BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ၂၀၂၆ ခုနှစ်အတွင်းမှာ...
သတင်းအတု

၂၀၂၆ ခုနှစ်အတွင်းမှာ အပစ်ရပ်ဆဲမယ်လို့ ကြေညာတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ဦးဆောင်ပြီး ၂၀၂၆ ခုနှစ်မှာ အားလုံးတွေ့ဆုံဆွေးနွေးပဲ လုပ်ပြီး အပစ်အားလုံး ရပ်ဆိုင်းမယ်လို့ ကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  13 Feb 2026 8:48 PM IST
  • ၂၀၂၆ ခုနှစ်အတွင်းမှာ အပစ်ရပ်ဆဲမယ်လို့ ကြေညာတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်မှာ ဖေဖေါ်ဝါရီ ၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အားလုံးတွေ့ ဆုံဆွေးနွေးပွဲ ကြေညာ။ NUG နဲ့ KIA ဦးဆောင်ပြီး စတင်ကြောင်းကြေညာ။ ၂၀၂၆ ဟာ အပစ်အားလုံး ရပ်ဆိုင်းမည်ဟု ကြေညာ ပြည်သူအားလုံး ငြိမ်းချမ်းရေး ရပြီဟေ့' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ၂၀၂၆ ခုနှစ်အတွင်းမှာ အပစ်ရပ်ဆဲမယ်လို့ ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ CNI News ဆိုတဲ့ ဝက်ဆိုက်မှာ ဖေဖေါ်ဝါရီ ၉ ရက်နေ့က ဖော်ပြထားတဲ့ 'အိမ်တံခါးပေါက် စစ်ကိုင်းတိုင်းမှာ ရန်သူကို စောင့်ရမည်ဟု KIA ပြော' သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။

    သတင်းထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရဲ့ ချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်နေ့ အွန်လိုင်းမိန့်ခွန်းထဲမှာ ပြောကြားထားချက်တွေကို ရေးသားထားတာပါ။

    သတင်းထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မြန်မာ့တပ်မတော် တွေ့ဆုံ ဆွေးနွေးမည်လား နေပြည်တော်ကို မေးမြန်းထားကြောင်း၊ KIA/KIO အနေဖြင့် တစ်ဦး-တစ်ဖွဲ့တည်း တွေ့ဆုံ ‌ဆွေးနွေးမည်မဟုတ်ကြောင်း၊ လက်ရှိမှာ KIA ဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက PDF တွေနဲ့ တော်လှန်ရေးလက်နက်ကိုင် အဖွဲပတွေကို လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးပြီး မြို့သိမ်း တိုက်ပွဲတွေ ဖော်ဆောင်လျက် ရှိကြောင်းတွေ ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ ၂၀၂၆ ခုနှစ်အတွင်းမှာ အပစ်ရပ်ဆဲမယ်လို့ ကြေညာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

    CNI News သတင်းမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    အပစ်အခတ်ရပ်ဆဲသတင်းမှားnationwide ceasefireFakenewsအပစ်ရပ်လက်မှတ်ထိုးKIA
    Read Full Article
    Claim :   ၂၀၂၆ ခုနှစ်အတွင်းမှာ အပစ်ရပ်ဆဲမယ့်အကြောင်း ကြေညာတယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!