BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒန်ဒလီယွန်ပင် အမြစ်က...
သတင်းအတု

ဒန်ဒလီယွန်ပင် အမြစ်က ကင်ဆာဆဲလ်တွေကို ၄၈ နာရီအတွင်း ဖယ်ရှားပစ်နိုင်သလား

ဒန်ဒလီယွန် (dandelion) ပင်ရဲ့ အမြစ်က ကင်ဆာရောဂါကို ကုသနိုင့်ရုံတင်မက ကင်ဆာဆဲလ်တွေကိုလည်း ၄၈ နာရီအတွင်း ဖယ်ရှားပစ်နိုင်တယ် ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  13 Dec 2025 8:13 AM IST
  • ဒန်ဒလီယွန်ပင် အမြစ်က ကင်ဆာဆဲလ်တွေကို  ၄၈ နာရီအတွင်း ဖယ်ရှားပစ်နိုင်သလား

    ဒီအကြောင်းအရာကို ၂၀၁၆ ခုနှစ်အတွင်းမှာကတည်းက ဖြန့်ဝေမှုတွေ ရှိခဲ့ပေမယ့် Swe Swe ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ပြန်လည်ဖြန့်ဝေလာခဲ့တာ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာကို ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ 'ဒန်ဒလီယွန်ပင် အမြစ်က က'င်ဆာဆဲ'လ်များကို ၄၈ နာရီအတွင်း ဖယ်ရှားပစ်နိုင် (ဒေစီပန်း) ဟု၍လည်း ခေါ်ကြသည်။ ဒန်ဒလီယွန် (dandelion) လက်ဖက်မှာ က'င်ဆာဆဲ'လ် များကို ၄၈ နာရီအတွင်း ပြိုကွဲပျ'က်စီးစေပြီး ထိုအချိန် အတွင်းတွင် ဖြစ်တည်လာသည့် ကျန်းမာသော ဆဲအသစ် များကိုလည်း ထိခိုက်ခြင်း အလျဉ်းမရှိပေ။ အလေ့ကျ ပေါက်သည့် အပင်ဖြစ်သော်လည်း ရောဂါကုသ နိုင်သည့် အာနိသင် အမြောက်အများ ရှိပါသည်။ အပင်များကို နှုတ်ယူစုဆောင်းပြီးပါက ညစ်ညမ်းမှု ကင်းနိုင်သမျှ ကင်းစင်အောင် သန့်သန့်ရှင်းရှင်းထားရသည်။

    ဒန်ဒလီယွန်ပင် အမြစ်က က'င်ဆာဆဲ'လ် များကို ၄၈ နာရီအတွင်း သ'တ်ပစ်နိုင်အဘိုးအဖွားများက ဆေ:ဖက်၀င်သော ကြောင့် ဒန်ဒလီယွန် ပန်းပွင့် များကို အရည်ညှစ်ယူထားလေ့ရှိသော်လည်း သူတို့မသိခဲ့သည့်အချက်မှာ ဒန်ဒလီယွန်အမြစ်က က'င်ဆာ ရောဂါသည် များကို ကုသနိုင်ခြင်းပင်ဖြစ်သည်။

    က'င်ဆာဆဲ'လ် အားလုံးကို သ'တ်နိုင်သောကြောင့် ဒန်ဒလီယွန်ပင်၏ အမြစ်မှာ ဓာတုကုထုံး ထက်ပင် ပိုမိုကောင်းမွန်ပုံ ရကြောင်း ကနေဒါနိုင်ငံ မှ သိပ္ပံပညာရှင် များက ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထို့အပြင် ဆီးရွှင်သည့် အာနိသင် လည်းရှိပြီး၊ သည်းခြေရေ ကို လှုံ့ဆွပေးသကဲ့သို့၊ အသည်းကိုလည်း ဆေ:ကြောပေးကာ၊ ဓာတ်မတည့်မှုများကိုလည်း ကုစားနိုင်သည့် အပြင် အဆီကိုလည်း ကျစေနိုင်သည်။ အရေးကြီးသည့် ဗိုက်တာမင် နှင့် သတ္တုဓာတ် များလည်း ကြွယ်၀စွာ ပါ၀င်နေသည်။ ကနေဒါ၀င်ဆာ တက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ သုတေသ အရ ဒန်ဒလီယွန်အမြစ် မှာ ကျန်းမာသန်စွမ်းသည့် ဆဲလ် များကို မထိခိုက်မပျ'က်စီးစေဘဲ၊ က'င်ဆာဆဲ'လ် များကို သ'တ်ဖြ'တ်ပစ်နိုင်သည့် အာနိသင်ရှိသည်ဟု ဆိုသည်' လို့ ရေးသား ထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒန်ဒလီယွန် (dandelion) ပင်ရဲ့ အမြစ်က ကင်ဆာရောဂါကို ကုသနိုင်ရုံတင်မက ကင်ဆာဆဲလ်တွေကိုလည်း ၄၈ နာရီ အတွင်း ဖယ်ရှားပစ်နိုင်တယ်ဆိုတဲ့ အကြောင်းအရာကို BOOM Myanmar က သတင်းဆန်းစစ်ကြည့်ရာမှာ အချက်အလက် မှားယွင်းနေတဲ့ အကြောင်းအရာအရာ ဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။

