BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဂီတအစည်းအရုံးက ထုတ်ပြန်တယ်ဆိုတဲ့...
သတင်းအတု

ဂီတအစည်းအရုံးက ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

တေးသီချင်းမူပိုင်ခွင့်နဲ့ ပက်သတ်ပြီး မူပိုင်ခွင့်ရှိသူများက တောင်းခံရန် မြန်မာနိုင်ငံဂီတအစည်းအရုံးက တရားဝင်ထုတ်ပြန်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  20 Sept 2023 2:45 PM IST
  • ဂီတအစည်းအရုံးက ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆက်လက်ထုတ်လုပ်ဖြန့်ချိခွင့်ရနေတဲ့ Popular Journal ရဲ့ ဖေစ့်ဘွတ်စာမျက်နှာမျာ ဩဂုတ်လ ၃၁ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) နဲ့ မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်း စာသားပါ ကြေညာချက်ပုံစံ ဖြတ်ပိုင်း တစ်ခုနဲ့အတူ ‘တေးသီချင်းမူပိုင်ခွင့် နှင့်ပတ်သက်ပြီး မူပိုင်ခွင့်ရှိသူများမှတောင်းခံရန် ထုတ်ပြန်။ တေးသီချင်း မူပိုင်ခွင့်နှင့် ပတ်သက်ပြီး အသုံးပြုမည်ဆိုပါက မူပိုင်ခွင့် ရှိသူများထံမှ ခွင့်ပြုချက်တောင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တရားဝင် ထုတ်ပြန် ကြော်ငြာခဲ့သည်။ တေးသီချင်းများအား သုံးစွဲခြင်း နှင့် ပတ်သက်၍ စင်တင်ဖျော်ဖြေပွဲ ၊ ရုပ်သံလွှင့်ခြင်း နှင့် Online ထုတ်လွှင့်ခြင်း တို့အတွက် အသုံးပြုမည် ဆိုပါက တရားဝင် မိမိိကိုယ်တိုင် မူပိုင်ခွင့် စီမံခန့်ခွဲသူများ (ထုတ်လုပ်သူ၊ တေးရေး၊ တေးဆို၊ အသံဖမ်း) (သို့မဟုတ်) တရားဝင် မူပိုင်ခွင့် လွှဲအပ်ခြင်း ခံရသော အဖွဲ့အစည်းများ ၊ လူပုဂ္ဂိုလ်များ ထံမှ ခွင့်ပြုချက် ရယူရန် (တီးဝိုင်း နှင့် သီဆို ဖျော်ဖြေပါက တေးရေးခွင့်ပြုချက်ကိုလည်းကောင်း (သို့) music only တီးလုံးဖွင့်၍ ဖျော်ဖြေလိုပါက မူပိုင်ခွင့်ရှိသော သူများအားလုံး ထံမှ ရယူရမည် ဖြစ်ကြောင်းဖော်ပြထားသည်။ တရားဝင်ခွင့်ပြုချက် မယူဘဲ အသုံးပြုမည်ဆိုပါက ဖြစ်ပေါ်လာသည့် ကိစ္စ အဝဝ အတွက် သုံးစွဲသူ တာဝန်ယူရန် နှင့် တာဝန်ယူ ဖြေရှင်းနိုင်ခြင်းမရှိပါက တည်ဆဲဥပဒေ သက်ဆိုင်ရာ အဖွဲ့ အစည်းများ၏ သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း အတိုင်း ဆောက်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) မြန်မာနိုင်ငံ တေးသီချင်း မူပိုင်ရှင်များ အသင်း မှ ထုတ်ပြန်ထားသည်’ ဆိုပြီး ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အာဏာသိမ်းပြီးနောက်ပိုင်း ဖျော်ဖြေရေးအမည်ခံ အညှီအဟောက်အကြောင်းအရာတွေနဲ့ စိစစ်ထားခြင်းမရှိတဲ့သတင်းတွေကိုရောနှောဖြန့်ဝေနေတဲ့ Popular Journal ဟာ ဒီသတင်းကိုလည်းမစိစစ်ပဲ ဖြန့်ဝေထားခြင်းဖြစ်ပါတယ်။

    ဒီမြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) နဲ့ မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်း စာသားပါ ကြေညာချက်ပုံစံ ဖြတ်ပိုင်းကို ၂၀၁၉ ခုနှစ် ကတည်းက လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာဖြစ်ပါတယ်။


    ၂၀၁၉ ခုနှစ်က ဖြန့်ဝေခဲ့မှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်ဖြစ်တဲ့ Myanmar Music Association မှာ ဒီလို ထုတ်ပြန်ထားတာ မရှိကြောင်း၊ ထုတ်ပြန်ပါကလည်း ဖေစ့်ဘွတ်ပေချ့်နဲ့ နေ့စဉ်သတင်းစာတွေမှာ တရားဝင် ထည့်သွင်းကြေငြာသွားမှာ ဖြစ်တဲ့အကြောင်း စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။


    Myanmar Music Association မှာ ထုတ်ပြန်ထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    မူပိုင်ခွင့်copyrightတေးသီချင်းမူပိုင်ခွင့်music copyrightfake announcementfakenews
    Read Full Article
    Claim :   တေးသီချင်းမူပိုင်ခွင့်နဲ့ ပက်သတ်ပြီး မူပိုင်ခွင့်ရှိသူများက တောင်းခံရန် မြန်မာနိုင်ငံဂီတအစည်းအရုံးက တရားဝင်ထုတ်ပြန်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!