BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒေါ်အောင်ဆန်းစုကြည်ရဲ့...
      သတင်းအတု

      ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်ရဲ့ ဓါတ်ပုံကို Photoshop နဲ့ပြုပြင်ပြီး ဝါဒဖြန့်တိုက်ခိုက်တဲ့ အကောင့်တု

      ၂၀၂၀ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ နီးကပ်လာတဲ့အပေါ် မဲဆွယ်ဖို့ ဝါဒဖြန့်ချီနေတဲ့ အကောင့်တုများစွာ ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar | 4 July 2020 9:06 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်ရဲ့ ဓါတ်ပုံကို Photoshop နဲ့ပြုပြင်ပြီး ဝါဒဖြန့်တိုက်ခိုက်တဲ့ အကောင့်တု

      အဲ့ဒီ ဖေ့စ်ဘွတ်အကောင့်တုတွေဟာ နိုင်ငံရေးပါတီတွေအပေါ် ဝေဖန်တိုက်ခိုက်မှုတွေ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ Ye Zar Ni ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တု တစ်ခုဟာ NLD ပါတီနဲ့ နိုင်ငံတော်အတိုင်ပင်ခံအပေါ် သတင်းအမှားတွေ ဖြန့်ပြီး ညစ်ညမ်းတဲ့ စကားလုံးတွေနဲ့ ပုတ်ခတ်တိုက်ခိုက်နေတာကို တွေ့ရတဲ့အပြင် လူမျိုးရေးအမုန်းစကားတွေကိုလည်း ဖြန့်ဝေနေတာကိုလည်း တွေ့ရပါတယ်။

      ၎င်းရဲ့ ရေးသားမှုကို မူရင်းအတိုင်း ဖော်ပြရရင် "ပင်နီဝတ် နီပိန်းတွေက လူလည်တွေဘဲ။ ဒေါ်စုကိုတော့ အမေလို့ ခေါ်ပြီး ဒေါ်စုရဲ့ ချစ်လှစွာသော ယောင်္ကျားကိုကျတော့ အဖေလို့ မခေါ်ကြပါလား ။ မကျေနပ်ဘူး ဟေ့" လို့ ရေးသားထားပြီး ၎င်းစာသားတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်ရဲ့ ဓါတ်ပုံကို Photoshop နဲ့ ပြူပြင်ကာ ပင်နီတိုက်ပုံဝတ်ထားသည့်ပုံ ဖန်တီးပြီး ဘင်္ဂလီ အဖွဲ့ချုပ်ဆိုတဲ့ စာကို အဆိုပါ ပုံပေါ်မှာ ရေးသားထားပါတယ်။

      အဆိုပါ Ye Zar Ni ဖေ့စ်ဘွတ် အကောင့်ဟာ အဲ့ဒီပိုစ့်ကို လူများတဲ့ ဖေ့စ်ဘွတ် Group တွေဖြစ်တဲ့ "NLD မပါသောညွန့်ပေါင်းအစိုးရ လိုလားသူများ" ၊ "ပုသိမ်ကြီး-ပြည်ခိုင်ဖြိုး" ၊ "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ကို နှစ်သက်ကြသည့် သူငယ်ချင်းများ" နဲ့ "USDP Online Media" စတဲ့ ဖေ့စ်ဘွတ် Group တွေထဲမှာ ရေးသားဖြန့်ဝေခဲ့ပါတယ်။

      ဒီလို သတင်းအမှားတွေဖြန့်တဲ့ Ye Zar Ni ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် လေ့လာကြည့်တဲ့အခါ ၎င်းဟာ facebook Group တော်တော်များများမှာ NLD ပါတီအပေါ် သတင်းအမှား ဖြန့်ချီထားတာတွေ၊ နိုင်ငံတော်အတိုင်ပင်ခံအပေါ် ညစ်ညမ်းတဲ့ စကားလုံးတွေနဲ့ ဆဲဆိုထားခြင်းတွေ၊ လူမျိုးရေး အမုန်းစကား ဖြန့်ဝေကာ NLD ပါတီအပေါ် ပုတ်ခတ်ရေးသားမှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီလို ရေးသားဖြန့်ဝေမှုတွေအပေါ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က "ဒီလို ရွေးကောက်ပွဲနီးလာတဲ့ကာလတွေမှာ ဒီလိုတွေက လုပ်နေကြပဲ။ ခါးအောက်ပိုင်း ထိုးတယ်လို့ ခေါ်တာပေါ့။ ဘယ်လိုခေါ်မလဲဆိုတော့ ညစ်တဲ့အကွက်တွေပေါ့နော်။ ဒါတွေကတော့ နိုင်ငံရေးမှာ ရွေးကောက်ပွဲနီးလာရင် ဒါမျိုး တွေ့နေကြပေါ့။ ဒါတွေကို သေချာနားလည်ထားဖို့ လိုတာပေါ့နော်" လို့ ဆိုပါတယ်။

      Ye Zar Ni ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ သတင်းအမှားတွေ ဖြန့်ဝေတဲ့အခါမှာ အကြောင်းအရာ တစ်ခုတည်းကိုပဲ Facebook Group ပေါင်းများစွာမှာ ပြန်တင်တာကို တွေ့ရပါတယ်။ ၎င်းတင်တဲ့ Group အများစုဟာ ပြည်ခိုင်ဖြိုးပါတီ ဝင်တွေရှိတဲ့ Group တွေနဲ့ တပ်မတော်ကို ထောက်ခံအားပေးသူတွေ ရှိတဲ့ Group တွေထဲမှာ ရေးသားမှုပြုလုပ်တာကို တွေ့ရပါတယ်။


      Tags

      Fake news Dr. Michael Aris Fake account spreading propaganda သတင်းအမှား မိုက်ကယ်အဲရစ် Photoshop နဲ့ပြုပြင်ပြီး ဝါဒဖြန့် အကောင့်တု 
      Read Full Article
      Claim :   Ye Zar Ni ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တုမှာ သတင်းအမှားဖြန့်ကာ ဝါဒဖြန့်ချီ ရေးသားထားတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      We use cookies for analytics, advertising and to improve our site. You agree to our use of cookies by continuing to use our site. To know more, see our Cookie Policy and Cookie Settings.Ok
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!