BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လေယာဉ်ဆီ ပြတ်လပ်လို့ လေတပ်စခန်း ၅...
သတင်းအတု

လေယာဉ်ဆီ ပြတ်လပ်လို့ လေတပ်စခန်း ၅ ခု စစ်ကောင်စီ ပိတ်သိမ်းတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီက လက်ရှိ လေယာဉ်ဆီ ရရှိမှု ပြတ်လပ်နေတဲ့အတွက် လေတပ်စခန်း ၅ ခု ပိတ်သိမ်းပြီး နေပြည်တော်ကို ရွှေ့ပြောင်းနေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  13 March 2026 8:40 PM IST
  • လေယာဉ်ဆီ ပြတ်လပ်လို့ လေတပ်စခန်း ၅ ခု စစ်ကောင်စီ ပိတ်သိမ်းတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay KhitThit ဆိုတဲ့ Youtubte ချန်နယ်မှာ မတ်လ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လေယာဉ်ဆီ ပြတ်ပြီဟေ့။ မင်းအောင်လှိုင် လေတပ် ၅ ခု ပိတ်သိမ်းလိုက်ပြီ။ လေယာဉ်ဆီကုန်လို့ နေပြည်တော်ကို အားလုံးပြောင်းရွှေ့။ စစ်မှုထမ်းရုတ်သိမ်းပြီး ဆွေးနွေးရန် မအလ ဒီနေ့ကြေညာ' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လေယာဉ်ဆီ ပြတ်လပ်လို့ လေတပ်စခန်း ၅ ခု စစ်ကောင်စီ ပိတ်သိမ်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ Than Lwin Times သတင်းဌာနမှာ မတ်လ ၆ ရက်နေ့က ဖော်ပြထားတဲ့ 'အီရန်စစ်ပွဲကြောင့် စစ်တပ်ရဲ့ လေယာဉ်ဆီရရှိရေး ရိုက်ခတ်လာနိုင်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    ဒီသတင်းထဲမှာ လေယာဉ်ဆီ ပြတ်လပ်လို့ လေတပ်စခန်း ၅ ခု စစ်ကောင်စီ ပိတ်သိမ်းတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

    အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    Than Lwin Times သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Yangon AirportFakenewfuel shortages in Myanmarjet Fuelလေယာဉ်ဆီသတင်းမှား
    Read Full Article
    Claim :   လေယာဉ်ဆီ ပြတ်လပ်လို့ လေတပ်စခန်း ၅ ခု စစ်ကောင်စီ ပိတ်သိမ်းတယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!