BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂက...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂက ကယ်ထုတ်ဖို့လုပ်တယ်ဆိုတဲ့ သတင်းအမှား

AI နဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံတွေ အသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂက ကယ်ထုတ်ဖို့လုပ်နေပြီ ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  27 Dec 2025 11:23 AM IST
  • ဒေါ်အောင်ဆန်းစုကြည်ကို  ကုလသမဂ္ဂက ကယ်ထုတ်ဖို့လုပ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Topmedia TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ AI နဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံတွေ အသုံးပြုပြီး 'ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂက ကယ်ထုတ်ဖို့လုပ်လိုက်ပြီ' လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂက ကယ်ထုတ်ဖို့လုပ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ပါဝင်တဲ့ ဓါတ်ပုံတွေဟာ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံတွေသာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဗီဒီယိုထဲမှာလည်း အချက်အလက်မရှိ၊ အခြေအမြစ်မရှိတဲ့ အကြောင်းအရာတွေကို နောက်ခံစကားပြောနဲ့ ပြောဆိုထားပါသေးတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂက ကယ်ထုတ်ဖို့လုပ်တယ်ဆိုတဲ့ အကြောင်းအရာကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

    ဒီဖြန့်ဝေမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သားဖြစ်သူ ကင်မ်အဲရစ်က Reuters သတင်းဌာနနဲ့ ပြောဆိုမှုအပြီး လူစိတ်ဝင်စားမှု မြင့်တက်နေချိန်မှာ ထွက်ပေါ်လာတာပါ။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်ဆိုတဲ့ စစ်တပ်ရဲ ထုတ်ပြန်မှုဟာ ယုံကြည်စရာမရှိဘဲ မိခင်ဖြစ်သူနဲ့ တွေ့ဆုံခွင့်ပေးမှ လက်ခံယုံကြည်နိုင်မယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက သူရဲ့ လူမှုကွန်ရက် စာမျက်နှာက တစ်ဆင့် ပြောဆိုထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း စစ်ကော်မရှင်က ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပေမယ့် ဓာတ်ပုံ၊ ဗီဒီယို အပါအဝင် သက်သေတစ်စုံတစ်ရာ ထုတ်ပြန်ထားတာတော့ မရှိပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    AI နည်းပညာUnited NationFakenewsfalse informationသတင်းမှားသတင်းတု
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂက ကယ်ထုတ်ဖို့လုပ်တယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!