BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ငမိုးရိပ်ချောင်းအတွင်း...
      သတင်းအတု

      ငမိုးရိပ်ချောင်းအတွင်း ဘင်္ဂါလီများဝင်ရောက်လာတယ်ဆိုတဲ့ သတင်းအမှားဖြန့်ဝေမှု

      ရန်ကုန်တိုင်း ငမိုးရိပ်ချောင်းထဲမှာ သဲစုပ်တဲ့ သမ္ဗန် ၂ စင်းဝင်ရောက်လာမှုအပေါ် ဘင်္ဂလီတွေ စက်လှေနဲ့ ဝင်ရောက်လာတယ်လို့ သတင်းအမှား ဖြန့်ဝေမှုတွေဖြစ်ပေါ် ခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  20 April 2020 5:15 PM IST
    • ငမိုးရိပ်ချောင်းအတွင်း ဘင်္ဂါလီများဝင်ရောက်လာတယ်ဆိုတဲ့ သတင်းအမှားဖြန့်ဝေမှု

      ဒီသတင်းအမှားကို May Yoon Eaint ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဧပြီလ ၁၉ ရက် ည ၁၁ နာရီ ခန့်မှာ ရေးတင်ခဲ့တာဖြစ်ပါတယ်။

      ၎င်း တင်ခဲ့တဲ့ ဖေ့စ်ဘွတ်ပိုစ့်မှာအချက်အလက်အတိအကျမရှိတဲ့ ခန့်မှန်းရေးသားမှူတွေပါဝင်ခဲ့ပါတယ်။

      ပို့စ်ပိုင်ရှင်ရေးသားခဲ့တာတွေမှာ အများပြည်သူ အထိတ်တလန့်ဖြစ်စေနိုင်တဲ့ အသုံးအနှုန်းတွေ ပါဝင်ပါတယ်

      "လုပ်ကြပါအုံး။ ကျမတို့နေတဲ့မြောက်ဒဂုံ‌ ငမိုးရိပ်ချောင်းထဲကနေ ဘင်ဂါလီတွေအယောက် 100 ကျော် ခု ည 10:30 သင်္ဘောနဲ့အပြည့်တက်လာတယ်။ အခု ဒီဘက်ကမ်းနဲ့နယ်ခံတွေကလဲ ဒီဘက်တက်လာရင်ရိုက်ဖို့တုတ်တွေနဲ့ စောင့်နေကြတယ်။ ဟိုဘက်ကမ်းကလဲ ဆူညံ့အော်ဟစ်နေတာပဲ သူတို့ချောင်ပိတ်မိပြီး ရေနစ်တဲ့သူကနစ်နဲ့ ဒီကလူတွေကကြက်သီးတွေထနေပြီ တက်လာခဲ့ရင် ကိုယ်‌တို့နေတဲ့ခြံက အရင်ဆုံးပဲ။ ရဲကားတွေအခုရောက်နေပေမယ့် ရဲတွေလဲမဖမ်းရဲဘူးဖြစ်နေတယ်။ သူတို့က လေးဂွ တွေနဲ့ပစ် စိမ်ခေါ်နေကြလို့ပါ။" လို့ ရေးတင်ခဲ့ပါတယ်။

      အဲ့ဒီပို့စ်နဲ့အတူ အမှောင်ထဲမှာလူတွေအော်ဟစ်ဆူညံနေတဲ့ ဗီဒီယိုဖိုင်နှစ်ခုကိုပါတွဲတင်ထားခဲ့ပါတယ်။ ဒါပေမယ့်ဗီဒီယိုဖိုင်ဟာ ခပ်လှမ်းလှမ်းက ရိုက်ထားတဲ့ပုံစံဖြစ်သလို ပို့စ်ပိုင်ရှင်ရေးသားထားတဲ့ ဘင်္ဂါလီတစ်ရာလောက်နဲ့ သင်္ဘော ဆိုတာတွေကိုတော့ မြင်တွေ့ရတာမရှိပါဘူး။

      ဒီသတင်းအမှား ဟာ ၁ နာရီ အတွင်းမှာ တဆင့်ပြန်လည်ဝေမျှသူ ၃ ထောင်ကျော်ရှိခဲ့ပါတယ်။

      May Yoon Eaint ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ ဒီသတင်းအမှားကို ၁ နာရီခန့်အကြာမှာ ပြန်လည်ဖြုတ်ချခဲ့ပြီး ည ၁၂ နာရီ ၃၂ မိနစ်မှာ နောက်ထပ် Video တစ်ပုဒ်ထပ်တင်ပြီး ပထမတင်ခဲ့တဲ့ သတင်းအပေါ် လုပ်ကြံပြီးတင်ခဲ့တာမဟုတ်ဘူး လို့ ရေးသားထားပါတယ်။

      ဒါ့အပြင် "ဘင်ဂါလီဆိုတာ သာ မျက်စေနဲ့မမြင်ရပေမယ့် တကယ့် ဝုန်းဝင်းဆန်ခတ်နဲ့ ဘဂ်လီတွေ တက်လာကြပါတယ်ဆိုတာကို အော်ပြေးတာ ကြားရတာပါ" (မူရင်းစာလုံးပေါင်းသတ်ပုံအတိုင်းဖေါ်ပြထားခြင်းဖြစ်သည်) လို့ ထပ်မံရေးသားခဲ့ပါတယ်။

