BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • AI နည်းပညာနဲ့ ဖန်တီးထားတဲ့ CNN...
သတင်းအတု

AI နည်းပညာနဲ့ ဖန်တီးထားတဲ့ CNN သတင်း Video အတု

အစ္စရေးက ဟစ္စဘိုလာတွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး CNN က ထုတ်လွင့်ထားတဲ့ သတင်း Video အတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  23 Sept 2024 9:41 PM IST
  • AI နည်းပညာနဲ့ ဖန်တီးထားတဲ့ CNN သတင်း Video အတု

    အဆိုပါ Video ဟာ CNN Logo ပါဝင်ပြီး ၁ မိနစ်နဲ့ ၄၅ စက္ကန့်ကြာမြင့်ပါတယ်။ CNN သတင်းထောက်က အစီအစဉ်ကို တင်ဆက်ကာ Breaking News လို့ ဖော်ပြထားပါတယ်။ Video အပေါ်မှာလည်း “အစ္စရေးက ဟစ္စဘိုလာကို ပေါက်ကွဲစေတက်တဲ့ ဆိတ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်” လို့ ရေးသားထားကာ အစီအစဉ်တင်ဆက်သူက တစ်နိုင်ငံလုံးမှာရှိတဲ့ ဆိတ်တွေရဲ့ စအိုနေရာကနေ တစ်ပြိုင်နက်ထဲ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဖော်ပြထားကာ လူပေါင်း ၁၈၀၀ သေဆုံးကာ ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပြီး မရေမတွက်နိုင်လောက်တဲ့ ဆိတ်တွေ သေဆုံးခဲ့တယ်လို့ ပြောထားပါတယ်။

    မူရင်း Video ကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကလည်း ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အစ္စရေးက ဟစ္စဘိုလာတွေကို ပေါက်ကွဲစေတက်တဲ့ ဆိတ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားတဲ့ CNN သတင်းဌာနက ထုတ်လွင့်ထားတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ Video တစ်ပုဒ်ဖြစ်တာကို တွေ့ရပါတယ်။

    ဒီ Video ကို CNN က တကယ်ထုတ်လွင့်ခဲ့ခြင်း မရှိပါဘူး။ သတင်းတင်ဆက်သူရဲ့ အသံဟာလည်း AI နည်းပညာနဲ့ Generate ပြုလုပ်ထားခြင်းသာ ဖြစ်ပါတယ်။ ၎င်း Video ကို ဟာသသရုပ်ဆောင် Danny Polishchuk က deepfake နည်းပညာနှင့် AI အသုံးပြုကာ ဟာသအနေနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။


    Polishchuk ဟာ ဒီ Video ကို Eleven labs နဲ့ Hedra AI ဆိုတဲ့ App နှစ်ခုနဲ့ ပြုလုပ်ခဲ့တာလို့ ၎င်း X လူမှုကွန်ယက်မှာ မေးမြန်းသူတစ်ဦးကို Reply ပြန်ထားပါတယ်။


    ပြီးခဲ့တဲ့ ရက်ပိုင်းက အစ္စရေးက လက်ဘနွန်နိုင်ငံမှာရှိတဲ့ ဟစ္စဘိုလာ ပေါက်ကွဲမှုတွေနဲ့ တိုက်ခိုက်မှုစတင်ပြီးနောက် အခု Video ဟာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဟာသအဖြစ်နောက်ပြောင် ဖြန့်ဝေသူတွေ ရှိသလို တကယ်ထင်ပြီး ဖြန့်ဝေနေကြသူတွေလည်း ရှိနေပါတယ်။


    Tags

    Fake VideoCNN newsIsraelHezbollahattack in LebanonAI technologyသတင်းအတုvideo အတု
    Read Full Article
    Claim :   အစ္စရေးက ဟစ္စဘိုလာတွေကို ပေါက်ကွဲစေတက်တဲ့ ဆိတ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ CNN သတင်းဌာနက ထုတ်လွင့်
    Claimed By :  Facebook, X, Threads
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!