BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပြုပြင်ဖန်တီးထားတဲ့ ကမ်လာဟဲရစ်နဲ့...
သတင်းအတု

ပြုပြင်ဖန်တီးထားတဲ့ ကမ်လာဟဲရစ်နဲ့ အဆိုတော် Diddy တို့ပါဝင်တဲ့ ဓါတ်ပုံ

အမေရိကန် ဒုတိယသမ္မတ ကမ်မလာဟဲရစ်နဲ့ ရပ်အဆိုတော် Diddy တို့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  22 Sept 2024 9:12 PM IST
  • ပြုပြင်ဖန်တီးထားတဲ့ ကမ်လာဟဲရစ်နဲ့ အဆိုတော် Diddy တို့ပါဝင်တဲ့ ဓါတ်ပုံ

    မကြာသေးမီက လိင်ကျွန်ပြုမှုနဲ့ တရားစွဲဆို ဖမ်းဆီးခံလိုက်ရတဲ့ ရပ်အဆိုတော် Diddy က အမေရိကန် ဒုသမ္မတ ကမ်မလာဟဲရစ်ရဲ့ ခါးကိုဖက်ပြီး ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ပုံကို လူမှုကွန်ယက်စာမျက်နှာတွေပေါ် ဖြန့်ဝေထားကြပါတယ်။ ဒီဓါတ်ပုံအတုကို စက်တင်ဘာလ ၁၈ ရက်နေ့ခန့်မှာ ဖြန့်ထားကြတာဖြစ်ပြီး ဓါတ်ပုံထဲမှာ Diddy က အလယ်မှာဖြစ်ကာ ဘေးတစ်ဖက်တစ်ချက်မှာ ကမ်မလာဟဲရစ်နဲ့ Ashley William တို့ပါဝင်နေပါတယ်။

    မူရင်းဖြန့်ဝေမှုတွေကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ ဓါတ်ပုံနဲ့ ဖြန့်ဝေထားတဲ့ သတင်းအမှားကို လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖြန့်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    မကြာသေးမီက လိင်ကျွန်ပြုမှုနဲ့ တရားစွဲဆို ဖမ်းဆီးခံလိုက်ရတဲ့ ရပ်အဆိုတော် Diddy က အမေရိကန် ဒုသမ္မတ ကမ်မလာဟဲရစ်ရဲ့ ခါးကိုဖက်ပြီး ရိုက်ကူးထားတဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Photoshop နဲ့ ပြုပြင်ထားတဲ့ ပုံဖြစ်တာကို တွေ့ရပါတယ်။

    မူရင်းဓါတ်ပုံရဲ့ အလယ်မှာ ရှိနေသူဟာ ရပ်အဆိုတော် Diddy မဟုတ်ပါဘူး။ Talk Show တွေကို Host အဖြစ် လက်ခံကျင်းပပေးတဲ့ Montel Williams ဖြစ်ပြီး ၎င်းဓါတ်ပုံထဲမှာ ကမ်မလာဟဲရစ်နဲ့ အတူရှိနေသူဟာ Montel Williams ရဲ့ သမီးဖြစ်သူ Ashley Williams ဖြစ်ပါတယ်။

    အဆိုပါ ဓါတ်ပုံဟာ ၂၀၂၁ ခုနှစ် မေလ ၁၈ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ စန်ကျူရီမြို့ Century ပလာဇာမှာ ကျင်းပခဲ့တဲ့ ပွဲမှာ တက်ရောက်လာတဲ့ ဓါတ်ပုံဖြစ်ပြီး Getty Images က ရိုက်ကူးထားခဲ့တဲ့ ဓါတ်ပုံဖြစ်ပါတယ်။

    Getty Images က ရိုက်ကူးထားခဲ့တဲ့ မူရင်းဓါတ်ပုံကို ဒီနေရာမှာ ကြည့်ပါ။




    Tags

    Fake newsEdited photoKamala HarrisDiddyUS Electionပြုပြင်ဖန်တီးထားဓါတ်ပုံသတင်းအတု
    Read Full Article
    Claim :   အမေရိကန် ဒုတိယသမ္မတ ကမ်မလာဟဲရစ်နဲ့ ရပ်အဆိုတော် Diddy တို့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတစ
    Claimed By :  Threads, X, Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!