BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အွန်လိုင်းမှာပျံ့နေတဲ့ထုတ်ပြန်စာအတု...
သတင်းအတု

အွန်လိုင်းမှာပျံ့နေတဲ့ထုတ်ပြန်စာအတု ကွန်ပြူတာလုပ်ငန်းရှင်အသင်းထုတ်ပြန်ခြင်းမဟုတ်

လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံကွန်ပြူတာလုပ်ငန်းရှင်များအသင်း (MCIA) မှ ပြင်းထန်စွာ ရှုတ်ချတယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ အတုသာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  12 Nov 2020 2:29 PM IST
  • အွန်လိုင်းမှာပျံ့နေတဲ့ထုတ်ပြန်စာအတု ကွန်ပြူတာလုပ်ငန်းရှင်အသင်းထုတ်ပြန်ခြင်းမဟုတ်

    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့သတင်းစာရှင်းလင်းပွဲမှာ ဆရာဆရာမတွေအပေါ် စွပ်စွဲဝေဖန်ခဲ့တဲ့အပေါ် ထပ်ဆင့်ထုတ်ပြန်ခဲ့ရတဲ့ ပြန်လည်တောင်းပန်ထားတဲ့ စာ အပေါ်အခြေခံပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှ စတင်ကာ လူမှုမီဒီယာတွေပေါ်မှာ ယင်းထုတ်ပြန်ချက်အတုထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

    နိုဝင်ဘာလ ၁၁ က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ "ဆရာ၊ဆရာမ အများစုသည် NLD ပါတီထောက်ခံသူများသာဖြစ်ပြီး ကြားနေ ဆရာ၊ ဆရာမများ မဖြစ်သည်ကို တွေ့ရပါသည်" လို့ ရိုက်နှိပ်ဖော်ပြခဲ့မှုအပေါ် ပြန်လည်တောင်းပန်ရာမှာ ကွန်ပျူတာ တာဝန်ခံက မှားယွင်းရိုက်နှိပ်ခဲ့ခြင်းဖြစ်တယ်လို့ တောင်းပန်စာ ပြန်လည်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီရဲ့ ပြန်လည်တောင်းပန်စာကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    MCIA ရဲ့ ထုတ်ပြန်စာဆိုပြီး ဖြန့်ဝေနေမှုထဲမှာ "ပြင်းထန်စွာ ရှုတ်ချခြင်း" လို့ အကြောင်းအရာ ခေါင်းစဉ်တပ်ကာ နောက်ဆုံးအချက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ကွန်ပျူတာ တာဝန်ခံအဖြစ် ဆောင်ရွက်နေသော လူကြီးမင်းကို မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှ ပြင်းထန်စွာ ရှုတ်ချပါကြောင်း အသိပေးအကြောင်းကြား ပါတယ်ဆိုပြီး ရေးသားထားတာပါ။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းနဲ့ ပါတ်သတ်ပြီး BOOM က မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း (MCIA) ကို ဆက်သွယ်မေးမြန်းရာ ဒီအကြောင်းအရာအပေါ် ကြေငြာချက်တစ်စုံတရာ ထုတ်ပြန်ထားခြင်း မရှိကြောင်းနဲ့ ဒါဟာ ထုတ်ပြန်ချက်အတုသာ ဖြစ်ကြောင်း၊ MCIA ရဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ ဝက်ဆိုက်တွေမှာလည်း ပြန်လည်ဖြေရှင်းထားပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။


    MCIA ရဲ့ သတင်းထုတ်ပြန်ချက်မှာ "ပြင်းထန်စွာ ရှုတ်ချခြင်း" အကြောင်းအရာဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (MCIA) မှ ထုတ်ပြန်သည့် စာ အဖြစ် ထင်ယောင်ထင်မှား ဖြစ်စေမည့် စာအတု တစ်စောင် အင်တာနက်ပေါ် ပြန့်နှံ့လျှက်ရှိကြောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းသည် အစိုးရအဖွဲ့အစည်း မဟုတ်သော၊ အကျိုးအမြတ်မယူသော လူမှုအဖွဲ့အစည်း(NGO) ဖြစ်ပြီး ပါတီနိုင်ငံရေး လုပ်တဲ့ အဖွဲ့အစည်းမဟုတ်ကြောင်း၊ ယခုလို စာရွက်စာတမ်း အတုပြုလုပ်ခြင်းသည် ပြစ်မှုဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုတစ်ရပ်ဖြစ်တဲ့အတွက် မဟုတ်မမှန်တင်ထားသော post များကိုချက်ချင်း ဖြုတ်ချပေးကြပါရန် မေတ္တာရပ်ခံကြောင်း ရေးသားထားပါတယ်။

    MCIA ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Fake announcementFakenewsComputer AssociationannouncementTeachersElectionElection Myanmar
    Read Full Article
    Claim :   လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သတင်းစာရှင်လင်းပွဲအပေါ် မြန်မာနိုင်ငံကွန်ပြူတာလုပ်ငန်းရှင်များအသင်း (MCIA) မှ ပြင်းထန်စွာ ရှုတ်ချတယ်ဆိုတဲ့ ထုတ်ပြန်ချက်အကြောင်း BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!