BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကျားဖြန့်ရှင်းလင်းရေး...
သတင်းအတု

ကျားဖြန့်ရှင်းလင်းရေး မြန်မာနိုင်ငံအတွင်း ဝင်ဖမ်းဖို့ ဒေါ်နယ်ထရမ့် အမိန့်ထုတ်တယ်ဆိုတဲ့ သတင်းအမှား

ကျားဖြန့်ရှင်းလင်းရေးအနေနဲ့ မြန်မာနိုင်ငံတွင်းကို ဝင်ပြီး ဖမ်းဆီးရေးတွေ အဓိက ပြုလုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အမိန့်ချလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  14 March 2026 8:25 AM IST
  • ကျားဖြန့်ရှင်းလင်းရေး မြန်မာနိုင်ငံအတွင်း ဝင်ဖမ်းဖို့ ဒေါ်နယ်ထရမ့် အမိန့်ထုတ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို MN cele ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၁၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိ ဗီဒီယိုဖိုင်နဲ့အတူ 'ပွဲသိမ်းပြီ။ ၅ ရက်ပဲ စောင့်ရမယ်။ တစ်နိုင်ငံလုံး ထခုန်နေကြပြီ! ကျားဖြန့် ရှင်းလင်းရေးအနေနဲ့ မြန်မာနိုင်ငံကို အထူး အဓိက ဝင်ဖမ်းဖို့ ဒေါ်နယ်ထရမ့် အမိန့်ချလို့ လန့်ကုန်ပြီ' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ကျားဖြန့်ရှင်းလင်းရေး မြန်မာနိုင်ငံအတွင်း ဝင်ဖမ်းဖို့ ဒေါ်နယ်ထရမ့် အမိန့်ချတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာတော့ မတ်လအစောပိုင်းက အမေရိကန်အထက်လွှတ်တော်ကို ရောက်ရှိသွားတဲ့ BRAVE Burma Act နဲ့ ပတ်သက်ပြီး သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။

    BRAVE Burma Act ဥပဒေ မူကြမ်းကို အမေရိကန်အောက်လွှတ်တော်မှာ အတည်ပြုကြောင်းကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၉ ရက်နေ့က ကွန်ဂရက်က ကြေညာခဲ့ပြီး မတ်လ အစောပိုင်းမှာ အမေရိကန်အထက်လွှတ်တော်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

    BRAVE Burma Act ဟာ မြန်မာစစ်တပ်၊ စစ်ကော်မရှင်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေအပါအဝင် လေယာဉ်ဆီရရှိမှုကို ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီဥပဒေကိုပြီးခဲ့တဲ့နှစ် ဇူလိုင်ကစလို့ အောက်လွှတ်တော်မှာ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ၆ လကျော်အကြာမှာ ဥပဒေမူကြမ်း အဖြစ်ပုံပေါ်လာတာဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    OperationsOnline ScamFakenewsကျားဖြန့်လုပ်ငန်းသတင်းမှားဖမ်းဆီး
    Read Full Article
    Claim :   ကျားဖြန့်ရှင်းလင်းရေး မြန်မာနိုင်ငံအတွင်း ဝင်ဖမ်းဖို့ ဒေါ်နယ်ထရမ့် အမိန့်ချတယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!