BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗုံးကြဲခံခဲ့ရတဲ့ မြောက်ဦးဆေးရုံကို...
သတင်းအတု

ဗုံးကြဲခံခဲ့ရတဲ့ မြောက်ဦးဆေးရုံကို AA ရဲ့ တပ်စခန်းဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ ရက်ရက်စက်စက် ကြဲချခဲ့တဲ့ မြောက်ဦးဆေးရုံဟာ အာရက္ခတပ်တော် (AA) ရဲ့ တပ်စခန်းသာဖြစ်ပြီး ဒရုန်းနဲ့ တိုက်ခိုက်မှုကို ကာကွယ်တဲ့ Drone Jammer ထောင်ထားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  14 Dec 2025 4:53 AM IST
  • ဗုံးကြဲခံခဲ့ရတဲ့ မြောက်ဦးဆေးရုံကို AA ရဲ့ တပ်စခန်းဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို 'ကို မင္း ဦး' ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့က စတင်ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ပျက်စီးနေတဲ့ မြောက်ဦးဆေးရုံ ပုံတစ်ပုံကို အသုံးပြုပြီး 'မြောက်ဦးမှာ သူပုန် ဆေးကုတဲ့မြောက်ဦးဆေးရုံကို တပ်မတော်က ပေါင် ၅၀၀ နှစ်လုံးနဲ့ကြွေးလိုက်တာ ပြည်သူဆိုပြီးအသံထွက်လာပြီ။ သူပုန်နဲ့ပြည်သူခွဲတတ်ကြပါစေ။ ဓာတ်ပုံ..ဂျန်ပါထောင်ထားသော သူပုန်ဆေးရုံ' လို့ ရေးသားထားပါတယ်။

    ပုံပေါ်မှာလည်း စာနဲ့ 'ဗုံးကြဲခံရသည့် မြောက်ဦး AA စခန်းမှ JAMMER' ဆိုပြီး ထပ်မံရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဗုံးကြဲခံခဲ့ရတဲ့ မြောက်ဦးဆေးရုံဟာ AA ရဲ့ တပ်စခန်းဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    မြောက်ဦးဆေးရုံမှာ AA ရဲ့ Drone Jammer ထောင်ထားတယ်ဆိုတဲ့ ပုံကို အခြားရှု့ထောင့်ကနေ ကြည့်ရှု့တဲ့အခါ ဒါဟာ သစ်သားတန်းတစ်ခု ကျိုးပဲ့နေတာပဲ ဖြစ်ပါတယ်။

    ဧရာဝတီသတင်းဌာနက ဖော်ပြထားတဲ့ ပုံကို အနီးကပ်ကြည့်ရှု့နိုင်အောင် ဖော်ပြလိုက်ပါတယ်။ အောက်ပါပုံမှာ ကြည့်ရှု့ပါ။


    ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံ မူရင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အကြမ်းဖက် စစ်တပ်နဲ့ စစ်တပ်လော်ဘီတွေဟာ ဒီလို လုပ်ကြံ ဝါဒဖြန့်ရုံတင်မက ဒီဇင်ဘာလ ၁၃ ရက်ထုတ် ကြေးမုံသတင်းစာမှာလည်း မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ AA နဲ့ PDF တပ်ဖွဲ့ဝင်တွေအတွက် လူမှုကွန်ရက်တွေပေါ်မှာ ကျန်ရစ်သူတွေက ဝမ်းနည်းကြောင်း ရေးသားဖော်ပြတဲ့ အထောက်အထားတွေဆိုပြီး လုပ်ကြံ ရေးသားဖော်ပြထားပါသေးတယ်။


    Mrauk Oo Thar Chay ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ရခိုင်လို ရေးသားဖြန့်ဝေထားတဲ့ ပိုစ့်ကို အထောက်အထားအနေနဲ့ ပြန်လည်ဖော်ပြတာ ဖြစ်ပေမယ့် ရခိုင်လူမျိုးအချို့ကတော့ ခုဖြန့်ဝေထားတဲ့ ရခိုင်စာတွေဟာ မမှန်ဘူးလို့လည်း ပြောဆိုနေပါတယ်။

    ဘီဘီစီ သတင်းဌာနမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဖော်ပြထားတဲ့ သတင်းမှာ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုအတွင်း သေဆုံးသူ တွေထဲမှာ ဆေးလာကုတဲ့ ၃ လသားအရွယ် က​လေးတစ်ဦးအပါအဝင် မွတ်ဆလင်မိသားစုဝင် လေးဦးအပြင် မြောက်ဦး လူငယ်များအစည်းအရုံး (MUYA) က စေတနာ့ဝန်ထမ်း လူငယ် ၃ ဦးလည်းပါဝင်တယ်လို့ ရေးသားထားပါတယ်။


    ပေါက်​တောမြို့နယ်၊ ဆင်တက်​မော်ရွာက​ ဆေးလာကု​သကြသူတွေဖြစ်ပြီး အသက် ၅၁ နှစ်အရွယ် ဦးအာဒူဇော်လီ၊ သားဖြစ်သူ ဇနီးမောင်နှံနဲ့ သူတို့ရဲ့ သား ၃ လသားကလေးနဲ့အတူ ဆေးကုသဖို့ ရောက်ရှိနေတာလို့ ရေးသားထားပါတယ်။

    ဘီဘီစီ သတင်းမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့ကြောင့် အခုဖြန့်ဝေနေတဲ့ မြောက်ဦးဆေးရုံဟာ အာရက္ခတပ်တော် (AA) ရဲ့ တပ်စခန်းသာဖြစ်ပြီး Drone Jammer ထောင်ထားတယ်ဆိုတဲ့ အကြောင်းအရာဟာ အကြမ်းဖက်စစ်တပ်နဲ့ စစ်လော်ဘီတွေရဲ့ ဝါဒဖြန့်မှု သက်သက်သာ ဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဆေးရုံကို အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ ဒီဇင်ဘာလ ၁၀ ရက်၊ ည ၉ နာရီအချိန်မှာ ကြဲချခဲ့တာဖြစ်ပြီး ၃လ အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၃၃ ဦးသေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန် ထားပါတယ်။

    စစ်တပ်ဘက်ကတော့ AA၊ ဒေသခံ PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)နဲ့ အရှိုချင်းစတဲ့တပ်တွေဟာ မြောက်ဦးဆေးရုံကို ဆေးရုံအသွင်အပြင် အခြေပြုပြီး စစ်စခန်းအဖြစ် သုံးနေတဲ့အတွက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒီဇင်ဘာ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    မြောက်ဦးဗုံးကြဲမှုနဲ့ ပတ်သက်ပြီး သံရုံးတွေအပါအဝင် နိုင်ငံတကာနဲ့အရပ်ဘက်အဖွဲ့အစည်းတချို့က ကန့်ကွက်နေကြ ပါတယ်။

    Tags

    စစ်တပ်လော်ဘီသတင်းတုသတင်းမှားဝါဒဖြန့်လေကြောင်းတိုက်ခိုက်မှုဗုံးကြဲတိုက်ခိုက်အကြမ်းဖက်FakenewsAirstrike
    Read Full Article
    Claim :   မြောက်ဦးဆေးရုံဟာ အာရက္ခတပ်တော် (AA) ရဲ့ တပ်စခန်းသာဖြစ်ပြီး Drone Jammer ထောင်ထားတယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!