BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်တပ်ကျင်းပမယ့် တပ်မတော်နေ့မှာ...
သတင်းအတု

စစ်တပ်ကျင်းပမယ့် တပ်မတော်နေ့မှာ နေပြည်တော်ကို တိုက်ခိုက်မယ်လို့ ကုလသမဂ္ဂကြေညာတယ်ဆိုတဲ့ သတင်းအမှား

ကသာကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်က ပြုလုပ်မယ့် တပ်မတော်နေ့မှာ နေပြည်တော်ကို တိုက်ခိုက်မယ်လို့ ကုလသမဂ္ဂကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  27 March 2026 8:47 PM IST
  • စစ်တပ်ကျင်းပမယ့် တပ်မတော်နေ့မှာ နေပြည်တော်ကို တိုက်ခိုက်မယ်လို့ ကုလသမဂ္ဂကြေညာတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay KhitThit ဆိုတဲ့ Youtubte ချန်နယ်မှာ မတ်လ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ'ကသာဗုံးကွဲမှု ကလဲစားချေမည်။ တပ်မတော်နေ့ကို တိုက်ခိုက်မည်ဟု ကုလကြေညာ။ နေပြည်တော် အနီးနားက ပြည်သူတွေ ပြောင်းရွေ့ကြပါ။ အမေရိကန် လေတပ်က တာဝန်ယူ တိုက်ခိုက်မည်' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်တပ်ကျင်းပမယ့် တပ်မတော်နေ့မှာ နေပြည်တော်ကို တိုက်ခိုက်မယ်လို့ ကုလသမဂ္ဂကြေညာတယ်ဆိုတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ Khit Thit Media သတင်းဌာနမှာ မတ်လ ၂၃ ရက်နေ့က ဖော်ပြထားတဲ့ 'စက်သုံးဆီနှင့်လေယာဉ်ဆီရှားပါးနေသော်လည်း မင်းအောင်လှိုင် နောက်ဆုံးနှုတ်ဆက် မည့် ၈၁ နှစ် မြောက် တပ်မတော်နေ့အခမ်းအနားတွင် စစ်လေယာဉ်၊ တင့်ကား၊ သံချပ်ကားများအပါအဝင် စစ်ဘက်ဆိုင်ရာ ယာဉ်မျိုးစုံ ထုတ်ပြ မောင်းနှင် ချီတက်ကြမည်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    ဒီသတင်းထဲမှာ တပ်မတော်နေ့မှာ နေပြည်တော်ကို တိုက်ခိုက်မယ်လို့ ကုလသမဂ္ဂကြေညာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

    အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    Khit Thit Media သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    declare warFake announcedUN တပ်Fakenewsသတင်းမှားကုလလုံခြုံရေးကောင်စီ
    Read Full Article
    Claim :   စစ်တပ်ကျင်းပမယ့် တပ်မတော်နေ့မှာ နေပြည်တော်ကို တိုက်ခိုက်မယ်လို့ ကုလသမဂ္ဂကြေညာတယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!