BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အစိုးရသစ်ရဲ့ ပထမဆုံး လွတ်ငြိမ်းမှာ...
သတင်းအတု

အစိုးရသစ်ရဲ့ ပထမဆုံး လွတ်ငြိမ်းမှာ NLD ခေါင်းဆောင်တွေ ပါဝင်တယ်ဆိုတဲ့ သတင်းအမှား

စစ်တပ်ကျင်းပတဲ့ တရားမဝင် ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ကြံ့ခိုင်ရေးအစိုးရသစ်က ပထမဆုံး အကျဉ်းသားလွတ်ငြိမ်း ပေးခဲ့ပြီး NLD ခေါင်းဆောင်တွေ ပါဝင်လွတ်မြောက်လာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 March 2026 8:24 PM IST
  • အစိုးရသစ်ရဲ့ ပထမဆုံး လွတ်ငြိမ်းမှာ NLD ခေါင်းဆောင်တွေ ပါဝင်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay KhitThit ဆိုတဲ့ Youtubte ချန်နယ်မှာ မတ်လ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အစိုးရ သစ် ပထမဆုံး လွတ်ငြိမ်းခွင့် ပေး။ အကျဉ်းသား အားလုံးနဲ့အတူ NLD ခေါင်းဆောင်များ ပါဝင်။ တပ်ချုပ်ရာထူး ယူထားတဲ့ စိုးဝင်း အမိန့်ဟုသိရ။ လွတ်တော်ကနေ ပထမဆုံး သဘောတူ လိုက်ပြီး လွတ်ငြိမ်းကြေညာ' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အစိုးရသစ်ရဲ့ ပထမဆုံး လွတ်ငြိမ်းမှာ NLD ခေါင်းဆောင်တွေ ပါဝင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ မည်သည့် သတင်းဌာနမှာမှ အတည်ပြုထားခြင်း မရှိတဲ့ အကြောင်းအရာတွေကို နောကခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

    လက်ရှိမှာ အာဏာသိမ်း စစ်တပ်ဖွဲ့စည်းမည့်အစိုးရအတွက် အမျိုးသားလွှတ်တော်က ရွေးချယ်မယ့် ဒုသမ္မတအဖြစ် ဒေါ်နန်းနီနီအေးနဲ့ ဒေါက်တာ တူးဂျာတို့ကို ဒီနေ့ မတ်လ ၃၀ ရက် ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစုအဖွဲ့အစည်းအဝေးမှာ အမည်စာရင်း တင်သွင်းခဲ့သလို ပြည်သူ့လွှတ်တော်က တင်မြှောက်မယ့် ဒုသမ္မတလောင်းအဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါက်တာကျော်ဆွေတို့ကို အမည်စာရင်းတင်သွင်းထားပါတယ်။

    လက်ရှိအချိန်အထိ အကျဉ်းသား လွှတ်ပေးတယ်ဆိုတဲ့ သတင်းကို အာဏာသိမ်း စစ်တပ်ဘက်က ကြေညာထားတာ မရှိသလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    လွတ်ငြိမ်းချမ်းသာခွင့်အကျဉ်းသားသတင်းမှားrelease prisonersFakenewsUSDP partyNLD leaders
    Read Full Article
    Claim :   အစိုးရသစ်ရဲ့ ပထမဆုံး လွတ်ငြိမ်းမှာ NLD ခေါင်းဆောင်တွေ ပါဝင်တယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!