    တကယ်တော့ ဒီအကြောင်းအရာဟာ Health Eternally ဆိုတဲ့ ဝဘ်ဆိုက်မှာ "Scientists Find Root That Kills 98% of Cancer Cells in Only 48 Hours" (ကင်ဆာဆဲလ် ၉၈% ကို ၄၈ နာရီအတွင်း သတ်နိုင်တဲ့ အမြစ် သိပ္ပံပညာရှင်တွေ တွေ့ရှိ) ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ အတွင်းက စတင်ဖော်ပြရာက စတင်ခဲ့တာပါ။


    Health Eternally အနေနဲ့ ဆောင်းပါးထဲမှာတော့ ခေါင်းစဉ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာကို သုတေသနပြုလုပ် ကိုးကားထားတာတွေ ဖော်ပြရမယ့်အစား ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ထားတဲ့ CBC သတင်း ဖော်ပြချက် တစ်ခုတည်းနဲ့သာ ချိတ်ဆက်ထားတာ တွေ့ရပါတယ်။ CBC သတင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒန်ဒလီယွန်အမြစ်ကို ကင်ဆာအမျိုးအစား တစ်ခုအတွက် ကုသမှုအဖြစ် စမ်းသပ်ဖို့ ပညာရှင်တွေက မျှော်လင့်နေတယ်လို့သာ ဖော်ပြထားပြီး ဒီအမြစ်နဲ့ ကင်ဆာရောဂါ အမှန်တကယ် ကုသနိုင်ပြီလို့ သတ်မှတ်ဖော်ပြထားတာ မဟုတ်ပါဘူး။


    ၂၀၁၅ ခုနှစ်မှာ ပြန်လည် update လုပ်ထားတဲ့ CBC သတင်းရဲ့ ဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒန်ဒလီယွန်ပင်ရဲ့ အမြစ်က ကင်ဆာရောဂါကို ကုသနိုင်ပြီး ကင်ဆာဆဲလ် ၉၈ ရာခိုင်နှုန်းကို ၄၈ နာရီ အတွင်း ဖယ်ရှား ပစ်နိုင်တယ်ဆိုတဲ့ သုတေသန ထုတ်ပြန်ချက်လည်း မရှိပါဘူး။

    ၄၈ နာရီအတွင်း အူမကြီးကင်ဆာဆဲလ် ၉၅% ကို သေစေနိုင်တယ်ဆိုတဲ့ လေ့လာမှုဟာလည်း လူ့ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေကို ကြည့်ရှုလေ့လာခဲ့တာမဟုတ်ပဲ ဓာတ်ခွဲခန်းတွင်းရှိ petri dish မှာ လေ့လာခဲ့တာသာ ဖြစ်ပါတယ်။ နောက်ထပ် လေ့လာမှု တစ်ခုမှာတော့ ကြွက်တွေပါဝင်တယ်လို့ ရေးထားပါတယ်။

    ဒါ့အပြင် ကနေဒီးယမ်း ဆရာဝန်ရဲ့ ဒန်ဒလီယွန်ပင်နဲ့ ပတ်သက်တဲ့ တွေ့ရှိချက်ကနေ သတင်းမှားတွေ ဘယ်လိုဖြစ်လာသလဲ ဆိုတဲ့ ဆောင်းပါးကို CBC သတင်းက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ဖော်ပြထားပါတယ်။


    ဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

    ဒါကြောင့် အခုဖြန့်ဝေနေတဲ့ ဒန်ဒလီယွန် (dandelion) ပင်ရဲ့ အမြစ်က ကင်ဆာရောဂါကို ကုသနိုင်ရုံတင်မက ကင်ဆာဆဲလ်တွေကိုလည်း ၄၈ နာရီ အတွင်း ဖယ်ရှားပစ်နိုင်တယ်ဆိုတဲ့ အကြောင်းအရာဟာ အချက်အလက် မှားယွင်းနေတဲ့ သတင်းမှားသာ ဖြစ်ပါတယ်။

    ဒန်ဒလီယွန်ပင်ရဲ့ အမြစ်ကို မိမိအစီအစဉ်နဲ့ သုံးစွဲသူတွေအနေနဲ့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရရှိလာနိုင်ပါတယ်။

    အမေရိကန်နိုင်ငံ အခြေစိုက် The people of Memorial Sloan Kettering Cancer Center (MSK) ရဲ့ ဖော်ပြချက်အရ ဒန်ဒလီယွန်ပင်ကို သုံးစွဲသူတွေအနေနဲ့ ရင်ပူတာ၊ ဗိုက်အောင့်တာ၊ သွေးတွင်းသကြားဓာတ်လျော့ကျတာ၊ အရေပြား ယားယံတာ (အနီကွက်ထွက်ခြင်း) နဲ့ အပျော့စာ ဝမ်းလျှောတာတွေ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။


    MSK ရဲ့ သတိပေးချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    cancerFakenewsmisleadingကင်ဆာပျောက်ဆေးကင်ဆာရောဂါအချက်အလက်အမှားသတင်းမှား
    Read Full Article
    Claim :   ဒန်ဒလီယွန် (dandelion) ပင်ရဲ့ အမြစ်က ကင်ဆာရောဂါကို ကုသနိုင့်ရုံတင်မက ကင်ဆာဆဲလ်တွေကိုလည်း ၄၈ နာရီအတွင်း ဖယ်ရှားပစ်နိုင်တယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!