BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုဗစ်ဟာ ဘက်တီးရီးယားသာဖြစ်ကြောင်း၊...
သတင်းအတု

ကိုဗစ်ဟာ ဘက်တီးရီးယားသာဖြစ်ကြောင်း၊ 5G ကြောင့်လူတွေသေဆုံးနေကြောင်း ရေးသားတဲ့ သတင်းအမှားတွေ

COVID -19 ရောဂါဟာ ဗိုင်းရပ်စ်မဟုတ်ပဲ ဘက်တီးရီးယားတစ်မျိုး ဖြစ်ကြောင်းနဲ့ 5G အင်တာနက် ဓါတ်ရောင်ခြည်ကြောင့် လူတွေ သေဆုံးနေရကြောင်း လူမှုကွန်ရက်တွေေပေါ်မှာရေးသားဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  19 Oct 2020 7:11 PM IST
  • ကိုဗစ်ဟာ ဘက်တီးရီးယားသာဖြစ်ကြောင်း၊ 5G ကြောင့်လူတွေသေဆုံးနေကြောင်း ရေးသားတဲ့ သတင်းအမှားတွေ

    ဒီလိုရေးသားထားတဲ့သတင်းအမှားတွေဟာ အောက်တိုဘာလ အစောပိုင်းက စတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး ဖြန့်ဝေရာမှာ "တကမ္ဘာလုံးဆိုင်ရာ တရုတ်လိမ်လည်မှုကြီး.. အီတလီသည် Covid-19ဖြင့် သေဆုံးသော လူသေအလောင်းကို ခွဲစိတ်စစ်ဆေးခြင်း ( postmortem ) ကိုပထမဆုံး ပြုလုပ်သောနိုင်ငံကြောင်း၊ ကျယ်ပြန့်သော စုံစမ်းစစ်ဆေးမူ့များအရ Covid-19 သည် ဗိုင်းရပ်စ် အဖြစ် မတည်ရှိဘဲ လူများသည် "Amplified Global 5G Electromagnetic Radiation (အဆိပ်)" ကြောင့်သေနေရခြင်းဖြစ်ကြောင်း၊ အီတလီဆရာဝန်များက WHO ရဲ့ ဥပဒေကို ချိုးဖောက်ကာ လူသေအလောင်းများအား ခွဲစိတ်ကုသပြီး သိပ္ပံနည်းကျစုံစမ်းစစ်ဆေးခဲ့ရာ ၎င်းသည် ဗိုင်းရပ်စ် မဟုတ်ပဲ လူ ကိုသာ သေစေနိုင်သော ဘက်တီးရီးယားတစ်မျိုး ဖြစ်ကြောင်း၊ တရုတ်သည် ယင်းအကြောင်းကို ကြိုသိထားသော်လည်း သတင်းထုတ်ပြန်ခြင်း မရှိကြောင်းနဲ့ ရောဂါခံစားရပါက Asprin-100mg * နှင့် * Apronicus ( သို့မဟုတ် ) Paracetamol 650mg * ကိုသာ သောက်သင့်ကြောင်း" ရေးသားဖြန့်ဝေ နေတာပါ။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လေ့လာဆန်းစစ်မှုအရ ဒီရေးသားဖြန့်ဝေနေမှုတွေဟာ အချက်အလက်အကိုးအကား ခိုင်လုံမှုမရှိတဲ့ မှားယွင်းတဲ့ အကြောင်းအရာ သာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာဟာ ဧပြီလ အစောပိုင်းကတည်းက လူမှုကွန်ရက်တွေပေါ်မှာ ဘာသာစကား အမျိုးမျိုးနဲ့ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး လူသိများတဲ့ ဘီဘီစီ ၊ Independent နဲ့ The Verge သတင်းဌာန တွေအပြင် သတင်းမှားတွေကို Fact checking လုပ်ဆောင်နေတဲ့ အင်္ဂလန်အခြေစိုက် Fullfact သတင်းဌာနတွေက သတင်းစိစစ်ထားပြီး ဖြစ်တာတွေ့ရပါတယ်။ BOOM အနေနဲ့ အဆိုပါ မီဒီယာကြီးတွေ စိစစ်ထားတဲ့ သတင်းတွေထဲက ကိုက်ညီတဲ့ အချက်တွေကို ကောက်နှုတ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။အထက်ပါသတင်းမီဒီယာကြီးတွေမှာ ဖော်ပြခဲ့တဲ့ မူရင်းသတင်းတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ပထမအချက်- အီတလီသည် Covid-19ဖြင့် သေဆုံးသော လူသေအလောင်းကို ခွဲစိတ်စစ်ဆေးခြင်း ( postmortem ) ကိုပထမဆုံး ပြုလုပ်သောနိုင်ငံဖြစ်သည်။

