BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗန်းမော်မှာ စစ်ကောင်စီရဲ့...
သတင်းအတု

ဗန်းမော်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၂ စီး KIA ပစ်ချတယ်ဆိုတဲ့ သတင်းအမှား

ဗန်းမော်မြို့တိုက်ပွဲကို ဗုံးလာကြဲတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပစ်ချတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  16 Feb 2026 8:06 AM IST
  • ဗန်းမော်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၂ စီး KIA ပစ်ချတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Thadin ဆိုတဲ့ Youtube ချန်နယ်မှာ ဖေဖေါ်ဝါရီ ၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'KIA လက်စွမ်းပြပြီ။ တိုက်လေယာဉ်(၂)စီးလုံး KIA ပစ်ချ။ ဗန်းမော်တိုက်ပွဲ ဗုံးလာကြဲတဲ့ တိုက်လေယာဉ်(၂)စီးလုံး KIA ပစ်ချ၊လေယာဉ်မူး(၂)ဦး မသာပေါ်' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဗန်းမော်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၂ စီး KIA ပစ်ချတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ Myanmar Now သတင်းဌာနမှာ ပြီးခဲ့တဲ့နှစ် မေလ ၂၀ ရက်နေ့က ဖော်ပြထားတဲ့ 'ဗန်းမော်တွင် စစ်ရဟတ်ယာဉ်နှစ်စီး KIA ပစ်ချ၊ တစ်စီးပျက်ကျပြီး တစ်စီး အရေးပေါ်ဆင်းသက်ရ' ဆိုတဲ့ သတင်းဟောင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုပြီး လက်ရှိ အဖြစ်အပျက်လို ပြန်လည်ဖြန့်ဝေနေတာပါ။

    သတင်းထဲမှာ ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်မြို့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်နှစ်စီးကို မေ ၂၀ ရက် မွန်းလွဲပိုင်းက ပစ်ချခဲ့ရာမှာ တစ်စီး အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း၊ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ပေါ်ကို စစ်ရဟတ်ယာဉ်သုံးစီး ဆင်းလာတဲ့ အတွက် KIA နဲ့ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း၊ ရဟတ်ယာဉ် နှစ်စီး ထိမှန်သွားရာ တစ်စီးက ဗန်းမော်မြို့နဲ့ ရွှေကူမြို့ကြား တောတွင်းကို ပျက်ကျသွားပြီး ကျန်တစ်စီးတော့ ရွှေကူမြို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ရေးသားထားတာပါ။

    ဒီသတင်းဟာ သတင်းဟောင်းသာဖြစ်ပြီး လက်ရှိဖြစ်ပျက်ခဲ့တာ မဟုတ်တဲ့အပြင် ဒီသတင်းဟောင်းထဲမှာလည်း ရဟတ်ယာဉ်ပစ်ချတယ်လို့သာ ရေးသားထားတာဖြစ်ပြီး စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၂ စီး ပစ်ချတယ်ဆိုပြီး ရေးသားထားတာ မရှိပါဘူး။

    Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    လေယာဉ်ပစ်ချရဟတ်ယာဉ်ပစ်ချသတင်းမှားshot down fighter jetFakenewsOld news
    Read Full Article
    Claim :   ဗန်းမော်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၂ စီး KIA ပစ်ချတယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!