Skip to main content
BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  1. Home
  2. သတင်းအတု
  3. ထိုင်းနိုင်ငံကို အာဆီယံက...
သတင်းအတု

ထိုင်းနိုင်ငံကို အာဆီယံက တရားစွဲဆိုလိုက်တယ်ဆိုတဲ့ သတင်းအမှား

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နဲ့ အပေးအယူလုပ်မှုတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံကို အာဆီယံက တရားစွဲဆိုလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  23 Nov 2026 9:54 PM IST
  • ထိုင်းနိုင်ငံကို အာဆီယံက တရားစွဲဆိုလိုက်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Christine ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုင်ဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ထိုင်းကို အာဆီယံက တရားစွဲလိုက်ပြီ။ မင်းအောင်လှိုင်ကိုလက်ခံရန် အပေးအယူပြုလုပ်မှု အကုန်ပေါ်တယ်။ စစ်ရာဇာဝတ်မှုကို အားပေးရာရောက်တဲ့ ထိုင်းရဲလုပ်ရပ်ကြောင့် အာဆီယံအစည်းအဝေးတက်ခွင့် ဖယ်ချခံရ' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ထိုင်းနိုင်ငံကို အာဆီယံက တရားစွဲဆိုလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ RFA သတင်းဌာနမှာ နိုင်ဝင်ဘာလ ၁၂ ရက်နေ့က‌ ဖော်ပြထားတဲ့ 'စစ်တပ်ခန့် မြန်မာနိုင်ငံခြားရေးဝန်ကြီး အာဆီယံအစည်းအဝေးတက်ခွင့်ရဖို့ ထိုင်းလိုလား' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

    ဒီသတင်းထဲမှာ အာဆီယံအဖွဲ့အနေနဲ့ မြန်မာစစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့်ပေးသင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖုဝမ်ကက်(က်)ရောက် (Sihasak Phuangketkeow) က ပြောလိုက်ကြောင်း၊ နိုဝင်ဘာလ ၁၂ ရက် ကြာသပတေးနေ့က နေပြည်တော်ကို နေ့ချင်းပြန်ခရီး သွားရောက်ခဲ့ပြီးနောက် ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေနဲ့တော့ ပထမဆုံးအဆင့် အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်ပြုဖို့လိုတယ်လို့ ယုံကြည်ကြောင်း၊ ထိုင်းနိုင်ငံဟာ အာဆီယံမှာ မြန်မာနိုင်ငံ အပြည့်အဝ ပြန်ပါဝင်လာနိုင်ရေး ဦးဆောင်ကြိုးပမ်းနေတဲ့ နိုင်ငံဖြစ်ပြီး ဖိလစ်ပိုင်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ စတင်ကျင်းပမယ့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် မြန်မာနိုင်ငံကို နေ့ချင်းပြန်ခရီး သွားရောက်ခဲ့တာဖြစ်ကြောင်းတွေ ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ကို သွားရောက်ခဲ့တာနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွေ တက်ရောက်ခွင့်ပေးဖို့ တောင်းဆိုခဲ့တာ မှန်ပေမယ့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နဲ့ အပေးအယူလုပ်မှုတွေ ပေါ်ပေါက်ခဲ့ကြောင်းနဲ့ အာဆီယံက ထိုင်းကို တရားစွဲဆိုမယ်ဆိုတဲ့ အကြောင်းအရာတွေ မပါဝင်ပါဘူး။

    ဒီအကြောင်းအရာတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကြေညာထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

    အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    RFAသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    FakenewsThailandAsian Membershipသတင်းတုအာဆီယံကနေထုတ်ပယ်အာဆီယံအမိန့်ထုတ်တရားစွဲ
    Read Full Article
    Claim :   ထိုင်းနိုင်ငံကို အာဆီယံက တရားစွဲဆိုလိုက်တယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!