအမှား ဖြန့်ဝေထားပါတယ်။

    ဒီလို ခေါင်းစဉ်ပြောင်းတပ်ပြီး လူအများကို စိုးရိမ်ထိတ်လန့်အောင် လိမ်ညာရေးသားတဲ့ ပုံစံတွေဟာ ခုနောက်ပိုင်း သတင်းအမှား တင်တဲ့ ဝက်(ဘ်)ဆိုဒ်တွေမှာ ပြုလုပ်နေကြ ပုံစံတွေသာ ဖြစ်ပါတယ်။

    အဆိုပါ ဝက်(ဘ်)ဆိုဒ်တွေဟာ ၎င်းတို့ရဲ့ ဝက်(ဘ်)ဆိုဒ်မှာ ဝင်ရောက်ကြည့်ရှု့သူလာအောင် လိမ်ညာလှည့်ဖျားတဲ့ သတင်းတွေ၊ နာမည်ကျော်သရုပ်ဆောင်တွေရဲ့ အတင်းအဖျင်း သတင်းတွေ၊ လိင်မှုဆိုင်ရာ ညစ်ညမ်းသတင်းတွေ၊ လက်နတ်ကိုင် အဖွဲ့အစည်းတွေကြားမှာ ရန်တိုက်ပေးတဲ့ သတင်းအမှားတွေ၊ အများပြည်သူ ထိတ်လန့်အောင် လိမ်ညာရေးသားထားတဲ့ သတင်းအမှား တွေ ဖြန့်ဝေလျှက်ရှိတဲ့အတွက် သတင်းအတုတွေ သတင်းအမှားတွေကို သတိထား ရှောင်ရှားသင့်ပါတယ်။

    Tags

    fake newsVentilatorsContinuous Positive Airway Pressure MachineCorona Myanmar
    Read Full Article
    Claim :   ကိုဗစ် ၁၉ လူနာတွေကို ကုသတဲ့အခါ အသက်ရှုပိုက်ထည့်စရာ မလို Ventilators တွေ သုံးစရာ မလိုဘဲ အဆုပ်ထဲ လေမှုတ်ထည့်တဲ့ CPAP စက်တွေအသုံးပြုဖို့ အကြံပြုထားတဲ့ ဒေါက်တာချမ်းသာစိုးရဲ့ ဆေးပညာဆိုင်ရာ ဆောင်းပါးကို Pyawsayar ဆိုတဲ့ ဝက်(ဘ်)ဆိုဒ်က ပုံဖျက်ပြီး သတင်းခေါင်းစဉ် ပြောင်းလဲ ရေးသားထားတာကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!