      ဒါ့အပြင် နောက်ထပ် ဖေ့စ်ဘွတ်အကောင့်တစ်ခု ဖြစ်တဲ့ Pth Marid ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က "အရေးကြီး သတင်းပါ။ သင်္ဃန်းကျွန်းမြို့ ငမိုးရိပ်ချောင်းမှာ သင်္ဘောဖြင့် ခိုးဝင်နေကြသည်။ စီမံကိန်း တလျှောက် လူဦးရေ ၂ဝဝ ကျော် ဒုတ်ဓါးများနှင့် ဖမ်းဆီးနေကြသည်။ ရောဂါကြောင့် ပြေးလာတာလား။ ငါတို့နိုင်ငံကို ဒုက္ခမပေးကြပါနဲ့။ သေချာတာက သူတို့ထဲ လက်နတ်အချို့ ပါဝင်ကြသည်" လို့ ရေးသားထားပါတယ်။


      ဒီသတင်းအမှားတွေအပြင် မေသပြေဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ငမိုးရိပ်ချောင်း တောင်ဥက္ကလာနဲ့ မြောက်ဒဂုံကြား မှာ ဓါးပြတွေ ဝင်လာလို့ မြို့နယ် ၂ ခုက ပိတ်ဖမ်းနေတယ်လို့ ရေးသားပြီး သတင်းအမှား ထပ်ဖြန့်ထားပါတယ်။ ဒီ သတင်းအမှားကို တဆင့်ပြန်လည်ဝေမျှသူ ပေါင်း ငါးထောင်ကျော်ရှိနေပါတယ်။


      ဒီသတင်းအမှားတွေအပြင် ရပ်ကွက်ထဲ ကောလဟာလတွေ ဖြန့်ဝေမှုတွေကြောင့် လူစုလူဝေးမှုတွေ ဖြစ်ခဲ့ပြီး မြစ်အတွင်း က စက်လှေတွေပေါ်က လေးခွနဲ့ စတင်ပစ်ခတ်လို့ ခဲနဲ့ ပြန်လည်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ရေးသားမှုတွေလည်း တွေ့ရပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီသတင်းကို ဆန်းစစ်ဖို့ Boom Myanmar က တောင်ဥက္ကလာပ မြို့နယ်က တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) က ဦးမိုးမြင့်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ဖေ့စ်ဘွတ်ပေါ်မှာ တက်နေတဲ့ ကောလဟာလတွေနဲ့ ပက်သက်ပြီး မဟုတ်ဘူးလို့ ဆိုပါတယ်။

      "ဖြစ်စဉ်ကတော့ တချို့ လိုင်းပေါ်မှာ တက်နေတဲ့ ဘင်္ဂါလီတို့ ဆိုတာ မဟုတ်ပါဘူးခင်ဗျ။ လူတွေက အထင်အမြင်မှားနေတာ။ ကျနော်တို့ ငမိုးရိပ်ချောင်း ဘက်မှာ စီမံကိန်း ၁ တာရိုး မြစ်ခွဲ လက်တက်လေးမှာ ကျောက်စလစ်တွေ ထုတ်တဲ့ လုပ်ငန်းတွေလုပ်တယ်။ သဲတွေဘာတွေ ယက်ပြီးတော့ သဲတွေ စုပ်တယ်။ ပိုက်လုံးတွေ တပ်ပြီးတော့ မော်တာစက်တွေနဲ့ စုပ်တယ်။ ဒါပေမယ့် လုပ်တဲ့သူ အများစုကတော့ တရားဝင် လိုင်စင်ချထားတဲ့ သူတွေက နေ့ခင်းဘက်တို့ ဘာတို့ပဲ လုပ်ကြတာပေါ့။ ညဘက်ကျတော့ လုပ်ငန်းသိမ်းတယ်။ ဒါပေမယ့် မနေ့က သဲ က ကျနော်ထင်တာပေါ့နော် ညဘက် သဲခိုးစုပ်တယ် ထင်ပါတယ်။ ညဘက် သမ္ဗန် ၂ ထပ်ရပ်ပြီး သဲခိုးစုပ်တော့ ပိုက်တွေဘာတွေ ရေထဲချရတာပေါ့။ ဒီလိုမျိုး သမ္ဗန်ပေါ် ပါလာတဲ့သူက ရေထဲဆင်းတော့…. ဒါကို မီးရောင်တွေ့တော့ ဘင်္ဂါလီတွေ တက်လာပါပြီဆိုပြီးတော့ အုတ်အော်သောင်းနင်းတွေနဲ့ ဟိုပြေး ဒီပြေး ….. ပြီးတော့ ချောင်းနားမှာ လူစုလူဝေးတွေ ဖြစ်ကုန်တာ။ ဒါပါပဲ။ ထွေထွေထူးထူး ဘာမှ မရှိပါဘူး။ နောက်ပြီး ဒီလမ်းကြောင်းကလည်း ဘင်္ဂလားဒေ့ချ်က တက်လာရမယ့် လမ်းကြောင်းလည်း မဟုတ်ဘူး။ ဒီချောင်းကို လာစရာ အကြောင်းလည်း မရှိဘူး။ ဒီဘက်ရောက်ဖို့ဆိုတာ တော်ရုံ နယ်မြေလုံခြုံရေးကို ထိုးဖောက်ပြီးတော့ ဝင်လာရမယ့် ပုံစံကြီးလေ။ ဒီအထိ ရောက်လာဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး" လို့ တော်ဥက္ကလာပ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ဆိုပါတယ်။



      Tags

      fake newsBoat people in RakhineBangali
      Read Full Article
      Claim :   ရန်ကုန်တိုင်း ငမိုးရိပ်ချောင်းအတွင်း ညဘက် သဲစုပ် သမ္ဗန် ၂ စင်းဝင်ရောက်လာမှုအပေါ် ဘင်္ဂလီတွေ စက်လှေနဲ့ ဝင်ရောက်လာတယ်လို့ သတင်းအမှား ဖြန့်ဝေမှုတွေကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  Facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!