    ဆန်းစစ်ချက် - COVID -19 နဲ့ သေဆုံးခဲ့တဲ့ လူသေအလောင်းကို ပထမဆုံး ခွဲစိတ်စစ်ဆေးခြင်း လုပ်ခဲ့တာ အီတလီနိုင်ငံ မဟုတ်ပါ။ တရုတ်နိုင်ငံ ဝူဟန်က မှုခင်းပညာရှင်သိပ္ပံပညာရှင်တွေက ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ (အီတလီနိုင်ငံမှာ ပထမဆုံး ကိုဗစ်ရောဂါနဲ့ သေဆုံးမှု ဖေဖေါ်ဝါရီ ၂၁ ရက် မတိုင်မီ) ကတည်းက ပြုလုပ်ခဲ့တာပါ။

    ဒုတိယအချက် - စုံစမ်းစစ်ဆေးမူ့များအရ Covid-19 သည် ဗိုင်းရပ်စ် အဖြစ် မတည်ရှိဘဲ လူများသည် "Amplified Global 5G Electromagnetic Radiation (အဆိပ်)" ကြောင့်သေနေရခြင်းဖြစ်သည်။

    ဆန်းစစ်ချက် - မိုဘိုင်းဖုန်းများသည် အထိုင်နေရာ တခု၊ ပုံသေအင်တင်နာကွန်ယက်တစ်ခုမှ တဆင့်ရေဒီယိုလှိုင်းတွေကို ထုတ်လွှင့်ဆက်သွယ်တာ ဖြစ်ပါတယ်။ ရေဒီယိုကြိမ်နှုန်း လှိုင်းတွေက လျှပ်စစ်သံလိုက်စက်ကွင်းတွေ ဖြစ်ပြီး ဓာတ်မှန်ရိုက်တာလိုမျိုး ionizing ဓါတ်ရောင်ခြည်နဲ့ မတူပါဘူး။ သူက လူ့ခန္ဓာကိုယ်အတွင်းမှာ ဓာတုဗေဒကျိုးပျက်ခြင်းလို အိုင်းယွန်းဓာတ်မဖြစ်စေနိုင်ပါ။

    ဆိုလိုသည်မှာ ဒီရေဒီယိုလှိုင်းများသည် ionized မဟုတ်သောကြောင့် သူတို့သည်ဆဲလ်အတွင်းရှိ DNA ကိုမပျက်စီးစေနိုင်ပါ။


    ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က မိုဘိုင်းဖုန်းနဲ့ ကျန်းမာရေးဆိုပြီး သုတေသနပြုလုပ်ထားချက်အရ လက်ကိုင်ဖုန်းများသည် ကျန်းမာရေးအတွက် အန္တရာယ်ရှိမရှိကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထဲက ဆန်းစစ်လေ့လာခဲ့ရာမှာ ယနေ့တိုင် မိုဘိုင်းဖုန်းအသုံးပြုခြင်းကြောင့် ကျန်းမာရေးထိခိုက်ပါတယ်ဆိုတဲ့ အချက် မတွေ့ရှိရသေးဘူးလို့ ကြေငြာထားပါတယ်။ ဒီနေရာ မှာ အသေးစိတ်ကြည့်ရှု့နိုင်ပါတယ်။

