Skip to main content
BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  1. Home
  2. သတင်းအတု
  3. ဂျပန်မှာ အစ္စလာမ်ဆန့်ကျင်ရေး...
သတင်းအတု

ဂျပန်မှာ အစ္စလာမ်ဆန့်ကျင်ရေး ဥပဒေသစ် ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

ဂျပန်နိုင်ငံမှာ အစ္စလာမ်ဆန့်ကျင်ရေး ဥပဒေသစ် ထုတ်ပြန်ပြီး ဗလီတွေ၊ ဝတ်ပြုရန်နှိုးဆော်သံတွေ နဲ့ ဘူရ်ခါဝတ်ရုံ ဝတ်ဆင်ခွင့်တွေ ပိတ်ပင်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေတဲ့အကြောင်းအရာတွေပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  17 Nov 2026 9:40 PM IST
  • ဂျပန်မှာ အစ္စလာမ်ဆန့်ကျင်ရေး ဥပဒေသစ် ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Aung Kyaw San ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ လက်ရှိ ဂျပန်ဝန်ကြီးချုပ် Takaichi Sanae ပုံအပါအဝင် ဂျပန်လွှတ်တော်အတွင်းက ပုံတွေလို့ ယူဆရတဲ့ပုံအချိုနဲ့အတူ 'သတင်းထူး။ ဂျပန်နိုင်ငံ၏ အစ္စလာမ်ဆန့်ကျင်ရေး ဥပဒေသစ်များကြောင့် အံ့အားသင့်တုန်လှုပ်ဖွယ်ဖြစ်နေ။ ဟာလာလ် (Halal) - ပိတ်ပင်လိုက်ပြီ။ ဗလီများ (Mosques) - ပိတ်ပင်လိုက်ပြီ။ ဝတ်ပြုရန်နှိုးဆော်သံ (Call to prayer) - ပိတ်ပင်လိုက်ပြီ။ ဘူခါဝတ်ရုံ (Burka) - ပိတ်ပင်လိုက်ပြီ။ ဒါဟာ ဒီနိုင်ငံမှာ အစ္စလာမ်ဘာသာကို ကြိုဆိုခြင်းမရှိဘူးလို့ ပြောလိုက်တာပါပဲ။ ဂျပန်နိုင်ငံကို အတုယူသင့်ပါသလား' ဆိုတဲ့စာသားတွေနဲ့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဂျပန်မှာ အစ္စလာမ်ဆန့်ကျင်ရေး ဥပဒေသစ် ထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာကို ဩစတြေးလျနိုင်ငံက အွန်လိုင်းစာမျက်နှာတွေမှာ ဩဂုတ်လအကုန်ပိုင်းမှာ စတင်ဖြန့်ဝေလာကြတာ ဖြစ်ပြီး အခုအခါ မြန်မာဆိုရှယ်မီဒီယာအသုံးပြုသူတွေကသတင်းအမှန်အထင်နဲ့ ထပ်ဆင့်ဖြန့်ဝေမှုတွေရှိလာပါတယ်။

    ဂျပန်နိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတာကြောင့် ဗီဇာစည်းမျဉ်းစည်းကမ်းတွေကို တင်းကျပ်နေတာ မှန်ပေမယ့်၊ ဗလီတွေနဲ့ မွတ်စလင်တွေရဲ့ ဝတ်ပြုဖို့နှိုးဆော်သံတွေကို ပိတ်ပင်တာအပါအဝင် "အစ္စလာမ်ဆန့်ကျင်ရေး ဥပဒေတွေ" ကို တိုကျိုအစိုးရက ပြဋ္ဌာန်းလိုက်ပြီဆိုပြီး ဩစတြေးလျနိုင်ငံက အွန်လိုင်းစာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ ပြောဆိုချက်တွေဟာ မှားယွင်းနေကြောင်း ဒီလိုဥပဒေမျိုး လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းထားတာ မရှိသလို၊ ဘာသာရေးအဖွဲ့အစည်းတွေကို ကြီးကြပ်ရတဲ့ အစိုးရအေဂျင်စီကလည်း အဲဒီလို ပိတ်ပင်တားမြစ်မှုတွေ လုပ်ဆောင်ထားတာ မရှိကြောင်း AFP သတင်းဌာနက ဩဂုတ်လ ၂၇ ရက်နေ့မှာ သတင်းဆန်းစစ်ထားပါတယ်။


