BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KBZ Pay အကောင့်တွေ...
သတင်းအတု

KBZ Pay အကောင့်တွေ အပြီးတိုင်ပိတ်သိမ်းတယ်ဆိုတဲ့ သတင်းအမှား

KBZ ဘဏ်ရဲ့ အွန်လိုင်းအသုံးပြု ဒစ်ဂျစ်တယ်ငွေကြေး အပလီကေးရှင်း KBZ Pay အကောင့်တွေ အပြီးတိုင် ပိတ်သိမ်းနေတယ်ဆိုတဲ့အကြောင်းအရာတွေကို လူမှုကွန်ရက်ပေါ်မှာ ဒီရက်ပိုင်းထဲဆက်တိုက်ဖြန့်ဝေလာပါတယ်။

By - Boom Live Myanmar |
Published -  14 March 2026 8:28 AM IST
  • KBZ Pay အကောင့်တွေ အပြီးတိုင်ပိတ်သိမ်းတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Ah Nyar Thar Lay ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၁၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ 'KBZ pay များအပြီးတိုင်ပိတ်သိမ်းကြောင်းနှင့် အကောင့်ပိုင်ရှင် များဘဏ်သို့ ကိုယ်တိုင်လာရောက်ဖြေရှင်းကြပါရန် စာပို့ထားMarch:10' ဆိုပြီး ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    KBZ Pay အကောင့်တွေ အပြီးတိုင်ပိတ်သိမ်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီလို အကောင့်တွေ ပိတ်သိမ်းမယ်ဆိုတဲ့ အကြောင်းကို KBZ Pay တရားဝင် ဖေစ့်ဘွတ်ပေချ့်မှာ ကြေညာထားတာမရှိသလို အခြား ကမ္ဘောဇဘဏ်ရဲ့ တရားဝင်ဝက်ဆိုက်နဲ့ မီဒီယာတွေမှာလည်း ထုတ်ပြန်ထားတာ မရှိပါဘူး။


    KBZ Pay တရားဝင် ဖေစ့်ဘွတ်ပေချ့် ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    လက်ရှိ ဖေစ့်ဘွတ်ပေါ်မှာ နောက်ပြောင်သလိုလို၊ အတည်ပေါက်ရေးသလိုလိုနဲ့ နိုင်ငံရေး၊ စစ်ရေးအကြောင်းတွေနဲ့ အင်တာနက် အသုံးပြုသူတွေ စိုးရိမ်ထိတ်လန့်စေမယ့် အကြောင်းအရာတွေကို ရေးသားကာ RCS (React, Comment and Share) နဲ့ ပိုက်ဆံရှာနေသူတွေ များပြားလာပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    KBZPay အကောင့်KBZpayFakenewsသတင်းမှားသတင်းတုဘဏ်အကောင့်ပိတ်
    Read Full Article
    Claim :   KBZ Pay အကောင့်တွေ အပြီးတိုင်ပိတ်သိမ်းတယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!