    ဘီဘီစီ သတင်းဌာနက သတင်းဆန်းစစ်ချက်ပြုလုပ်ထားရာမှာလည်း ပဉ္စမမြောက်မျိုးဆက် 5G အင်တာနက်ကွန်ယက်မှာ ပါတဲ့ ရေဒီယိုလှိုင်းတွေက အလွန်သေးငယ်တဲ့အတွက် လူရဲ့ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်နိုင်လောက်တဲ့ အားမရှိဘူးလို့ ရေးသားဖော်ပြထားပါတယ်။


    တတိယအချက် - အီတလီဆရာဝန်များက WHO ရဲ့ ဥပဒေကို ချိုးဖောက်ကာ လူသေအလောင်းများအား ခွဲစိတ်ကုသပြီး သိပ္ပံနည်းကျစုံစမ်းစစ်ဆေးခဲ့သည်။

    ဆန်းစစ်ချက် - Fullfact သတင်းဌာနမှာ ဖော်ပြချက်အရ လူသေအလောင်းများခွဲစိတ်ကုသမှု မပြုလုပ်ခဲ့ကြောင်းနဲ့ WHO က လူသေအလာင်းများ စီမံခန့်ခွဲခြင်းနှင့် Covid-19 ရောဂါနဲ့ သေဆုံးသူလူနာတွေ ခွဲစိတ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို မတ်လ ၂၄ ရက် က ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း ရေးသားထားပါတယ်။ အီတလီဆရာဝန်တွေအနေနဲ့ လူသေအလောင်း ခွဲစိတ်စစ်ဆေး ကြတာတော့ လုပ်ခဲ့ကြပါတယ်။


    WHO ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    စတုထ္ထအချက် - ရောဂါခံစားရပါက Asprin-100mg * နှင့် * Apronicus ( သို့မဟုတ် ) Paracetamol 650mg * ကိုသာ သောက်သင့်ကြောင်း။

    ဆန်းစစ်ချက်- Aspirin ဆေးကို Covid-19 အတွက် ထိရောက်တဲ့ ကုသဆေးအဖြစ် သက်သေပြထားချက် မရှိသေးပေမယ့် လေ့လာမှုပြုလုပ်ချက် တစ်ချက်တော့ တွေ့ရှိရပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့ပါ။

    'Apronax' ဆေးက ဂေါက်ရောဂါဖြစ်နေသူတွေမှာ ရှိတတ်တဲ့ ရာင်ရမ်းခြင်းလိုမျိုးကိုလျော့နည်းစေသည်။ ဒီဆေးကို Covid-19 ရောဂါကုသဘို့ အကြံပြုထားခြင်း မှရှိသေးပေမယ့် ပြင်သစ်နိုင်ငံမှာတော့ စမ်းသပ်နေတာရှိပါတယ်။

    Paracetamol သည် Covid-19 ကုသဘို့ လုပ်ထားတဲ့ ဆေးမဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို ရောဂါသက်သာဘို့အတွက်တော့ အသုံးပြုနိုင်ပါတယ်။



    Tags

    coronavirus and 5GAUTOPSYGlobal Scampost-mortems5G Electromagnetic Radiationmicrowavesvisible lightX-raysionizedမိုဘိုင်းဖုန်း5G အင်တာနက်ကွန်ယက်
    Read Full Article
    Claim :   COVID -19 ရောဂါဟာ ဗိုင်းရပ်စ်မဟုတ်ပဲ ဘက်တီးရီးယားတစ်မျိုး ဖြစ်ကြောင်းနဲ့ 5G အင်တာနက် ဓါတ်ရောင်ခြည်ကြောင့် လူတွေ သေဆုံးနေရကြောင်း လူမှုကွန်ရက်တွေေပေါ်မှာရေးသားဖြန့်ဝေမှုတွေအပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!