    AFP သတင်းဌာနရဲ့ သတင်းဆန်းစစ်ချက်ထဲမှာ ဖော်ပြထားချက်အရ ဂျပန်နိုင်ငံမှာ ခရီးသွားဧည့်သည်တွေ အဆမတန် များပြားလာတာနဲ့ အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တက်လာတဲ့အပေါ် ပြည်သူတွေရဲ့ မကျေနပ်ချက်တွေ ရှိလာတာကြောင့် ဝန်ကြီးချုပ် တာကာအိချိက နိုင်ငံခြားသားတွေအပေါ် စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်ဖို့ တွန်းအားပေး လုပ်ဆောင်နေတာတွေ ရှိကြောင်း၊ ဒီထဲမှာ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုဗီဇာ (Business manager visa) ဆိုင်ရာ စည်းမျဉ်းအသစ်တွေနဲ့ အမြဲတမ်းနေထိုင်ခွင့် (Permanent residency) လျှောက်ထားမှု စံနှုန်းတွေကို ပိုပြီး တင်းကျပ်မယ့် အစိုးရရဲ့ အစီအစဉ်တွေ ပါဝင်ကြောင်း၊ ဒါ့အပြင် ကာနာဂါဝါ (Kanagawa) စီရင်စုထဲမှာလည်း ဆူညံသံနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်ဆိုပြီး ဒေသခံတွေဘက်က ဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုအပေါ် ကန့်ကွက်မှုတချို့ မကြာသေးခင်က ရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြကြကြောင်း ရေးသားထားပါတယ်။

    သို့ပေမယ့် ဂျပန်အစိုးရအနေနဲ့ အစ္စလာမ်ဘာသာရေးဆိုင်ရာ ကျင့်ထုံးတွေကိုဖြစ်စေ၊ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်တာကိုဖြစ်စေ ပိတ်ပင်တားမြစ်တဲ့ ဥပဒေမျိုး လုံးဝ ပြဋ္ဌာန်းထားခြင်းကြောင်း ဂျပန်ယဉ်ကျေးမှုရေးရာ အေဂျင်စီလက်အောက်ရှိ ဘာသာရေးအဖွဲ့အစည်းတွေကို ကြီးကြပ်တဲ့ ဌာနမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးကလည်း "အစ္စလာမ်ဘာသာနဲ့ ပတ်သက်ပြီး ပိတ်ပင်တားမြစ်ထားတာမျိုး လုံးဝမသိရှိပါဘူး" လို့ AFP သတင်းဌာနကို ပြောကြားခဲ့ကြောင်း ရေးသားထားပါတယ်။

    ဒါ့အပြင် အလားတူပဲ ဂျပန်မွတ်စလင်အသင်း (Japan Muslim Association) ကလည်း ဒီလို ပိတ်ပင်တားမြစ်ချက်မျိုး လုံးဝမရှိပါဘူးကြောင်း AFP သတင်းဌာနကို အီးမေးလ်ကတစ်ဆင့် ဖြေကြားခဲ့တယ်လို့ ရေးသားထားပါတယ်။

    ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ "လူတိုင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အာမခံသည်" လို့ အတိအလင်း ပြဋ္ဌာန်းထားသလို၊ အောက်လွှတ်တော်ရဲ့ တရားဝင်ဝက်ဘ်ဆိုက် မှတ်တမ်းတွေအရလည်း အစ္စလာမ်ဘာသာရေး ကျင့်ထုံးတွေနဲ့ ဗလီဆောက်လုပ်မှုကို ပိတ်ပင်တဲ့ ဥပဒေမျိုး လွှတ်တော်ကနေ အတည်ပြုပြဋ္ဌာန်းထားတာ လုံးဝမရှိကြောင်း တွေ့ရတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

    အလားတူ သတင်းဆန်းစစ်ချက်မျိုးကို Reuters သတင်းဌာနမှာလည်း 'Japan did not ban mosques - its constitution guarantees religious freedom' ဂျပန်နိုင်ငံသည် ဗလီဝတ်ကျောင်းတော်များကို ပိတ်ပင်ထားခြင်းမရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံထားတယ်ဆိုပြီး ဩဂုတ်လ ၂၄ ရက်နေ့မှာ ဖော်ပြထားပါတယ်။

    AFP သတင်းဌာန နဲ့ Reuters သတင်းဌာန တွေမှာဖော်ပြထားတဲ့ သတင်းဆန်းစစ်ချက်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    banned hijabFakenewsMuslimJapanese GovernmentMosqueအစ္စလာမ်
    Read Full Article
    Claim :   ဂျပန်မှာ အစ္စလာမ်ဆန့်ကျင်ရေး ဥပဒေသစ် ထုတ်ပြန်တယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!